အိမ်ငှားရှိနေတဲ့အိမ်ကို သင် ဝယ်ယူတော့မယ်ဆိုရင် .. - Property Knowledge in Myanmar from iMyanmarHouse.com
2024 Views

အိမ်ငှားရှိနေတဲ့အိမ်ကို သင် ဝယ်ယူတော့မယ်ဆိုရင် ..

Knowledge | Posted by Zarni Kyaw

အိမ်ငှားရှိတဲ့အိမ်ကို ဝယ်ယူမယ်ဆိုရင် သတိပြုစရာ အချက်အလက်တွေရှိနေတယ်လို့ သိရပါတယ်။ အိမ်ငှားရှိတဲ့ အိမ်ဆိုတာက နှစ်မျိုးနှစ်စား ရှိပါတယ်။ ပထမအချက်အနေနဲ့ အိမ်ငှားတင်ထားတဲ့ မြေကွက်နဲ့ လုံးချင်းအိမ်ဖြစ်ပြီးတော့ ဒုတိယကတော့ အပျောက်စနစ်နဲ့ ရောင်းထားတဲ့ တိုက်ခန်းတွေပါရှိတဲ့ မြေကို ဝယ်တာ ဖြစ်ပါတယ်။

အိမ်ငှားရှိနေတဲ့ အိမ်ကို ဝယ်လိုက်ရုံနဲ့ အလိုအလျောက် အိမ်ငှားသူတွေရဲ့ အိမ်ရှင်အဖြစ် ရောက်မလာပါဘူး။ ဥပဒေနဲ့အညီ အရောင်းအဝယ်မှတ်ပုံတင်ဖို့ စာချုပ် လိုအပ်ပါတယ်။ ဒါ့အပြင် အရောင်းအဝယ်စာချုပ် မှတ်ပုံမတင်မီ ကိုယ်စားလှယ်လွှဲစာ ယူထားရုံနဲ့လည်း ဝယ်ထားတဲ့အိမ်မြေရဲ့ ပိုင်ရှင် ဖြစ်မလာပါဘူး။ လခယူရင်လည်း မူလအိမ်ရှင်ရဲ့ ကိုယ်စား၊ ကိုယ်စားလှယ်လွှဲစာရသူအဖြစ်သာ ရှိမှာဖြစ်ပြီးတော့ အိမ်ရှင် မဖြစ်ပါဘူး။ ဒါကြောင့် အိမ်ငှားရှိတဲ့အိမ်ကို ဝယ်မယ်ဆိုရင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်က အဓိကပဲ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခန်းတွေဆိုရင် ပိုပြီးအခက်အခဲရှိပါတယ်။ တိုက်ခန်းတွေမှာဆိုရင်လည်း အရင်တုန်းက နှစ်ထပ်၊ သုံးထပ် ဆောက်ထားတဲ့ တိုက်ခန်းတွေကို အထပ်မြင့်အဆောက်အအုံ ဆောက်မယ်ဆိုပြီး မြေပိုင်ရှင်ဆီက မြေကွက်ကို တန်ဖိုးဖြတ်ပြီး ဝယ်သူတွေ ရှိတယ်။ တိုက်ခန်းတွေက အပျောက်စနစ်နဲ့ ရောင်းထားတဲ့ တိုက်ခန်းတွေဖြစ်တဲ့အတွက် အရောင်းအဝယ်လုပ်လို့ မရပါဘူး။ ဒါပေမယ့်​ ဥပဒေအရတော့ တိုက်ခန်းငှားသူတွေဟာ မြေရှင်ကို အိမ်လခပေးတဲ့အတွက် မြေရှင်နဲ့ အိမ်ရှင်အိမ်ငှားအဖြစ် ရှိနေတယ်လို့ သိရပါတယ်။ သည်လိုမျိုးဆိုရင် ဝယ်ယူသူက အိမ်ခန်းတစ်ခန်းမှမပါဘဲ အရောင်းအဝယ်စာချုပ်ဖြစ်လို့ မဖြစ်မနေ မှတ်ပုံတင်စာချုပ် ချုပ်ဖို့လိုပါတယ်။ ဒါမှ မြေကွက်အမည်ပြောင်းပြီး တရားဝင် ပိုင်ဆိုင်မှာဖြစ်တယ်။ ဒါကြောင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်က အဓိက ဖြစ်ပါတယ်။ “ပထမအချက်ကတော့ ရောင်းသူအိမ်မြေပိုင်ရှင်က အိမ်ငှားကို မိမိဟာ မြေနဲ့အိမ်ကို ရောင်းလိုက်ပြီဖြစ်တယ်လို့ အသိပေးရမှာ ဖြစ်တယ်။ ဒုတိယအချက်က ဝယ်သူနဲ့ အိမ်ငှားကို တွေ့ပေးရမယ်။ တတိယအချက်က ဝယ်သူနဲ့ အိမ်ငှား နှစ်ဖက်သဘောတူ အိမ်ရှင်အိမ်ငှားစာချုပ် ထပ်ချုပ်ရမယ်။ နောက်ဆုံးအချက်ကတော့ မြေနဲ့ အိမ်ပိုင်ရှင်အသစ်က အိမ်ရှင်အဖြစ် အိမ်ငှားဆီက အိမ်လခရရှိမှာ ဖြစ်ပါတယ်”လို့ အိမ်ခြံမြေဥပဒေအကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။ အဲသည်အချက်တွေနဲ့ ပြည့်စုံရင် ဆောင်ရွက်နိုင်ရင် အိမ်မြေ ဝယ်သူနဲ့ အိမ်ငှားဟာ အခုဥပဒေအရ အိမ်ရှင်အိမ်ငှားဆက်စပ်မှုရရှိမှာ ဖြစ်ပါတယ်။ အကောင်းဆုံးအနေနဲ့ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ နှစ်ဦးနှစ်ဖက်အရောင်းအဝယ်စာချုပ်က ခိုင်မာတဲ့အထောက်အထားဖြစ်တယ်လို့ သိရပါတယ်။

 

Credit : Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Shwe Wutt Hmone
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service