အိမ်ပိုင်ရှင်များအနေဖြင့် အိမ်အပြင်အဆင်နှင့် ပက်သက်ပြီးသတိထားသင့်သည့် အချက်များ

အိမ်ပိုင်ရှင်များအနေဖြင့် အိမ်အပြင်အဆင်နှင့် ပက်သက်ပြီးသတိထားသင့်သည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
26 Mar 2019 1:02 pm တွင် တင်ခဲ့သည်
2133 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အိမ်ပိုင်ရှင်တွေအနေနဲ့ အိမ်အပြင်အဆင်တွေနဲ့ ပက်သက်ပြီးတော့ ပြုပြင်သင့်၊ မပြုသင့်အချက်တွေကိုသိထားသင့်တဲ့ အချက်တွေရှိကြောင်း သိရပါတယ်။ အိမ်ပိုင်ရှင်အများစုက မိမိနေအိမ်ကို ကိုယ်ပိုင်ခံစားချက်တွေနဲ့ ကိုက်ညီအောင် အချိန်ပေးပြီး တီထွင်မှုဆန်းသစ်တဲ့ ဒီဇိုင်းတွေ ပြင်ဆင်ကြပါတယ်။

ပြန်ရောင်းချမယ့် အိမ်တွေကို စိတ်တိုင်းကျပြင်ဆင်တာက ကုန်ကျစရိတ်ပါများသွားပြီးတော့ ပြန်ဝယ်မယ့်သူအတွက်လည်း အကြိုက်မတွေ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဝယ်သူတွေအတွက်လည်း သူတို့နေထိုင်တဲ့အခါ သဟဇာတဖြစ်စေမယ့် အိမ်ပုံစံတွေကို ပြောင်းလဲချင်မှာဖြစ်ပြီး ပြုပြင်ရာမှာ သတိထားသင့်ပါတယ်လို့ ဆိုင်ရာလုပ်ငန်းရှင်က သိရပါတယ်။

အလွန်အကြူးမပြင်ပါနဲ့

အိမ်ခန်းကို ဈေးတင်ရောင်းလိုတဲ့အခါ အိမ်တွေကို အလွန်အကြူး ပြင်ဆင်ကြတာ ရှိတယ်။ ဒါပေမဲ့ ဝယ်သူတွေအနေနဲ့လည်း အိမ်သစ်ဝယ်ရင် စိတ်တိုင်းကျ ပြုပြင်လိုတဲ့ ခံစားချက်တွေ ရှိပါတယ်။ ဒါ့အပြင် ပြန်ရောင်းမယ်ဆိုတဲ့အခါ နံရံကပ်ပိုစတာတွေ၊ အလွန်အမင်းခြယ်မှုန်းထားတဲ့ ရေချိုးခန်းနံရံကြွေပြားတွေနဲ့ ပုံမှန်မဟုတ်တဲ့အိမ်တွင်း အပြင်အဆင်တွေကို ဖြုတ်သိမ်းသင့်ပါတယ်။

ခြံဝင်းတွေကို မမေ့ပါနဲ့

အိမ်ရှင်တွေဟာ အိမ်ခြံဝင်းကို ပြုပြင်ထိန်းသိမ်းဖို့ မေ့လျော့တတ်ပါတယ်။ ဒါကြောင့် ခြံဝင်းတွေဟာ ခြောက်ကပ်နေပြီဆိုရင် သာယာအောင်လုပ်ပေးသင့်ပါတယ်။

ဝယ်သူတွေနေရာက တွေးပါ

နှစ်ကာလရှည် အိမ်မှာနေထိုင်ပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ မပြုလုပ်ခြင်းဟာ ရောင်းဖို့ပြင်ဆင်တဲ့အခါ ကုန်ကျစရိတ်များပါတယ်။ ဒါကြောင့် အိမ်တွေကို အိမ်တွင်း လေအေး၊ လေသန့်စနစ်၊ ရေပိုက်စနစ်နဲ့ အမိုးနဲ့ ရေတံလျောက် သန့်ရှင်းရေးတွေကို ပြုလုပ်ပေးဖို့ လိုပါတယ်။ အခန်းတွေရဲ့ မီးအလင်းစနစ်တွေကို အခန်းနဲ့ကိုက်ညီအောင် တပ်ဆင်ထားဖို့ လိုပါတယ်။

အိမ်တွင်း Facilities များ

ဝယ်သူတွေဟာ အိမ်ဝယ်မယ်ဆိုရင် အိမ်ရဲ့ ရေပိုက်၊ အခန်းဖွဲ့စည်းမှု၊ အမိုးတွေရဲ့အပြင်အဆင်ကို အဓိကထားကြည့်ကြပါတယ်။ ဒါကြောင့် ရောင်းချသူတွေအနေနဲ့ အိမ်ရဲ့ ပင်မအချက်တွေကို ကြည့်ပြီး ဝယ်ယူတာကြောင့် တခြားအလှအပဆိုင်ရာတွေထက် ဦးစားပေးပြင်ဆင်သင့်ပါတယ်။ ဒါ့အပြင် အိမ်အတွက် လိုအပ်တဲ့ ဒီဇိုင်းတွေကို ပြန်ပေါင်းစပ်သင့်ပြီး ခေတ်စားနေတဲ့ စနစ်တွေထက် ရိုးရှင်းတဲ့ ဒီဇိုင်းတွေကသာ အရောင်းတည့်စေပါတယ်။

ဒါကြောင့် ရောင်းချဖို့ စဉ်းစားတဲ့အခါ ဒီဇိုင်းတွေ အနေအထားတွေ ထည့်သွင်းစဉ်းစားပြီးမှ အပြင်အဆင်တွေကို ရွေးချယ်သင့်ပါတယ်။အိမ်ကို အဆင့်မြှင့်တင်မှုတွေ၊ အဆောင်တိုးတွေ ဆောက်လုပ်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ သိပ်ပြီးကွဲပြားမထွက်နိုင်ဖို့ အရေးကြီးပါတယ်။ ပတ်ဝန်းကျင်နဲ့ တစ်သီးတခြားဖြစ်နေရင် ဝယ်သူတွေအနေနဲ့ အိမ်ကိုလာကြည့်တဲ့ခါ အမြင်တစ်မျိုး ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့အပြင် ခြံဝင်းအတွင်းမှာ ခြံဥယျာဉ်နဲ့ဆေးရောင်အသွင်အပြင်၊ ဒီဇိုင်းမျိုးစုံ ပြင်ဆင်ထားမှုက ပတ်ဝန်းကျင်နဲ့ အချိုးမကျဖြစ်နေရင် ရောင်းချတဲ့ ဈေးနှုန်းကို ထိခိုက်စေတတ်ပါတယ်။

 

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service