အရှုံးထဲကအမြတ်

အရှုံးထဲကအမြတ် - Property News in Myanmar from iMyanmarHouse.com
16 Nov 2017 11:34 am တွင် တင်ခဲ့သည်
4888 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိထွက်သမျှ စာနယ် ဇင်းက ဂျာနယ် မဂ္ဂဇင်း တို့တွင် အိမ်ခြံမြေဈေးကွက် အအေးပတ် နေသည့်အကြောင်းပဲ တွေ့နေရသည်။ နေ့စဉ်ထုတ်သတင်းစာတို့တွင်လည်း အိမ် ခြံမြေအကြောင်းမပါသည့် နေ့မရှိသလောက် ဖြစ်သည်။

နာရေး၊ သာရေးနှင့် မြေယာ အရှုပ်အရှင်းကြော်ငြာများသည် သတင်း စာတို့တွင် ဟင်းခွက်တိုင်း လျှာရင်းမြတ် အောင် ဆားခတ်နေရသည့်ပမာ တွေ့ရ သည်။

အေးစက်နေတဲ့ အိမ်ခြံမြေဈေး ကွက်ကြီးကို အပူပေး အငွေ့ထွက်အောင် ဈေးကွက်ဖော်ဆောင်ပြီး iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၀ဘ်ဆိုက်သည်လည်း တစ်တပ်တစ်အား တစ်ထောင့်တစ်နေရာက
လည်ပတ်နိုင်အောင် ပြုလုပ်ပေးနေသည်။

မြင့်မားလှသောမြေဈေးတို့အပေါ် ဆောက်လုပ်ထားသော တိုက်တာအဆောက် အအုံတို့သည်လည်း အရင်းကျေ အမြတ် ကျန်အောင်တော့လုပ်ကြရရာ ထိုအဆောက် အအုံတို့၏ဈေးသည်လည်း မြင့်ခဲ့ကြသည်။

နိုင်ငံအနှံ့အပြား တောခြုံအုံကြား မြေဈေး တို့ ကစားကြသည်။ ထိုမြေကိုအရင်းတည် ပြီး ဆောက်ကြသည်။ ကုန်ထုတ်လုပ်ငန်း တို့သည် ထိုသဘောအတိုင်းဖြစ်ကုန်သည်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံလိုသူတို့သည် လည်း ထိုမြေဈေးနှင့်
မတည်ငြိမ်သော ဥပဒေတို့ကြောင့် ၀င်ဖို့နှောင့်နှေးကုန်ကြ သည်။ အဆမတန်လေးမှုတ်သွင်းခြင်းခံ ကြရသော ပူဖောင်းတို့သည် လွင့်ပျံနေကြ သည်။ ခေတ်ကောင်းတုန်းက ပျော်ရွှင်သံ တို့ ညံခဲ့ကြသည်။ ဖောက်ထွင်းမည့်ဆူး ကိုမေ့နေခဲ့ကြသည်။

အိမ်ခြံမြေပူဖောင်း ဆူးခက်ငြိ ခဲ့ပြီ။ ဖြေရှင်းပျံသန်းနိုင်ဖို့ အဖြေရှာကြ ရပါမည်။ အိမ်ခြံမြေလုပ်ငန်း၏ ဂယက် သည် ဘဏ်တို့နှင့် ဆက်စပ်ပတ်သက်နေ သည်။ တစ်ပင်ပေါ် တစ်ပင်ထပ်မလဲဖို့ တော့လိုသည်။

ရတုန်းကပျော်ခဲ့ကြသလို မရ တော့လည်း မော်ဝံ့နိုင်ဖို့လိုသည်။ အကျိုး ဖြစ်ခဲ့ပြီမို့ အကြောင်းရှာပြီး ကောင်းနိုင် တာတွေကို ဖြစ်အောင်လုပ်ကြဖို့လိုပါ သည်။ ပူဖောင်းပေါက်တော့လည်း ဖာထေးနိုင်သမျှ ဖာထေးပြီး ရွက်လွှင့်ပျံသန်း
နိုင်အောင်တော့ လုပ်ကြရမည်။ ဒူးတုပ် လို့ လည်စင်းခံကြရမည်လား။ အဖြေ တော့ရှာရမည်။ ရှိရမည်။

ငွေကြေးရင်းနှီးမှုများပြားလှ သော လုပ်ငန်းကြီးများသည် ရိုးသားဖို့ တော့လိုသည်။ တစ်နပ်စားညဏ်နှင့် ကြံကြရင်တော့ ခံကြရဖို့များသည်။ ဆောက် လုပ်ရေးလုပ်ငန်းတို့တွင် မရိုးသားသူတို့ ၏ လုပ်ဆောင်ချက်များကြောင့် ဈေးကွက်
ပျက်ခဲ့ကြရသည်။ ဆောက်လုပ်ရေးလုပ်ငန်း တို့၏ ကြိုပွိုင့်စနစ်သည် စည်းကမ်းဥပဒေ ကျနစွာနှင့် ရိုးသားခဲ့ကြမည်ဆိုပါလျှင် လမ်းအခွင့်ကောင်းတို့မှာ ဆက်ပြီးသွား နိုင်ကြမှာဖြစ်သည်။ ထိုအခွင့်ကောင်းကို မကောင်းကြံခဲ့ကြသောအခါတွင် ကိုယ့် လမ်းကိုယ်ဖျက်ကြသည့်ပမာ ဖြစ်ကုန် သည်။

မိမိပုံရိပ်ကို ဂုဏ်ဟိတ်တင်ပြီး ကောင်းအောင်ကြိုးစားခဲ့သော ဆောက် လုပ်ရေးလုပ်ငန်းတို့ပါ ထိခိုက်ကုန်သည်။ ယခုအခါ မြေရှင်မှာလည်း ကန်ထရိုက် အပေါ်တွင် သံသယဖြစ်၊ ၀ယ်သူကလည်း ကန်ထရိုက်အပေါ် သံသယဖြစ်နှင့် မိမိ
အိတ်ထဲက အပြည့်အ၀ငွေကြေးစိုက်ထုတ် လို့ မလုပ်နိုင်လျှင် ဆောက်လုပ်ရေးမလုပ် နဲ့ဟု ပြောကြရမလိုဖြစ်လာသည်။

ဘဏ် ဆိုသည်ကလည်း ပြည်သူလူထု၏ အပ်နှံ ငွေများနှင့် ရင်းနှီးလည်ပတ်ကြရသည်။ ခိုင်မာမှုမပြနိုင်ဘဲနှင့် ချေးငွေပေးဖို့ ခက်ပါသည်။ မရိုးသားကြပါလျှင် ဆက်နွယ် ပျက်စီးမှုက ကြီးနိုင်သည်။အေးစက်မှုရှိနေသည်ဟု ဘယ်လောက်ရေးသားပြောဆိုနေကြသော်လည်း ရောင်းကုန်ရှိသမျှ ရောင်းကြရမည်ဖြစ် သည်။ လိုအပ်သူတို့လည်း အမြဲရှိနေကြ သည်။ ဈေးကွက်ဝယ်လိုအားရှိသော ပုံစံ တို့ကို ပြောင်းလဲ၍ များများရောင်းချနိုင် အောင် လုပ်ကြရမည်။ လုပ်ငန်းတို့ပျက် လျှင် အလုပ်ရှင်တို့ထိခိုက်ကြမည်။လုပ်သား တို့လည်း အလုပ်လက်မဲ့ဖြစ်ကြရမည်။ ယခုဈေးကွက်ဝယ်လိုအားသည် တန်ဖိုး သင့်၊ တန်ဖိုးမျှတ အိမ်ရာများကို အများ ဆုံးတောင်းဆိုနေကြသည်။

iMyanmarHouse.com (အိုင် မြန်မာဟောက်စ်ဒေါ့ကွန်း)၏ ဆဋ္ဌမ အကြိမ် အိမ်ခြံမြေအရောင်းပြပွဲကြီးတွင် လာရောက်ကြည့်ရှု ၀ယ်ယူသူတို့၏မေး မြန်းမှုများသည်လည်း အရစ်ကျပေးသွင်း ငွေနည်းနည်းနှင့် တတ်နိုင်သော အိမ်ခန်း
တိုက်ခန်းတို့ကို အမေးများပြားကြသည် ကိုကြည့်၍ ဆောက်လုပ်ရေးလုပ်ငန်းရှင် တို့အနေနှင့် အများစုလိုအပ်သော တတ်နိုင်သော အိမ်ရာတိုက်ခန်းတို့ကို ရိုးသား ဖြောင့်မတ်စွာ ဖော်ဆောင်ရောင်းဝယ်ကျပါ လျှင် အရှုံးထဲက အမြတ်ထွက်လာနိုင်စရာ လမ်းကြောင်းသည်ဟု ထင်မြင်မိပါသည်။

ဦးအောင်ခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service