တန်ဖိုးနည်းတိုက်ခန်းဝယ်ယူခွင့်ပုံစံများ ရန်ကုန်ရှိခရိုင်အုပ်ချုပ်ရေးဦးစီးဌာနလေးခုတွင် စတင်ရောင်းချ

တန်ဖိုးနည်းတိုက်ခန်းဝယ်ယူခွင့်ပုံစံများ ရန်ကုန်ရှိခရိုင်အုပ်ချုပ်ရေးဦးစီးဌာနလေးခုတွင် စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
16 Feb 2018 12:40 pm တွင် တင်ခဲ့သည်
8604 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် တိုင်းအစိုးရ၏ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း ဝယ်ယူခွင့်ဖောင် များကို ရန်ကုန်ရှိခရိုင်လေးခုတွင် စတင်ရောင်းချပြီဖြစ်ပြီး ဘဏ်စုငွေ မရှိသူများလည်းဝယ်ယူနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနတို့၏ အစီအစဉ်ဖြင့် ရောင်းချပေးရန်ကြေညာထားသည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း ပေါင်း ၈၆၂ ခန်းကို ဝင်ငွေနည်းပြည် သူ ၃၅ ရာခိုင်နှုန်း၊ အစိုးရဝန်ထမ်း ၂၅ရာခိုင်နှုန်း၊ အငြိမ်းစားဝန်ထမ်း ၁၅ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကကုမ္ပဏီ ဝန်ထမ်း ၂၅ ရာခိုင်နှုန်း ရောင်းချ ပေးရန် လျာထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန် တိုင်းညွှန်ကြားရေးမှူး ဦးယုခိုင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြော သည်။

လက်ရှိတွင်အဆိုပါ အိမ်ခန်း များအတွက် ဖောင်များကိုဝင်ငွေ နည်းပြည်သူ၊ အစိုးရဝန်ထမ်း၊ အငြိမ်း စားဝန်ထမ်းနှင့် ပုဂ္ဂလိကကုမ္ပဏီ ဝန်ထမ်းအတွက်ဟူ၍ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ ပန်း ရောင် အရောင်လေးမျိုးခွဲကာ ရန် ကုန်တိုင်းရှိ ခရိုင်လေးခုတွင် ဝယ် ယူနိုင်ပြီဖြစ်ပြီး ဖောင်ရောင်းချချိန် နှင့် ဖောင်ပြန်တင်ရမည့်အချိန်ကို မတ်လ ၁၆ ရက်နေ့အထိ သတ် မှတ်ထားကြောင်း သိရသည်။

""ဖောင်တွေကိုခရိုင်လေးခုမှာ အရောင်လေးမျိုးနဲ့ ရောင်းချပေး မှာဖြစ်ပါတယ်။ အခုတစ်ခါလျှောက် ထားလိုသူတွေအနေနဲ့က မြို့ပြနဲ့အိမ် ရာဖွံ့ဖြိုးရေးဘဏ်မှာ စုဆောင်းငွေ မရှိထားတဲ့သူအနေနဲ့လည်း ရန်ကုန် တိုင်းမှာ ပြည်သူ့အိမ်ရာစီမံကိန်း ရောင်းချရေးကော်မတီဆိုပြီး ဖွဲ့ထား တာရှိပါတယ်။

အဲဒီကော်မတီရဲ့အ ကြောင်းကြားစာပါရင် ကျွန်တော် တို့ဌာနက ရောင်းချပေးသွားမှာဖြစ် ပါတယ်။ ငွေလက်ငင်းအကျေချေ နိုင်ရင်လည်း ရောင်းပေးမှာဖြစ်သလို၊ ကော်မတီရဲ့စာနဲ့ အကြောင်းကြား လာရင် CHD ဘဏ်ကို တစ်ဆင့် လည်း အိမ်ရာတန်ဖိုး၂၀ ရာခိုင်နှုန်း သွင်းရုံနဲ့ဝယ်ခွင့် ရမှာဖြစ်ပါတယ် ""ဟု ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

ယင်းတိုက်ခန်းများကို ၅ နှစ်၊ ၈နှစ်၊ ၁၀နှစ်၊ ၁၅နှစ် အရစ်ကျဖြင့် ဝယ်ယူနိုင်ကြောင်း တန်ဖိုးနည်းတိုက် ခန်းဈေးမှာ ကျပ် ၉၈ သိန်းဝန်းကျင် မှ ကျပ်သိန်း ၁၃၀ ဝန်းကျင်နှင့် တန် ဖိုးသင့် တိုက်ခန်းများမှာ ကျပ်သိန်း ၃၀ဝ မှ ကျပ်သိန်း ၅၀ဝ၊ ကျပ်သိန်း ၆၀ဝ အထိဖြစ်ကြောင်း သိရသည်။

ရောင်းချပေးမည့် တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာများမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့ သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနအိမ် ရာအပိုင်း (၁)နှင့် (၂)၊ ကနောင်အိမ် ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီး ပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့ နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ထီးလှိုင် အိမ်ရာ၊ မြောက်ဥက္ကလာပမြို့နယ် ရှိ ရွှေပေါက်ကံအိမ်ရာတို့မှ တိုက် ခန်းများဖြစ်သည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service