မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာရှိ တိုက်ခန်း ၆၀၀ ကျော်ကို အငြိမ်းစားနှင့် ဝန်ထမ်းများအား မဲနှိုက်ရောင်းချ

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာရှိ တိုက်ခန်း ၆၀၀ ကျော်ကို အငြိမ်းစားနှင့် ဝန်ထမ်းများအား မဲနှိုက်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
27 Aug 2018 10:15 am တွင် တင်ခဲ့သည်
968 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက တည်ဆောက်သည့် မြရည်နန္ဒာတန်ဖိုး မျှတအိမ်ရာရှိ တိုက်ခန်း ၆၇၂ ခန်း ကို အစိုးရဝန်ထမ်း အငြိမ်းစားများနှင့် လုပ်သက်ရင့် ဝန်ထမ်းများ အား မဲနှိုက်ရောင်းချပေးခဲ့သည်။

ချမ်းမြသာစည်မြို့နယ် မြ ရည်နန္ဒာတန်ဖိုးနည်းအိမ်ရာရှိ ပထမအသုတ် အခန်း ၆၇၂ ခန်းကိုသြဂုတ် ၂၆ ရက်က မဲနှိုက်ပေးပြီး သြဂုတ် ၂၇ ရက်တွင် ဝယ်ယူခွင့်မဲပေါက်သူများ မိမိနေထိုင်ဝယ်ယူမည့် အခန်းများကိုကိုယ်တိုင်မဲနှိုက် ရွေးချယ်ခွင့်ပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

‘‘မှန်မှန်ကန်ကန်နဲ့ ပွင့်လင်း မြင်သာစွာ လုပ်မယ်။ စည်းကမ်း ချက်ထဲမှာပါတယ်။ ငါးနှစ်အ တွင်း ပိုင်ရှင်ပြောင်းလဲခြင်း၊ နေထိုင်ခြင်း မလုပ်ရဘူးဆိုတာပါ တယ်။ သိပ်မကြာခင်မှာ ဖိဖိစီးစီး စစ်ဆေးမယ်။ မဲပေါက်တဲ့လူမ ဟုတ်တဲ့ လက်ထဲရောက်နေတာတွေ့ရင် ပြန်သိမ်းမယ်။ ဝယ်ထား တဲ့လူက နစ်နာမယ်။ စည်ပင်ကတော့ ပြန်အမ်းမှာမဟုတ်ဘူး။ ဝယ်မိတယ်ဆိုရင် ပြဿနာနဲ့ တွေ့မယ်’’ဟု ဦးကျော်ဆန်းမြင့်က ပြော ကြားသည်။

ပထမအသုတ် ရောင်းချပေး သည့် တိုက်ခန်း ၆၇၂ ခန်းကို ပင်စင်စားဝန်ထမ်းများအတွက် အခန်း ၂၀၀၊ နိုင်ငံ့ဝန်ထမ်းလုပ်သက် ၁၀ နှစ်အထိ ၂၅ ခန်း၊ လုပ်သက် ၁၁ နှစ်မှ ၂၅ နှစ်အထိ ၁၉၂ ခန်း၊ လုပ်သက် ၂၆ နှစ်မှ ၆၀ နှစ်အထိ ၂၅၅ ခန်းကို ခွဲဝေမဲနှိုက်ခဲ့ သည်။

ယခုတစ်ကြိမ်တွင် မဲပေါက်သူများကို ၂၀၁၉ အတွင်း ဆက်လက်ရောင်းချချိန်၌ ဒုတိယအသုတ်အဖြစ် ဆက်လက်စဉ်းစား မည်ဖြစ်သည်။

တိုက်ခန်း ဝယ်ယူခွင့်  လျှောက်လွှာတင်ခဲ့သူ အငြိမ်းစားဝန်ထမ်း ၂,၅၈၂ ဦး၊ နိုင်ငံ့ဝန်ထမ်း ၈,၆၂၂ ဦးရှိခဲ့သည်။

တိုက်ခန်းတန်ဖိုးများသည် မြေညီထပ် ကျပ်သိန်း ၂၆၀၊ ပထမ ထပ် ကျပ်သိန်း ၂၄၀၊ ဒုတိယထပ် ကျပ်သိန်း ၂၂၀၊ တတိယထပ် ကျပ်သိန်း ၂၁၀၊ စတုတ္ထထပ် ကျပ်သိန်း ၂၀၀၊ ပဉ္စမထပ် ကျပ်သိန်း ၁၉၀ တို့ဖြစ်သည်။

တိုက်ခန်းဝယ်ယူခွင့်ရသူ များသည် တိုက်ခန်းတန်ဖိုးကို အကျေပေးချေသည့် စနစ်နှင့် ဘဏ်ချေးငွေစနစ် ၁၅ နှစ်အထိ အရစ်ကျ ဝယ်ယူသည့်စနစ် နှစ်မျိုးရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပြောကြားထားသည်။

Credit:  7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...

အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...

စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service