ဆီလီကွန်တောင်ကြား အခြေစိုက် ကမ္ဘာကျော်နည်းပညာသူဌေးကြီးများ၏ စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ

ဆီလီကွန်တောင်ကြား အခြေစိုက် ကမ္ဘာကျော်နည်းပညာသူဌေးကြီးများ၏ စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
3 Aug 2018 12:06 pm တွင် တင်ခဲ့သည်
2495 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆီလီကွန်းတောင်ကြား ဟု နာမည်ကျော်သည့်ဒေသရှိပြီး နည်းပညာနယ်ပယ်မှ ကမ်္ဘာ့အချမ်းသာဆုံး သူဌေးကြီးများ စုဝေးအခြေချကြသည့် နေရာဖြစ်သည်။ ၎င်းင်းတို့၏ စုစုပေါင်းကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ထရီလီယံခန့်ရှိသည်။

+++ Google ၏ အမှုဆောင်ဥက်္ကဋ္ဌဟောင်း အဲရစ်ခ် အီမာဆန် ရှမစ်ထ်၏ စံအိမ်ကြီး +++

အဲရစ်ခ် အီမာဆန် ရှမစ်ထ်သည်ွသသါူန ၏ အမှုဆောင်ဥက်္ကဋ္ဌအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး Alphabet Inc. တွင်လည်း ၂၀၁၅ မှ ၂၀၁၇ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ဖော့ဘ်မဂ်္ဂဇင်းကြီး၏ ၂၀၁၈ ခုနှစ်အတွင်း ဖော်ပြချက်အရ ကြွယ်ဝမှု ကန်ဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ကမ်္ဘာပေါ်တွင် ၁၀၆ ဦးမြောက် အချမ်းသာဆုံး ပုဂ်္ဂိုလ်အဖြစ် ဖော်ပြထားသည်။ အဲရစ်ခ် ရှမစ်ထ်သည် ဘ၀ကို ခမ်းနားသိုက်မြိုက်စွာ နေထိုင်တတ် သူအဖြစ် နာမည်ကျော်သည်။

သူ၏ ဒေါ်လာ ၇၂ သန်းတန် ရွက်လှေကြီးပေါ်တွင် မော်ဒယ်များနှင့် ပါတီပွဲများ မကြာ ခဏကျင်းပလေ့ရှိခဲ့သည်။ သူ၏စံအိမ်ကြီးမှာ လူနေထိုင်နိုင်သည့်ဧရိယာ စတုရန်းပေ ၉၀၀၀ ခန့် ရှိပြီး ခြံဝန်းအကျယ်မှာ ၁ ဒသမ ၃ ဧကခန့်ရှိကာ ဟုခ်ျ ဟက်ဖ်နာ၏ ကမ်္ဘာကျော် ပလေးဘွိုင်း စံအိမ်ကြီးအနီးတွင် တည်ရှိသည်။

မြေညီထပ်တွင် စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်၊ အမျိုးသမီးဝန်ထမ်းခန်း ၂ ခန်းတို့ပါဝင်ပြီး အပေါ်ထပ်တွင် မိသားစုအိပ်ခန်း ၃ ခန်း၊ ရုံးခန်း ၁ ခန်း၊ လသာဆောင်၊ မီး လင်းဖို၊ ကျားမသုံးနိုင်သည့် ရေချိုးခန်းများ၊ အ၀တ်လဲခန်းနှင့် အ၀တ်အစားထားသိုခန်းတို့ ပါဝင် သည်။ ခြံဝန်းအတွင်း ကြီးမားသည့် ပန်းဥယျာဉ်ကြီးများပါဝင်ပြီး ရှမစ်ကဲ့သို့ ဘီလီယံနာကြီးများ တစ်နေကုန် အပန်းဖြေနိုင်မည့် အလွန်ကြီးမားသော ရေကူးကန်ကြီးတစ်ခု ပါဝင်သည်။

+++ ဂျော့ခ်ျ လူးကက်စ်၏ Black Darth Vader မော်တော်ကား +++

ဂျော့ခ်ျ ဝေါလ်တန် လူးကက်စ် ဂျူနီယာသည် အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူ ၊ စွန့်ဦး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ၁၉၄၄ ခုနှစ်၊ မေလ ၁၄ ရက်တွင် မွေးဖွားသည်။

Star Wars နှင့် အင်ဒီယာနာဂျုံးစ် ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ခဲ့သူအဖြစ် နာမည်ကျော် သည်။ ဂျော့ခ်ျ လူးကက်စ်သည် Lucasfilm နှင့် Industrial Light & Magic ကုမ်္ပဏီတို့ကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

Lucasfilm ၏ ဥက်္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဝေါ့ဒစ်္စနေကုမ္ပဏီထံ ရောင်းချခဲ့သည်။ ဂျော့ခ်ျ လူးကက်စ်၏ Black Darth Vad မော်တော်ကားသည် C5 Corvette အမျိုးအစားအပေါ် အခြေခံထုတ်လုပ်ထားခြင်းဖြစ်ပြီး တစ်နာရီလျှင် မိုင် ၁၅၀ နှုန်း အထိ မောင်းနှင်နိုင်စွမ်းရှိသည်။

ကိုယ်ထည်ကို fibreglass ဖြင့် ပြုလုပ်ထားပြီး Star Wars ဇာတ်လမ်းများမှ ဇာတ်ကောင် များကဲ့သို့ ထူးခြားသည့်အသံများပြုလုပ်နိုင်သည်ဟုဆိုရာ Star Wars ဇာတ်လမ်းကြိုက်နှစ်သက် သည့် ဘီလီယံနာကြီးများအတွက် ပြီးပြည့်စုံသည့် မော်တော်ကားတစ်စင်းလည်း ဖြစ်သည်။

+++ ဆာဂေးလ် ဘရင်း၏ PentHouse ခန်း +++

ဆာဂေးလ် မီခေးလိုဗစ် ဘရင်း (ရုရှားအသံထွက်-ဆယ်လ်ဂီး မိခဲလ၀စ်ရှ် ဘရီးန်) သည် ရုရှားလူမျိုး ကွန်ပြူတာသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၁၉၇၃ ခုနှစ်၊ သြဂုတ် လ ၂၁ ရက်တွင် မွေးဖွားသည်။

ဘရင်းသည် လာရီပိတ်ခ်ျနှင့်အတူ Google ကို ပူးတွဲတည်ထောင်ခဲ့သည့်အပြင် Google ၏ မိခင်ကုမ္ပဏီဖြစ်သော Alphabet Inc. ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက် အချက်အလက်များအရ ဘရင်းသည် ကန်ဒေါ်လာ ၄၇ ဒသမ ၂ ဘီလီယံခန့် ကြွယ်ဝသည်ဟု ခန့်မှန်းထားပြီး ကမ္ဘာပေါ်တွင် ၁၃ ဦးမြောက် အချမ်းသာဆုံး ပုဂ်္ဂိုလ်အဖြစ် ဖော်ပြခြင်းခံရသည်။

ဆာဂေး ဘရင်း၏ PentHouse ခန်းမှာ စတုရန်းပေ ၃၄၅၇ အကျယ်အ၀န်းရှိပြီး လသာ ဆောင်မှာ ၂၃ ပေခန့် အကျယ်အ၀န်းသည်။

အိပ်ခန်း ၄ ခန်း ပါဝင်ပြီး ထုံးကျောက်ဖြင့် ပြုလုပ်ထားသော ရေချိုးခန်းနှင့် အပူပေးစနစ်ပါ သည့် ကြမ်းပြင်များ ပါဝင်သော အဆိုပါ PentHouse ခန်းအတွက် ဆာဂေးဘရင်းသည် ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းပေးခဲ့ရသည်ဟု ဆိုသည်။

+++ လာရီ ပိတ်ခ်ျ၏ စံအိမ် +++

Google ကို ပူးတွဲတည်ထောင်ခဲ့သူ လာရီပိတ်ခ်ျ၏ ပါလိုအယ်လ်တိုစံအိမ်တွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်ပြီး စတုရန်းပေ ၆၀၀၀ ခန့် ကျယ်ဝန်းသော အခြားနေအိမ်တစ်လုံး လည်း ပါဝင်ကာ လာရီပိတ်ခ်ျက ကန်ဒေါ်လာ ၈ သန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။

နေအိမ်တွင် ဓာတ်လှေကားတစ်စင်းတပ်ဆင်ထားပြီး အမိုးပေါ်တွင် ဆိုလာပြားများ တပ်ဆင် ထားကာ အမိုးပေါ် ပန်းဥယျာဉ်တစ်ခုလည်း ပါဝင်သည်။

ထို့အပြင် သူ၏ ဘီလီယံနာမိတ်ဆွေများအတွက် ကားရပ်နားရန်နေရာတစ်ခုလည်း ကျယ်ဝန်းစွာ ပါဝင်သည်။ နေအိမ်၏ နေရာအများစုမှာ ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ သို့ရာတွင် ကြီးမားသည့်မြေအောက်ခန်းကြီးတစ်ခု ပါဝင်သည်ဟု ခန့်မှန်းထားပြီး Google ကုမ္ပဏီထုတ်ပစ္စည်းသစ်များစွာကို စမ်းသပ်နေဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

+++ လာရီ အဲလစ်ဆင်၏ စံအိမ်ကြီး +++

ကမ်္ဘာပေါ်တွင် ဈေးအကြီးဆုံးနေအိမ်များအနက် တစ်လုံးမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ၀ုဒ်ဆိုက်အရပ်တွင် တည်ရှိပြီး ကန်ဒေါ်လာ သန်း ၂၀၀ ကြွယ်ဝသော လာရီအဲလစ်ဆင်၏ နေအိမ် ဖြစ်သည်။

ခြံဝန်းအကျယ် စတုရန်းပေ ၈၀၀၀ ရှိပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၇ ခန်း၊ ကြီးမားသည့် မီးဖိုဆောင်၊ ရုပ်ရှင်ခန်းနှင့် စာကြည့်တိုက်တို့ ပါဝင်သည်။ ခြံဝန်းအတွင်း ဂျပန်လက်ဖက်ရည်ဆိုင်၊ ရေကန်များ၊ ရေတံခွန်များ၊ ရေကူးကန်များ ပါဝင်သည်။ ထို့အပြင် ကား ၂ စင်းဆန့် ကားဂိုဒေါင်တစ်လုံး၊ တေးဂီတခန်းမ၊ ရုံးခန်း၊ မြေစေး တင်းနစ်ကွင်းတစ်ခုတို့လည်း ပါဝင်သေးသည်။

+++ မာ့ခ် ဇက်ကာဘာ့ဂ်ျ၏ ဖေ့စ်ဘုတ်ရုံးချုပ်သစ်ကြီး +++

ဖေ့စ်ဘုတ်သည် ၎င်း၏ရုံးချုပ်သစ်ကြီးကို ဆောက်လုပ်လျက်ရှိပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် အပြီးသတ်မည်ဟု မျှော်လင့်ထားသည်။

ရုံးချုပ်ဝန်းကြီးမှာ စတုရန်းပေပေါင်း ၄၃၀၀၀၀ ခန့်အထိ ကျယ်ဝန်းပြီး ဗိသုကာပညာရှင် ဖရန့်ခ် ဂါရီက ဒီဇိုင်းရေးဆွဲပေးထားကာ Willow Campuဟု အမည်ပေးမည် ဖြစ်သည်။ ယခု ရုံးချုပ်သစ်ဝန်းကြီးအတွင်း ကုန်မျိုးစုံစတိုးဆိုင်၊ ဆေးဆိုင်နှင့် လူနေအိမ်ခန်းပေါင်း ၁၅၀၀ ခန့် ပါဝင် မည်ဟု ဖေ့စ်ဘုတ်ကုမ္ပဏီက ထုတ်ပြန်ထားသည်။

၉ ဧကခန့် အကျယ်အ၀န်းရှိမည့် စိမ်းလန်းသော အမိုးများ၊ မိုင်ဝက်ခန့်အလျားရှိသည့် လမ်းလျှောက်ပတ်လမ်း၊ သစ်ပင်ကြီးပေါင်း ၄၀၀ခန့် ပါဝင်မည်ဖြစ်ပြီး ဆောက်လုပ်မှု ကုန်ကျ စရိတ်ကိုမူ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးချေ။

+++ မိုက္ကရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ပေါလ် အယ်လင်၏ အော့တိုပတ်စ် ရွက်လှေကြီး +++

ပေါလ်အယ်လင်သည် ဘီလ်ဂိတ်နှင့်အတူ မိုက္ကရိုဆော့ဖ်ကုမ်္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ အချက်အလက်များအရ ကြွယ်ဝမှု ကန်ဒေါ်လာ ၂၁ ဒသမ ၁ ဘီလီ ယံဖြင့် ကမ္ဘာပေါ်တွင် ၄၆ ဦးမြောက် အချမ်းသာဆုံးပုဂ်္ဂိုလ်အဖြစ် သတ်မှတ်ခြင်းခံရသည်။

ဘီလီယံနာကြီး ပေါလ်အယ်လင်၏ အော့တိုပတ်စ်သည် စတင်ဆောက်လုပ်ခဲ့စဉ်ကာလများက ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရွက်လှေများတွင် တစ်ခုအပါအ၀င်ဖြစ်ခဲ့သည်။

ရွက်လှေမှာ အလျား ၄၁၄ ပေရှိပြီး ထိပ်ဆုံးကုန်းပတ်ပေါ်တွင် ရဟတ်ယာဉ်ကွင်း ၂ ခု ပါဝင်သည်။ ရေကူးကန်တစ်ခုနှင့် ရေငုပ်သင်္ဘော ၂ စင်း ပါဝင်ပြီး တစ်စင်းကို အဝေးထိန်းခလုတ် ဖြင့် ထိန်းချုပ်နိုင်သည်ဟု ဆိုသည်။ ဧည့်သည်ပေါင်း ၂၁ ဦးအတွက် နားနေအိပ်စက်ရန် နေရာ ပါဝင်သည်။

အခြားပါဝင်မှုများအနေဖြင့် ရုပ်ရှင်ရုံတစ်ခု၊ ဘတ်စ်ကက်ဘောကွင်းတစ်ကွင်း၊ အသံဖမ်း စတူဒီယို တစ်ခုတို့လည်း ပါဝင်သည်။ အဆိုပါရွက်လှေကြီးဆောက်လုပ်ရာတွင် ကန်ဒေါ်လာ သန်း ၂၀၀ ခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။

+++ အီလန် မတ်စ်၏ မော်တော်ကား+++

အီလန်မတ်စ်ခ်သည် တောင်အမေရိကနိုင်ငံဖွား၊ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပြီး SpaceX, Tesla နှင့် Neuralink အစရှိသည့် ကမ္ဘာကျော် ကုမ္ပဏီကြီးများကို တည် ထောင်ခဲ့သူ ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖော့ဘ်မဂ္ဂဇင်းကြီးက အီလန်မတ်စ်ကို ကမ္ဘာပေါ်တွင် သြဇာအလွှမ်းဆုံးပုဂ်္ဂိုလ်များ စာရင်းတွင် နံပါတ် ၂၁ နေရာ၌ ဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ အချက်အလက်များအရ အီလန်မတ်စ်သည် ကန်ဒေါ်လာ ၂၀ ဒသမ ၈ ဘီလီယံခန့် ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းထားပြီး ကမ်္ဘာပေါ်တွင် ၅၃ ဦးမြောက် အချမ်းသာဆုံးပုဂ်္ဂိုလ်အဖြစ် ဖော်ပြခြင်းခံရသည်။

မြန်နှုန်းမြင့်မော်တော်ကားများနှင့် အီလန်မတ်စ်အကြောင်း ပြောကြလျှင် Tesla အကြောင်း ထိပ်တန်းမှ ပါဝင်လာမည်သာ ဖြစ်သည်။ သို့ရာတွင် အီလန်မတ်စ်၌ Tesla မဟုတ်ဘဲ အခြား မြန်နှုန်းမြင့်ကားတစ်စီး ပိုင်ဆိုင်ခဲ့ခြင်း ကိုမူ အများစုက မသိကြချေ။

အီလန်မတ်စ်သည် ခြူမေနည င်္၁ မော်တော်ကားကို ပိုင်ဆိုင်ခဲ့ဖူးပြီး ၂၀၀၀ ပြည့်နှစ် အတွင်း ဏပေဏေူ ပူးတွဲတည်ထောင်သူ ပီတာ သီယယ်လ်နှင့်အတူ မောင်းနှင်နေစဉ် တိမ်းမှောက် ပျက်စီးသွားခဲ့သည်။

အဆိုပါ ဖြစ်ရပ်တွင် အီလန်မတ်စ် သေကံမရောက်ခဲ့သော်လည်း မော်တော်ကားမှာမူ လုံးဝပျက်စီးသွားခဲ့သည်။ ယင်းမော်တော်ကား၏ တန်ကြေးမှာ ကန်ဒေါ်လာ ၁၁ သန်းခန့်ရှိပြီး တစ်နာရီလျှင် ၃၈၆ ဒသမ ၄ ကီလိုမီတာခန့်အထိ မောင်းနှင်နိုင်စွမ်းရှိကာ ၀-၆၀ ကို ၃ ဒသမ ၄ စက္ကန့်အတွင်း မြန်နှုန်းတင်နိုင်စွမ်းရှိသည်။

+++ ဘီလ်ဂိတ်၏ စံအိမ် +++

ဘီလ်ဂိတ်နေထိုင်သည့် စံအိမ်ကြီးသည် ကမ္ဘာပေါ်တွင် နည်းပညာအဆင့်အမြင့်ဆုံး စံအိမ်ကြီးများအနက် တစ်ခုဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ ဆောက်လုပ်မှု ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၆၃ သန်းခန့် ဖြစ်သည်။ ဘီလ်ဂိတ်၏ ကြွယ်ဝမှုမှာ ၉၃ ဒသမ ၂ ဘီလီယံခန့်ဖြစ်၏။

စံအိမ်ကြီးအောက်ဘက်နှင့် ပန်းဥယျာဉ်များအတွင်း စမ်းချောင်းတစ်ခုဖြတ်သန်းစီးဆင်း နေပြီး နေစွမ်းအင်နှင့် လေစွမ်းအင်များကို အသုံးပြုခြင်းကြောင့် ကာဗွန်ထုတ်လုပ်မှုကို သုညအဆင့် အထိ လျှော့ချထားနိုင်သည်။

နေအိမ်အကျယ်အ၀န်း စတုရန်းပေ ၆၆၀၀၀ ရှိပြီး ၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ရ သည်။ အိပ်ခန်း ၂၄ ခန်းနှင့် မီးဖိုဆောင် ၆ ခု ပါဝင်ပြီး တန်ကြေး ကန်ဒေါ်လာ ၈၀၀၀၀ ခန့်ရှိ သော ကွန်ပြူတာ ဖန်သားပြင်များ တပ်ဆင်ထားသည်။ နေအိမ်အတွင်း ကြီးမားသော စာကြည့် တိုက်ကြီးတစ်ခုလည်း ပါဝင်ပြီး စာကြည့်တိုက် အတွင်း ထိန်းသိမ်းထားသော ရှားပါးလက်ရေးမူ များမှာ ကန်ဒေါ်လာ သန်း ၃၀ ခန့် တန်ကြေးရှိ သည်ဟု ဆိုသည်။

+++ စတိဗ်ဂျော့၏ ရွက်လှေ +++

၂၀၁၁ ခုနှစ်တွင် ကွယ်လွန်အနိစ္စမရောက်မီ စတိဗ်ဂျော့သည် ယူရိုသန်း ၁၀၀ ၀န်းကျင် တန်ကြေးရှိသည်ဟု ခန့်မှန်းရသော ဗီးနပ်စ်အမည်ရှိ ရွက်လှေကြီးတစ်စင်းကို တည်ဆောက်ခဲ့သည်။

ဖိလစ်ပီ စတာ့ခ်၏ Feadship ကုမ္ပဏီက ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး Feadship က ဆောက်လုပ်ပေး ခဲ့ကာ စတိဗ်ဂျော့ ကွယ်လွန်ပြီးနောက် တစ်နှစ်ခန့်အကြာတွင် ရေချနိုင်ခဲ့သည်။

အလျား ၂၅၆ ပေရှည်လျားသော ရွက်လှေကြီးကို အလူမီနီယမ်၊ စတီးတို့ဖြင့် ဆောက်လုပ် ထားပြီး တောက်ပြောင်ချောမွတ်သည့် လိုင်းတန်းများမှာ Apple ထုတ်ကုန်များနှင့် များစွာ သဏ္ဌာန် တူနေသည်။ ရွက်လှေကြီးပေါ်တွင် အိပ်ခန်း ၆ ခန်းပါဝင်ပြီး ရှေ့ဘက်မှ နောက်ဘက်သို့ ဆက်သွယ် နိုင်မည့် ဆက်သွယ်ရေးစနစ်တစ်ခုထားရှိ ထားသည်။

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ဆီလီကွန်တောင်ကြား အခြေစိုက် ကမ္ဘာကျော်နည်းပညာသူဌေးကြီးများ၏ စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဆီလီကွန်တောင်ကြား အခြေစိုက် ကမ္ဘာကျော်နည်းပညာသူဌေးကြီးများ၏ စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဆီလီကွန်တောင်ကြား အခြေစိုက် ကမ္ဘာကျော်နည်းပညာသူဌေးကြီးများ၏ စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဆီလီကွန်တောင်ကြား အခြေစိုက် ကမ္ဘာကျော်နည်းပညာသူဌေးကြီးများ၏ စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဆီလီကွန်တောင်ကြား အခြေစိုက် ကမ္ဘာကျော်နည်းပညာသူဌေးကြီးများ၏ စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဆီလီကွန်တောင်ကြား အခြေစိုက် ကမ္ဘာကျော်နည်းပညာသူဌေးကြီးများ၏ စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဆီလီကွန်တောင်ကြား အခြေစိုက် ကမ္ဘာကျော်နည်းပညာသူဌေးကြီးများ၏ စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဆီလီကွန်တောင်ကြား အခြေစိုက် ကမ္ဘာကျော်နည်းပညာသူဌေးကြီးများ၏ စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ဆီလီကွန်တောင်ကြား အခြေစိုက် ကမ္ဘာကျော်နည်းပညာသူဌေးကြီးများ၏ စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ...

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service