အိမ်ရာတိုက်တာဆောက်လုပ်ခြင်းထက် လယ်ယာအဆင့်မြင့်မြေကွက်များ ဖော်ထုတ်ခြင်းက ပိုပြီးအရေးကြီး

အိမ်ရာတိုက်တာဆောက်လုပ်ခြင်းထက် လယ်ယာအဆင့်မြင့်မြေကွက်များ ဖော်ထုတ်ခြင်းက ပိုပြီးအရေးကြီး - Property News in Myanmar from iMyanmarHouse.com
9 Feb 2018 11:12 am တွင် တင်ခဲ့သည်
4921 ကြိမ် ကြည့်ရှု့ပြီး
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး (၁၅)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ လယ်ယာကဏ္ဍဆိုင်ရာ မေးခွန်းများ မေးမြန်း ဖြေကြားခြင်း၊ မြန်မာသမိုင်းအဖွဲ့ ဥပဒေကြမ်းတင်သွင်းခြင်း နှင့် စက်မှုလယ်ယာစနစ်ဖော်ထုတ်ခြင်းလုပ်ငန်း အရှိန် အဟုန်မြှင့်တင်ရေးအဆိုအား ဆွေးနွေးခြင်း၊ အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်ခြောက် ဦး၏ လယ်ယာကဏ္ဍ၊ ဆည်မြောင်းကဏ္ဍနှင့် နိုင်ငံပိုင်စက်ရုံ များငှားရမ်းခြင်းဆိုင်ရာ မေးခွန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။

သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး၏ သာစည်မြို့နယ် အတွင်းရှိ ညောင်ရမ်း-မင်းလှကန်ပေါင်အား ပုံစံကျ တည် ဆောက်ပေးရန်နှင့် ရေပေးဝေနေသော အမှတ်(၁)၊ အမှတ် (၅)မြောင်းများကို ပုံစံကျပြန်လည်တူးဖော်ပေးရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ညောင်ရမ်း-မင်းလှ ကန်အမှတ်(၁)နှင့် အမှတ်(၅)မြောင်းများ ပုံစံကျပြန်လည် တူးဖော်ခြင်းနှင့် ရေပေးအဆောက်အအုံများ ပြုပြင်ခြင်း လုပ်ငန်းများအတွက် လိုအပ်ရန်ပုံငွေကို ပြည်ထောင်စုရန်ပုံ ငွေတွင် တင်ပြတောင်းခံခဲ့ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိ ခြင်းမရှိခဲ့ပါသဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း မရှိပါ ကြောင်း။

လိုအပ်ရန်ပုံငွေကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ဆက်လက်တင်ပြတောင်းခံရန် လျာထားပြီးဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြု ရန်ပုံငွေရရှိမှုပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၏ ပေါင်မြို့နယ် အတွင်းရှိ ကျေးရွာများအနီးတွင် ပေါ်ထွန်းနေသော မြေနု ကျွန်း(သောင်နုမြေ)များအား လယ်မဲ့ယာမဲ့တောင်သူများ ကို ၂ဝ၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့်အညီ ဦးစားပေး ခွဲဝေပေးခြင်းမရှိဘဲ နီးစပ်ရာ အခြားသော ပြင်ပပုဂ္ဂိုလ် အဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်ပြုခဲ့သည့် မြို့နယ်လယ်/ စီအဖွဲ့အပေါ် မည်သို့အရေးယူဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပေါင်မြို့နယ်အတွင်း ရှိ ကျေးရွာများအနီးတွင် ပေါ်ထွန်းနေသည့်မြေများသည် မြေနုကျွန်းမြေများနှင့် မြေနုကျွန်းမှတည်မြဲလာသော မြေရင့်များဖြစ်ပါကြောင်း၊ အဆိုပါမြေများ လုပ်ပိုင်ခွင့် ချထားခြင်းနှင့် စပ်လျဉ်းပြီး ၂ဝ၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ နီးစပ်ရာအခြားသော ပြင်ပပုဂ္ဂိုလ်အဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းမရှိပါကြောင်းနှင့် အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သော ကိစ္စရပ်ဖြစ်သည့် အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား အရေး ယူရန်မရှိပါကြောင်း ဖြေကြားသည်။

မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၏ မိုင်းပန်မြို့ နယ်အတွင်း လယ်ယာမြေများ ရေလုံလောက်စွာ ပေးနိုင် ရန်၊ နွေရာသီရေရှားပါးမှုပြဿနာ ဖြေရှင်းနိုင်ရန်၊ မြို့ရေ ပေးဝေမှု လုံလောက်နိုင်ရန်အတွက် နန့်ပန်ချောင်းဖျား ဝိုးလိုင်းဒေသတွင် အလတ်စားရေလှောင်တမံတစ်ခု တည် ဆောက်ပေးရန်နှင့် အသေးစားချောင်းပိတ်ဆည်ဖြစ်သော လဝဆည် တိမ်ကောလာမှုကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံ ငွေတွင် တည့်သွင်းတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ရန်ပုံ ငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လဝရေလွှဲဆည် သဲနုန်းတူးဖော်ခြင်းလုပ်ငန်း အား ယခုနှစ် မတ်လပထမပတ်တွင် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများကို အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ နိုင်ငံပိုင်စက်ရုံ အချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ အခကြေးငွေနှင့် နှစ်ချုပ်စာချုပ်ချုပ်ပြီး ငှားရမ်းရာတွင် ငှားရမ်းလုပ်ကိုင် သူအနေဖြင့် မူလငှားရမ်းစဉ် လုပ်ကိုင်သောလုပ်ငန်းမှာ အဆင်မပြေတော့သောကြောင့် အခြားလုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ်ဆောင်ရာတွင် နိုင်ငံတော်သို့ ပေးဆောင်ရ သော အခကြေးငွေကို နှုန်းထားပြောင်းလဲပြီး စာချုပ်ချုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ငှားရမ်းလုပ်ကိုင် သူအနေဖြင့် မူလငှားရမ်းလုပ်ကိုင်သည့် လုပ်ငန်းအဆင် မပြေသည့်အတွက်ကြောင့် အခြားလုပ်ငန်းတစ်ခုသို့ ပြောင်းလဲဆောင်ရွက်လိုလျှင် အငှားချထားသောဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန် မြေအသုံးချမှု၊ အဆောက်အအုံ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် ဝန်ကြီးဌာန၏ခွင့်ပြု ချက်ကို ပြန်လည်ရယူစေပါကြောင်း၊ ငှားရမ်းခများကို လိုအပ်ပါကThird Party ဖြင့် ကွင်းဆင်းစစ်ဆေးပြီး သင့်လျော်မှုရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြ အတည်ပြု ချက်ရယူ၍ စာချုပ်ပြင်ဆင်ချုပ်ဆို ဆောင်ရွက်လျက်ရှိပါ ကြောင်း ဖြေကြားသည်။

ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၏ ဒေးဒရဲ မြို့နယ် နှစ်သီးစားလယ်များတွင် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ် နှစ်နှစ်ဆက်တိုက် မိုးစပါးစိုက်လယ်ဧကများ ပျက်စီးနေခြင်းကိစ္စနှင့်ပတ်သက်သည့် မေးခွန်းနှင့်စပ်လျဉ်း ၍ ရေကြီးနစ်မြုပ်မှုကို ရှောင်လွှဲနိုင်စေရန်အတွက် ရေနုတ် မြောင်းတူးဖော်ခြင်းနှင့် စိုက်ချိန်ကာလကို စောစောစိုက် ပျိုးနိုင်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ ၂ဝ၁၇ ခုနှစ် မိုးစပါးရာသီတွင် ဒေးဒရဲမြို့နယ်၏ မိုးစပါးပျက်စီးမှုကြောင့် တောင်သူလယ်သမားများ နစ်နာ မှုရှိကြောင်း သိရှိမှုအပေါ် ထောက်ပံ့ပေးနိုင်ရေးနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်စိစစ် ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သီးနှံပျက်စီးမှုအတွက် ထောက်ပံ့ပေးရမည့် စာရင်းအပေါ် တွင် သဘောထားပြန်ကြားပေးနိုင်ရန် အတွက်ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ညှိနှိုင်းစာပေးပို့ထားပြီးဖြစ်ပါ ကြောင်း ဖြေကြားသည်။

ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုး၏ ဗန်းမောက်မြို့ နယ်အတွင်း ပင်ပုံကျေးရွာအုပ်စု ရွှေနစ်ရွာအနီး ချောင်းကြီးချောင်း ရေလွှဲဆည် တည်ဆောက်ပြီး ခုနစ်လအတွင်း ပျက်စီးသွားခြင်း ကိစ္စအား မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ အဆိုပါရေလွှဲဆည်၏ ပျက်စီးနေ သော အပိုင်းများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင်စတင်၍ မင်းပြည့်စုံ ကုမ္ပဏီမှ တာဝန်ယူပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ရာ ပြုပြင်ခြင်း လုပ်ငန်းအားလုံး ပြီးစီးသွားပြီဖြစ်ပါကြောင်း၊ နောင်တွင် ယခုကဲ့သို့ တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနည်းပညာရပ်ဖြင့် ဆောင်ရွက်အကောင် အထည်ဖော်သည့် ဌာနများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက် သင့်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီးသို့ အသိပေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ဖြေကြားသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ''မြန်မာသမိုင်း အဖွဲ့ဥပဒေကြမ်း'' ကို တင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း သည့် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည် စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ ထားသည်။

ယင်းနောက် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် တင်သွင်းထားသည့် ''စက်မှုလယ်ယာ စနစ် အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင်မြင်ရန်အတွက် ဧက ကွက်များ ဖော်ထုတ်ခြင်းလုပ်ငန်းကို အမြန်ဆုံးအရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း'' အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးတို့က ဆွေးနွေးကြသည်။

လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးက အဆင့်မြင့် လယ်ယာမြေဧကကွက်များ ဖော်ထုတ်ခြင်းဖြင့် လယ်ယာ မြေကွက် တစ်ကွက်ချင်းအလိုက် ရေကိုလိုအပ်သလို အထုတ်အသွင်းပြုနိုင်ခြင်း၊ လယ်ကွက်တိုင်းတွင် ကိုယ်ပိုင် ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများ ရှိလာခြင်း၊ ပုံစံမကျဘဲ ပြန့်ကျဲနေသောလယ်ကွက်များကို ပုံစံကျသော လေးထောင့်ကွက်များအဖြစ် ပြောင်းလဲပေး နိုင်ခြင်း၊ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ခြင်း၊ သီးနှံအထွက်နှုန်းတိုးတက်ခြင်း၊ လယ်ယာလုပ်သား လို အပ်ချက်များကို လျှော့ချနိုင်ခြင်း၊ ပိုလျှံလာသော လုပ်သား အင်အားများကို အခြားကုန်ထုတ်လုပ်ငန်းများတွင် အသုံးပြု နိုင်ခြင်း၊ ရိတ်သိမ်းစရိတ်ကို လျှော့ချနိုင်ခြင်း၊ လေလွင့် ဆုံးရှုံးမှုများကို သက်သာစေခြင်း၊ လူမှုစီးပွားဘဝတိုးတက် မြင့်မားလာခြင်း စသည့် အကျိုးကျေးဇူးကို ရရှိစေပါကြောင်း ဆွေးနွေးသည်။

ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်က ခေတ်မီ စိုက်ပျိုးရေးနည်းပညာများကြောင့် အထွက်နှုန်းသိသာစွာ တိုးလာပြီး ရရှိလာမည့် အကျိုးကျေးဇူးများကို တောင်သူ များ တိုက်ရိုက်ခံစားကြရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း လယ်ယာမြေများကို အဆင့်မြှင့်ရာတွင် ကုန်ထုတ်လမ်းများ၊ ရေနုတ်မြောင်းများ ထည့်သွင်းဖော်ဆောင်ရမည်ဖြစ်သည့် အတွက် တောင်သူများထည့်ဝင်ထားသည့် လယ်ဧက အပြည့်ပြန်မရနိုင်ဘဲ ဧကလျော့နည်းသွားသည့်အတွက် လုပ်ငန်းဖော်ဆောင်ရာတွင် တောင်သူများ တွန့်ဆုတ် သွားနိုင်ပါကြောင်း၊ မြေယာအငြင်းပွားမှုများဖြစ်ပေါ်လာ ပါက ဖြေရှင်းပေးရမည့်ကိစ္စများကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ချီတက်မည်ဟု ကြွေးကြော်သည်မှာ နှစ်ပေါင်း ၅ဝ နီးပါးရှိနေပြီဖြစ်ပါကြောင်း၊ ယနေ့အချိန်ထိ လက်တွေ့မလုပ်ဆောင်နိုင်သေးပါကြောင်း၊ အိမ်ရာ တိုက်တာဆောက်လုပ်ခြင်းထက် လယ်ယာအဆင့်မြင့် မြေကွက်များ ဖော်ထုတ်ခြင်းက ပိုပြီးအရေးကြီးပါကြောင်း၊ ရာသီဥတုဖောက်ပြန်ခံရမည့် အဆင့်(၂)ရှိသည့် မြန်မာ နိုင်ငံသည် စက်မှုလယ်ယာအဆင့်ရောက်အောင် ဆောင်ရွက် မှသာ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကျော်ဖြတ်နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေဇင်လတ်၊ လောင်းလုံးမဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီ၊ ပေါက်ခေါင်းမဲဆန္ဒနယ် မှ ဒေါ်နီနီဒွန်း၊ သာယာဝတီမဲဆန္ဒနယ်မှ ဦးအောင်မြင့်၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ ဝက်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်းနှင့် ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်းတို့ကလည်း အကြံပြုဆွေးနွေးကြသည်။

အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံတော်အနေဖြင့် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အထိ စနစ်ကျလယ်ယာမြေ စုစုပေါင်း ဧက ၆၂၃ဝဝ ကျော်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရေးလုပ်ငန်းတွင် ရေသွင်းရေထုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများပါရှိပြီး ထောင့်မှန်စတုဂံပုံဧကကွက် များကို မြေညီညာမှုရှိအောင် ဖော်ထုတ်ရခြင်းဖြစ်ပါ ကြောင်း၊ ကုန်ကျစရိတ် များပြားမှုရှိပါကြောင်း၊ လယ်မြေ အနေအထားအပေါ် မူတည်ပြီး တစ်ဧကလျှင် ကုန်ကျ စရိတ်ကျပ် ၁၂ သိန်းမှ သိန်း ၂ဝ ထိ ကျသင့်မှုရှိပါကြောင်း၊ တောင်သူများ၏အခြေအနေမှာ ကုန်ကျစရိတ်ကျခံနိုင်မှု အင်အားနည်းသည့်အတွက် နိုင်ငံတော်က အခမဲ့ဖော်ထုတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးမြေဧရိယာ များပြားသည့်အတွက် ရေရှည်အခမဲ့ဖော်ထုတ်ဆောင်ရွက် ပေးရန် အခက်အခဲရှိနိုင်ပါကြောင်း၊ လက်ရှိဖော်ထုတ် ဆောင်ရွက်မှုအတွေ့အကြုံများအရ တောင်သူတစ်ဦးချင်း၏ ပိုင်ဆိုင်မှုမှာ ဧကအနည်းငယ်သာဖြစ်သည့်အတွက် တစ်ကွင်းတစ်စပ်တည်းဖော်ထုတ်ရန် စည်းရုံးဆောင်ရွက် ရာတွင် တောင်သူအားလုံး၏ သဘောတူညီမှုရှိရေးသည် အဓိကအချက်ဖြစ်ပါကြောင်း၊ အများစု သဘောတူညီ သော်လည်း ကန့်ကွက်သူများပါဝင်နေသည့်အတွက် စည်းရုံး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဆွေးနွေးသည်။

ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service