တရားမဝင် ကွက်သစ် ဖော်ထုတ်နေမှုများကို ဖယ်ရှား

တရားမဝင် ကွက်သစ် ဖော်ထုတ်နေမှုများကို ဖယ်ရှား - Property News in Myanmar from iMyanmarHouse.com
6 Aug 2018 12:09 pm တွင် တင်ခဲ့သည်
2177 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ လယ်ယာမြေများကို တရားမဝင် အိမ်ယာကွက်သစ် ဖော်ထုတ်နေမှုအား တားဆီးမှုများ ပြုလုပ်နေရာ လိုက်နာမှုမရှိဘဲ ဆက်လက် လုပ်ဆောင်နေသည့် တံတားများများနှင့် အဆောက်အဦ အချို့အား သြဂုတ်လ ၄ ရက်နေ့က ဖယ်ရှားမှုများ ပြုလုပ်ခဲ့ ကြောင်း ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာကော်မတီမှ သိရသည်။

အဆိုပါ တရားမဝင်အိမ်ယာကွက်သစ်ဖော်ထုတ်နေမှုများ တားဆီးခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန် မှုဖြင့် ပုသိမ်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့က
ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။

“လယ်ယာမြေတွေကို တရားမဝင် အကွက်ရိုက်ပြီး ရောင်းချနေတာတွေကို စာနဲ့လည်း တားမြစ်ထား ပြီးဖြစ်သလို သတိပေး တားမြစ်ချက်ဆိုင်းဘုတ်တွေထောင်ပြီးတော့လည်း လုပ်ဆောင်ထားတယ်၊ ဒါကို ဆက်လုပ်နေကြလို့ အခုလို ဖယ်ရှားတာ မျိုးတွေ လုပ်ဆောင်ရတာပါ၊ အခုလိုတားမြစ်နေ တဲ့ကြားကမှ ဆက်လုပ်မယ်ဆိုရင်တော့ တည်ဆဲဥပဒေအရ အရေးယူတာ မျိုးတွေ လုပ်သွားမယ်”ဟု ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာကော်မတီမှ တာဝန်ရှိသူတဦးက
ပြောသည်။

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျွဲရေကုန်းကျေးရွာ၊ နွယ်နီကျေးရွာ၊ ဆင်ရွာကြီးကျေးရွာ၊ နန္ဒာကျေးရွာ များရှိ လယ်ယာမြေ စိုက်ကွင်းများကို အကွက်ရိုက်ရောင်းချနေမှုများနှင့် တရားမဝင် အိမ်ယာကွက် သစ် ဖော်ထုတ်နေမှုများအား ပူးပေါင်းအဖွဲ့ များက ဇူလိုင်လ တတိယပတ်မှ စတင်၍ တားဆီး စစ်ဆေးမှုများပြုလုပ်
ခဲ့ခြင်းဖြစ်သည်။

“လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့်မရှိဘဲ လုပ်ချင်တာလုပ်လို့ မရပါဘူး၊ ဒါကို အကွက်ရိုက်ပြီး ရောင်းချနေကြ တယ်၊ လယ်ယာမြေတွေက ခွင့်ပြုချက်မရှိဘဲနဲ့ အကွက်ရိုက်၊ မြေဖို့ ရောင်းလို့မရဘူး ဆိုတာကို ပညာပေးတာမျိုးတွေလည်း လုပ်နေတယ်၊ တားဆီးတာမျိုးတွေလည်း လုပ်ခဲ့ပြီးပြီ၊ ဒါကို ဆက်လုပ်နေတဲ့ လမ်း၊ တံတားတွေ၊ အဆောက်အဦးတွေကို ဖယ်ရှားတာဖြစ်တယ်” ဟု ပုသိမ်ကြီး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းဋ္ဌေးလင်းက ပြောသည်။

လယ်ယာမြေများအား တရားမဝင်မြို့ကွက်သစ်ဖော်နေကြသဖြင့် စနစ်မကျသည့်သည့် လမ်းများဖြစ် ပေါ်ခြင်း၊ ရောင်းမှား ဝယ်မှား ဖြစ်နိုင်ခြင်း ၊ စနစ်မကျသည့် လူနေအိမ်များ တိုးပွားလာခြင်းနှင့် စပါး စိုက်ဧကများ လျော့နည်းလာခြင်း
စသည့် ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

အဆိုပါကဲ့သို့လုပ်ဆောင်နေခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍအတွက် စိုက်ပျိုးမြေများ လျော့နည်းလာ ခြင်းကြောင့် လယ်ယာ မြေအား အခြားသုံးစွဲခွင့်ပြုနေခြင်းများကို ရပ်ဆိုင်းထားကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် လယ်ယာမြေအား အခြားသုံးစွဲ ခွင့်ကို ရပ်ဆိုင်းထားခဲ့ပြီးဖြစ်သလို အခြားတိုင်း ဒေသကြီးများတွင် စိုက်ပျိုးရန် ကောင်းမွန်သော မြေယာများကို အခြားနည်း သုံးစွဲခွင့်ကို ခွင့်မပြုရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

“အခုလိုလုပ်တာ အရမ်းကောင်းပါတယ်၊ လူတွေစည်းကမ်းမဲ့လုပ်နေကြပြီး လာဘ်စားတဲ့လူကြီးတွေက လာဘ်စားပြီး ထင်ရာတွေ လျှောက်လုပ်ခဲ့ကြလို့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ပြီးပြီ၊ အခုလိုမှန်မှန်ကန်ကန် လုပ်ဆောင်သင့်တာမျိုးကို အားပေးပါ တယ်၊ မြေဈေးတွေက ကြီးနေတော့ နေစရာမရှိလို့ စုဆောင်းပြီး
တန်ဖိုးနည်းတဲ့ မြေလေးကိုဝယ်ယူကြတာက သာမန် လက်လုပ် လက်စားတွေ များပါတယ်၊ ဒါကြောင့် မြေယာကစားတဲ့သူတွေကိုလည်း ထိထိရောက်ရောက်ဖြစ်အောင် ဖော် ထုတ်အရေးယူသင့်တယ်”ဟု ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာမှ ကိုသန်းချိုက ပြောသည်။

တံတားများများနှင့်အဆောက်အဦအချို့အား ဖယ်ရှားရာတွင် လယ်ရေသွင်း မြောင်းပေါ်တွင် ခွင့်ပြု ချက်မရှိဘဲ ဆောက်လုပ်ထားသည့် ကွန်ကရစ်တံတား ၇ စင်းနှင့် ဆောက်လုပ်ရန် ပြင်ဆင်နေသည့် အဆောက်အဦး ၂လုံး အား ဖယ်ရှားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍအတွက် စပါးအပါအဝင် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ တိုင်းဒေသကြီးအတွင်း ၌ စိုက်ပျိုးမြေဧကမှာ လယ်မြေဧက ၅ သိန်းကျော်နှင့် ယာမြေဧက ၂၂ သိန်းကျော်ရှိကြောင်း သိရသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ...

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service