Knowledge | Posted by Zarni Kyaw
📌 အမိုးဧရိယာ တွက်တဲ့အခါ အဓိကကတော့ အမိုးမိုးမဲ့ ခေါင်မိုးရဲ့ Projection Area ကိုသိဖို့ လိုအပ်ပါတယ်၊ Projection Area ဆိုတာက အမိုးအနားတွေ ရေးဆွဲထားတဲ့ မြေကြီးပေါ်က အတိုင်းအတာဧရိယာဖြစ်ပြီးတော့ ရေပြင်ညီ ဧရိယာလို့လည်း တချို့ကခေါ်ကြပါတယ်။
ဥပမာ။ ။ ပေ ၂၀ ပေ ၃၀ အဆောက်အဦး အတွက် အမိုး ၂ ပေခွဲ လိုအပ်မည်ဆိုပါက အမိုးရဲ့ Projection Area က ၂၄ ပေ ၃၄ပေ = ၈၁၆ စတုရန်းပေ ရှိပါတယ်။
(Floor Plan ရှိရင် တွက်ချက်ရ ပိုပြီးတော့ လွယ်ကူပါတယ်)
📌 နောက်ထပ် ခေါင်မိုးနဲ့ ပတ်သက်ပြီး သိထားရမဲ့ အချက်အလက်တွေကတော့ Roof Pitch, Degree နှင့် Slope Factor တို့ပဲဖြစ်ပါတယ်။
📌 Roof Pitch ဆိုတာက ခေါင်မိုးရဲ့ အစောင်းကို ပြင်ညီ ၁၂လက်မမှာ အစောင်း ဘယ်နှစ်လက်မ တတ်သွား သလဲဆိုတာ ကို သတ်မှတ်ခြင်း ဖြစ်ပါတယ်။
ဥပမာ။ ။ 1:12,2:12,3:12,....... စသဖြင့်
📌 Trigonometry အရ ပြင်ညီ အလျားက Adjacent နီးစပ်အနား ခေါင်အမြင့်က Opposite မျက်နှာချင်းဆိုင် အနားဖြစ်ပါတယ်၊ အသုံးများတဲ့ 22.5 Degree တို့ 30 Degree တို့ဆိုတာတွေက 5:12 နှင့် 7:12 တွေပဲဖြစ်ပါတယ်။
📌 O A O A H H H H A O A O သီအိုရီဆိုအရ 5:12 သည် မျက်နှာချင်းဆိုင်ထောင့် ၂၂.၅ ဒီဂရီ လောက် ရပါတယ်၊ ထို့အတူ 7:12 သည်လည်း Calculator မှာ SHIFT >tan-1 နှင့် 7/12 ကို လျာလိုက်ရင် ၃၀ ဒီဂရီလောက် ရပါတယ်၊ ဒါတွေကတော့ ခေါင်မိုးရဲ့ စောင်းထောင့် Degree တွေပဲဖြစ်ပါတယ်။
📌 နောက်ထပ်လိုအပ်တာကတော့ Slope Factor ဖြစ်ပါတယ်၊ ရေပြင်အညီ ဘယ်လောက်ရှိရင် ခေါင်မိုးစောင်း ဘယ်လောက်ရှိသလဲဆိုတဲ့ မြောက်ဖော်ကိန်း ကို Slope Factor လို့ခေါ်ပါတယ်။
📌 ထောင့်မှန်ခံအနားကို နီးစပ် အနားနှင့် စားခြင်းဖြင့် Secant အချိုးရပါတယ်၊ Secant ဆိုတာက Cosine နှင့် Reciprocal ဖြစ်ပါတယ်၊ Reciprocal ဆိုသည်မှာ ၁ ကို အဲဒီ့ တန်ဖိုးနှင့် စားခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်၊ Calculator အရ ဆိုလျှင် Cosine ရဲ့ Reciprocal ရှာရပါတယ်။
ဥပမာ။ ။ ခေါင်မိုး အစောင်း ၃၀ ဒီဂရီ မှာ Roof Projection Area က 816 sq.ft ရှိတယ်ဆိုရင် cos 30 က 0.866 ဖြစ်ပါတယ်။
📌 Secant 30 လိုချင်ရင်တော့ cos 30 ရဲ့ Reciprocal အပြန် အလှန် ကိန်းက 1.1547 ရပါမယ်၊ အခု တွက်ထားပေးတာကတော့ 30 Decreer Slope Roof ရဲ့ Slope Factor ပဲဖြစ်ပါတယ်၊ 8181.1547 = 942.2356 sq.ft ရတဲ့ အမိုးစောင်း ဧရိယာကို Yellow Book မှာ ကြည့်လိုက်လျှင် အမိုးပြား၊ အမိုးရိုက်သံ၊ လက်သမားနှင့် အလုပ်သမား စတာတွေကို ရပါလိမ့်မယ်။
📌 အသုံးများတဲ့ အမိုးတွေကတော့ Gable Roof မြင့်မိုရ်ပိတ်ပါတဲ့ ၂ ဖက်ချ ခေါင်နှင့် Hip Roof လေး ဘက်ချ ခေါင်တို့ဖြစ်ပါတယ်၊ Gable ဖြစ်ဖြစ် Hip ပဲဖြစ်ဖြစ် ပုံစံမတူပေမဲ့ ခေါင်းမိုး Pitch (သို့မဟုတ်) Degree တူလျှင် ဧရိယာ အတူတူပဲဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: original writer