မြို့တွင်းခြောက်မြို့နယ် အိမ်ခြံမြေ အငှား ပိုသွက်လာ

မြို့တွင်းခြောက်မြို့နယ် အိမ်ခြံမြေ အငှား ပိုသွက်လာ - Property News in Myanmar from iMyanmarHouse.com
19 Dec 2018 12:35 pm တွင် တင်ခဲ့သည်
1496 ကြိမ် ကြည့်ရှု့ပြီး

မြို့တွင်း ခြောက်မြို့နယ်ရဲ့အိမ်ခြံမြေဈေးကွက်ကအခုလပိုင်းမှာ အငှားပိုသွက်လာတယ်လို့ သိရပါတယ်။

မြို့တွင်းပိုင်းတိုက်ခန်းတွေမှာ အဆောင်စုငှားတာတွေ၊ ရုံးခန်း တွေအတွက် ငှားတာတွေ ရှိပြီး တော့ တိုက်ခန်းဈေးနှုန်းတွေမှာ ကျပ်နှစ်သိန်းကစပြီးတော့ ငါးသိန်း၊ ရှစ်သိန်းလောက်အထိရှိပါတယ်။ မီနီကွန်ဒိုတွေမှာဆိုရင် ကျပ်၁၀သိန်းအထက်မှာ ရှိပြီး တော့ အငှားအဖြစ်ဆုံးက ကျပ်ငါးသိန်းအောက် ပိုအငှားဖြစ်နေတယ်လို့ သိရပါတယ်။

တိုက်ခန်းအငှားပိုင်းမှာဆိုရင် မြို့တွင်းဧရိယာတွေဖြစ်တဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း စတဲ့ မြို့နယ်တွေမှာ အဆောင်ငှားတာရော၊ တိုက်ခန်းရုံးခန်း အငှားတွေရော ဖြစ်နေပါတယ်။

“ဒီဇင်ဘာလအတွင်း တိုက်ခန်းအငှားပိုင်းမှာတိုးတက်လာတာ တွေ့ရပါတယ်၊ အဆောင်နေသူတွေက မြို့တွင်းမှာပိုများတယ် လေ၊ တချို့ဆိုရင် သူငယ်ချင်းတွေ စုပြီး တိုက်ခန်းစုငှားနေကြတယ်၊ အောက်တိုဘာလလောက်ဆိုရင် အငှားပိုင်းမှာ အနည်းငယ်လျော့ သွားတာမျိုးရှိတယ်၊ ဘာကြောင့်လဲဆိုရင် နယ်က တိုက်ခန်းစုငှားပြီး နေကြတာမှာဆိုရင် ကျောင်းသားတွေလဲရှိနေတော့ ကျောင်းပြန်တက်ရင် အခန်းအပ်ကြတာရှိတာကြောင့်  အငှားပိုင်းမှာ အနည်းငယ်လျော့ကျခဲ့တယ်”လို့ အိမ်ခြံမြေအကျိုးဆောင် ဒေါ်ပြည့်က ပြောပါတယ်။

လက်ရှိမှာ ကျောင်းသားတွေဆိုရင်လည်း ကျောင်းတက် ပြန်ရောက်တာတွေကြောင့်လည်း အငှားပိုင်း ပြန်ကောင်းလာခဲ့ပါတယ်။

အဆောင်စုငှားနေသူတွေမှာ အထပ်မြင့်တွေဖြစ်တဲ့ ဈေးနိမ့်တဲ့ နေရာတွေကို ငှားကြသလို ကုမ္ဗဏီ အငှားတွေမှာဆိုရင်လည်း အထပ်နိမ့်တွေကို ပိုစိတ်ဝင်စားငှားကြပါ တယ်။

အရောင်းမှာ ဆိုရင်တော့ မြို့ တွင်းတိုက်ခန်းတွေမှာ ဈေးများတာ ရယ်၊ တိုက်ခန်း၊ ကွန်ဒိုအသစ် ဆက်ထွက်တာမျိုးမရှိတာကြောင့် အရောင်းအဝယ်အေးနေပြီး အငှားသာ ပိုဖြစ်နေကြောင်း  iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မန်နေးဂျင်း ဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။

Credit: Kumudra Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service