ရန်ကုန်တိုင်း အစိုးရရောင်းမည့် တန်ဖိုးနည်းအိမ်ရာ အခန်း ၁,၀၀၀ကျော် ဝယ်ယူရန် လူနှစ်သောင်းခန့် လျှောက်ထား

ရန်ကုန်တိုင်း အစိုးရရောင်းမည့် တန်ဖိုးနည်းအိမ်ရာ အခန်း ၁,၀၀၀ကျော် ဝယ်ယူရန် လူနှစ်သောင်းခန့် လျှောက်ထား - Property News in Myanmar from iMyanmarHouse.com
10 Apr 2018 11:55 am တွင် တင်ခဲ့သည်
6356 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့်တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း ၁,၀၀၀ ကျော်ကို ဝယ်ယူရန်လျှောက်ထားသူ နှစ်သောင်းခန့်ရှိကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင် ဦးညီညီက ပြောသည်။

ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့် အိမ်ရာများသည် ဒဂုံမြို့ သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း(၁)၊ (၂)၊ ကနောင်အိမ်ရာ၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop Houseများနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်မှ ၃၀ ရက်အထိ တန်ဖိုးနည်းအိမ်ရာလျှောက်လွှာများကို တစ် စောင် ကျပ်တစ်ထောင်နှုန်းဖြင့် ရောင်းချရာ လျှောက်ထားသူ နှစ်သောင်းခန့်ရှိကြောင်း မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနကို ကိုးကား၍ ၎င်းက ပြောသည်။

‘‘ဘယ်လောက်ရှိလဲဆိုတာ ကတော့ သင်္ကြန်ပြီးမှ ပြန်လည် စိစစ်လို့ရမယ်။ လျှောက်လွှာ ဖောင်တွေကို ခရိုင်လေးခရိုင်အ လိုက် ပြန်လည်စုစည်းနေပြီ။ ပြီး ရင်တော့ ဘယ်သူ့ကို ပေးသင့် တယ်၊ မပေးသင့်ဘူးဆိုတာ စည်း ကမ်းသတ်မှတ်ချက်တွေနဲ့ ကိုက် ညီခြင်းရှိ၊ မရှိ ထပ်မံစိစစ်ရွေး ထုတ်သွားမယ်’’ဟု ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်သူ ဦးညီညီကဆိုသည်။

အဆိုပါ လျှောက်လွှာများ တွင် အများပြည်သူ၊ ဝန်ထမ်း၊ အငြိမ်းစားနှင့် ကုမ္ပဏီဝန်ထမ်း ဟူ၍ လျှောက်လွှာပုံစံ အမျိုးအစားလေးမျိုး ခွဲခြားထားသည်။ လျှောက်ထားသူများအနေဖြင့် အိမ်(သို့မဟုတ်)မြေပိုင်ဆိုင်မှုမရှိ ကြောင်း လက်ရှိနေထိုင်သည့်မြို့ နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ထောက်ခံချက်ပါ
ရှိရမည်ဟု အိမ်ရာဝယ်ယူခွင့် လျှောက်လွှာများတွင် ဖော်ပြထား သည်။

‘‘စိစစ်ပြီးတဲ့ အထဲကမှ မိ သားစုများတဲ့သူတွေနဲ့ မိသားစု နည်းတဲ့သူတွေကို ပြန်ချိန်မယ်။ အချက်အလက်တွေကို စိစစ်ပြီး လျှောက်လွှာတွေကိုတော့ များနေ သေးရင် ကော်မတီဝင်တွေအား လုံးရှေ့ မဲနှိုက်သင့် နှိုက်ရပါမယ်’’ ဟု ဦးညီညီက ရှင်းပြသည်။

တိုင်းအစိုးရအဖွဲ့က ရောင်းချမည့် အိမ်ရာများ ဝယ်ယူလိုသူ များအနေဖြင့် အသက်(၂၃)နှစ် ပြည့်ပြီးသည့် မြန်မာနိုင်ငံသားဖြစ် ရမည်ဖြစ်ပြီး အိမ်ထောင်စု
တစ်ခု တွင် တစ်ဦးသာ လျှောက်ထားခွင့် ရှိကြောင်း ဖော်ပြထားသည်။

အိမ်ရာလျှောက်ထားသူ၏ မိသားစုပျမ်းမျှလစဉ်ဝင်ငွေသည် ကျပ်သုံးသိန်းမှ ၁၂ သိန်းအထိ ရှိရမည်ဖြစ်ပြီး တိုက်ခန်းတန်ဖိုးကို တစ်ကြိမ်တည်း အကျေပေးသွင်း မှု၊ ဘဏ်ချေးငွေနှင့် အများဆုံး ၁၅ နှစ်ပေးချေသည့် စနစ်ဖြင့် ဝယ်ယူနိုင်
မည်ဖြစ်ကြောင်း ပြည် သူ့အိမ်ရာရောင်းချရေးကော်မတီ က ပြောသည်။

အဆိုပါတန်ဖိုးနည်းအိမ်ရာ များကို ရောင်းချပြီးစီးပါက ရောင်း၍ရသည့် ငွေပမာဏအပေါ် မူတည်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အိမ်ရာစီမံကိန်း များ ဆက်လက် အကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း ဦးညီညီက
ပြောကြားသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ အိမ်ရာများကို အခြေခံ ပြည်သူများ ဝယ်ယူနိုင်ရန် တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ဖြင့်လည်းကောင်း၊ ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်နှင့် အခြားမြို့နယ်များတွင် တန်ဖိုးသင့်အိမ်ရာအနေဖြင့်
တိုက်ခန်းတစ်ခန်း လျှင် ကျပ်သိန်း ၂၀၀ ကျော်မှ ကျပ်သိန်း ၆၀၀ အထိ ဈေးနှုန်းများဖြင့် ရောင်းချနေသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service