Lethal Weapon ဖြင့် ကမ္ဘာကျော်ခဲ့သူ ဟောလိဝုဒ် သရုပ်ဆောင် ဒါရိုက်တာ မဲလ်ဂစ်ဘ်ဆင်၏ လော့စ်အိန်ဂျလိနေအိမ် ဈေးလျှော့ကာ အရောင်းဈေးကွက်ပြန်တင်

Lethal Weapon ဖြင့် ကမ္ဘာကျော်ခဲ့သူ ဟောလိဝုဒ် သရုပ်ဆောင် ဒါရိုက်တာ မဲလ်ဂစ်ဘ်ဆင်၏ လော့စ်အိန်ဂျလိနေအိမ် ဈေးလျှော့ကာ အရောင်းဈေးကွက်ပြန်တင် - Property News in Myanmar from iMyanmarHouse.com
4 Apr 2019 11:09 am တွင် တင်ခဲ့သည်
988 ကြိမ် ကြည့်ရှု့ပြီး

မဲလ်ဂစ်ဘ်ဆင်သည် အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦးဖြစ်ပြီး အမည်ရင်းမှာ မဲလ် ကွမ်စီလီ ဂျရတ်ဒ် ဂစ်ဘ်ဆင်ဖြစ်ပြီး နယူးယောက်မြို့တွင် ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် မွေးဖွားသည်။

Lethal Weapon ဇာတ်လမ်းတွဲဖြင့် ကမ္ဘာကျော်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် Braveheart ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာအဖြစ် အော်စကာဆုရရှိခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည့် သမိုင်းဖြစ်ရပ်မှန်အခြေခံ Hacksaw Ridge ဇာတ်ကားသည် အကောင်းဆုံး အသံဆု နှင့် အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုတို့ ရရှိခဲ့သည်။

တည်နေရာ-ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်

ဈေးနှုန်း-ကန်ဒေါ်လာ ၁၄ ဒသမ ၄၉၅ သန်း

အကျယ်အဝန်း-၆၅၇၈ စတုရန်းပေ

ဖွဲ့စည်းမှု- အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း၊ ဧည့်သည်များ တည်းခိုရန်အခန်း

ယခုအခါ မဲလ်ဂစ်ဘ်ဆင်သည် ကမ္ဘာကျော်များ စုဝေးအခြေချနေထိုင်ကြရာ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်ရှိနေအိမ်ကို ကန်ဒေါ်လာ ၃၅၀၀၀၀ ခန့် ဈေးနှုန်းလျှော့ချပေးလာပြီး ၁၅ သန်းဝန်းကျင်ခန့်ဖြင့် ပြန်လည်ဈေးကွက်တင်လာသည်။

အဆိုပါစံအိမ်သည် အရောင်းဈေးကွက်သို့ ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် စတင်ရောက်ရှိခဲ့ပြီး ရောင်းမထွက်ခဲ့ဘဲ ဈေးကွက်တွင် ဝင်ချည်ထွက်ချည် ဖြစ်နေခဲ့သည်။

ခြံအကျယ်အဝန်း ၅ ဒသမ ၅ ဧက နီးပါးရှိသော အဆိုပါစံအိမ်ကို မဲလ်ဂစ်ဘ်ဆင်က ၂၀၀၈ ခုနှစ်၊ ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ရောင်းချခဲ့သူမှာ ရုပ်ရှင်သရုပ်ဆောင် ဒေးဗစ် ဒျူချော့ဗ်နီနှင့် တီး လီယိုနီတို့ ဖြစ်ကြသည်။

နေအိမ်အကျယ်အဝန်း စတုရန်းပေ ၆၆၀၀ ခန့်ရှိပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်သည်။

ကား ၃ စင်းဆန့် ကားဂိုဒေါင်၏ အပေါ်ထပ်တွင် ဧည့်သည်များတည်းခိုရန် (သို့မဟုတ်) ဝန်ထမ်းများ နေထိုင်ရန်အတွက် နေရာလည်း ထည့်သွင်းပေးထားသည်ဟု ဆိုသည်။

မီးဖိုဆောင်နှင့် မိသားစုနားနေခန်း ဆက်သွယ်ပေးထားပြီး နားနေခန်းတွင် မြေနီရောင်အုပ်ကြွပ်ကြမ်းခင်းများ ခင်းကျင်းပေးထားကာ မီးလင်းဖို၏ တစ်ဖက်တစ်ချက်စီတွင် ပြင်သစ်တံခါးများတပ်ဆပ်ပေးထားရာ ပင်လယ်ရှုမျှော်ခင်းနှင့် ဆည်းဆာချိန်အလှများကို ကြည့်ရှုနိုင်မည့် လသာဆောင်သို့ ရောက်ရှိမည် ဖြစ်သည်။

မဲလ်ဂစ်ဘ်ဆင်၏ အိမ်ခြံမြေလှုပ်ရှားမှုသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ယခင်ကလည်း တင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက...

https://www.imyanmarhouse.com/news/read/613888

https://www.imyanmarhouse.com/news/read/641702

https://www.imyanmarhouse.com/news/read/646051

https://www.imyanmarhouse.com/news/read/710477

အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service