အိမ်ငှားရှိနေတဲ့အိမ်ကို သင် ဝယ်ယူတော့မယ်ဆိုရင် ..

အိမ်ငှားရှိနေတဲ့အိမ်ကို သင် ဝယ်ယူတော့မယ်ဆိုရင် .. - Property Knowledge in Myanmar from iMyanmarHouse.com
10 Sep 2018 12:31 pm တွင် တင်ခဲ့သည်
2064 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အိမ်ငှားရှိတဲ့အိမ်ကို ဝယ်ယူမယ်ဆိုရင် သတိပြုစရာ အချက်အလက်တွေရှိနေတယ်လို့ သိရပါတယ်။ အိမ်ငှားရှိတဲ့ အိမ်ဆိုတာက နှစ်မျိုးနှစ်စား ရှိပါတယ်။ ပထမအချက်အနေနဲ့ အိမ်ငှားတင်ထားတဲ့ မြေကွက်နဲ့ လုံးချင်းအိမ်ဖြစ်ပြီးတော့ ဒုတိယကတော့ အပျောက်စနစ်နဲ့ ရောင်းထားတဲ့ တိုက်ခန်းတွေပါရှိတဲ့ မြေကို ဝယ်တာ ဖြစ်ပါတယ်။

အိမ်ငှားရှိနေတဲ့ အိမ်ကို ဝယ်လိုက်ရုံနဲ့ အလိုအလျောက် အိမ်ငှားသူတွေရဲ့ အိမ်ရှင်အဖြစ် ရောက်မလာပါဘူး။ ဥပဒေနဲ့အညီ အရောင်းအဝယ်မှတ်ပုံတင်ဖို့ စာချုပ် လိုအပ်ပါတယ်။ ဒါ့အပြင် အရောင်းအဝယ်စာချုပ် မှတ်ပုံမတင်မီ ကိုယ်စားလှယ်လွှဲစာ ယူထားရုံနဲ့လည်း ဝယ်ထားတဲ့အိမ်မြေရဲ့ ပိုင်ရှင် ဖြစ်မလာပါဘူး။ လခယူရင်လည်း မူလအိမ်ရှင်ရဲ့ ကိုယ်စား၊ ကိုယ်စားလှယ်လွှဲစာရသူအဖြစ်သာ ရှိမှာဖြစ်ပြီးတော့ အိမ်ရှင် မဖြစ်ပါဘူး။ ဒါကြောင့် အိမ်ငှားရှိတဲ့အိမ်ကို ဝယ်မယ်ဆိုရင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်က အဓိကပဲ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခန်းတွေဆိုရင် ပိုပြီးအခက်အခဲရှိပါတယ်။ တိုက်ခန်းတွေမှာဆိုရင်လည်း အရင်တုန်းက နှစ်ထပ်၊ သုံးထပ် ဆောက်ထားတဲ့ တိုက်ခန်းတွေကို အထပ်မြင့်အဆောက်အအုံ ဆောက်မယ်ဆိုပြီး မြေပိုင်ရှင်ဆီက မြေကွက်ကို တန်ဖိုးဖြတ်ပြီး ဝယ်သူတွေ ရှိတယ်။ တိုက်ခန်းတွေက အပျောက်စနစ်နဲ့ ရောင်းထားတဲ့ တိုက်ခန်းတွေဖြစ်တဲ့အတွက် အရောင်းအဝယ်လုပ်လို့ မရပါဘူး။ ဒါပေမယ့်​ ဥပဒေအရတော့ တိုက်ခန်းငှားသူတွေဟာ မြေရှင်ကို အိမ်လခပေးတဲ့အတွက် မြေရှင်နဲ့ အိမ်ရှင်အိမ်ငှားအဖြစ် ရှိနေတယ်လို့ သိရပါတယ်။ သည်လိုမျိုးဆိုရင် ဝယ်ယူသူက အိမ်ခန်းတစ်ခန်းမှမပါဘဲ အရောင်းအဝယ်စာချုပ်ဖြစ်လို့ မဖြစ်မနေ မှတ်ပုံတင်စာချုပ် ချုပ်ဖို့လိုပါတယ်။ ဒါမှ မြေကွက်အမည်ပြောင်းပြီး တရားဝင် ပိုင်ဆိုင်မှာဖြစ်တယ်။ ဒါကြောင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်က အဓိက ဖြစ်ပါတယ်။ “ပထမအချက်ကတော့ ရောင်းသူအိမ်မြေပိုင်ရှင်က အိမ်ငှားကို မိမိဟာ မြေနဲ့အိမ်ကို ရောင်းလိုက်ပြီဖြစ်တယ်လို့ အသိပေးရမှာ ဖြစ်တယ်။ ဒုတိယအချက်က ဝယ်သူနဲ့ အိမ်ငှားကို တွေ့ပေးရမယ်။ တတိယအချက်က ဝယ်သူနဲ့ အိမ်ငှား နှစ်ဖက်သဘောတူ အိမ်ရှင်အိမ်ငှားစာချုပ် ထပ်ချုပ်ရမယ်။ နောက်ဆုံးအချက်ကတော့ မြေနဲ့ အိမ်ပိုင်ရှင်အသစ်က အိမ်ရှင်အဖြစ် အိမ်ငှားဆီက အိမ်လခရရှိမှာ ဖြစ်ပါတယ်”လို့ အိမ်ခြံမြေဥပဒေအကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။ အဲသည်အချက်တွေနဲ့ ပြည့်စုံရင် ဆောင်ရွက်နိုင်ရင် အိမ်မြေ ဝယ်သူနဲ့ အိမ်ငှားဟာ အခုဥပဒေအရ အိမ်ရှင်အိမ်ငှားဆက်စပ်မှုရရှိမှာ ဖြစ်ပါတယ်။ အကောင်းဆုံးအနေနဲ့ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ နှစ်ဦးနှစ်ဖက်အရောင်းအဝယ်စာချုပ်က ခိုင်မာတဲ့အထောက်အထားဖြစ်တယ်လို့ သိရပါတယ်။

 

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service