ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး - Property News in Myanmar from iMyanmarHouse.com
19 Jun 2025 10:51 am တွင် တင်ခဲ့သည်
339 ကြိမ် ကြည့်ရှု့ပြီး

ပြင်သစ်နိုင်ငံအလယ်ပိုင်း Loire တောင်ကြားဒေသ၊ အွန်ဘွိုက်စ်မြို့ (Amboise) ရှိ စားသောက်ဆိုင်တစ်ခု၏ တင်းကြပ်သော စည်းမျဉ်းအပေါ် လူမှုကွန်ရက်တွင် အမျိုးမျိုးအဖုံဖုံ ပြောဆိုဝေဖန်လျက်ရှိကြသည်။

အွန်ဘွိုက်စ်မြို့မှ ထိုင်ခုံ ၂၀ သာဆန့်သော Lilot အမည်ရှိ စားသောက်ဆိုင်လေး၏ စားဖိုမှူး၊ ဆိုင်ရှင်ဖြစ်သူ အိုလီဗီယာ ဗင်းဆင့် (ပြင်သစ်အသံထွက်အားဖြင့် အော်လီဗြီ ဗာဆွန်း) သည် ကြိုတင်စာရင်းပေးထား (reservation) သည့် လူဦးရေထက် ပိုရောက်လာခြင်း၊ လျော့နည်းရောက်ရှိလာခြင်းများအပေါ် ဒဏ်ကြေးကောက်ခံမှုများ စတင်လုပ်ဆောင်လျက် ရှိသည်။

ကြိုတင်စာရင်းပေးထားသည့်ဦးရေအောက် လျော့နည်းရောက်ရှိလာခြင်း၊ လူပိုများပြားလာခြင်းများ မကြာခဏ ရင်ဆိုင်လာရပြီးနောက် ဗင်းဆင့်က ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

(L’îlot စားသောက်ဆိုင်သည် လက်ရှိအားဖြင့် Google တွင် ကြယ်အဆင့် 4.7 ရရှိထားသည်။ အမြင်အားဖြင့် အညတရဖြစ်သော်လည်း အစားအသောက်အလွန်ကောင်းသည်ဟု နာမည်ကြီးသည်။ ဓာတ်ပုံ-The Island Restaurant / Facebook)

ဗင်းဆင့်က Facebook တွင် ရေးသားဖော်ပြခဲ့သည်မှာ လူဦးရေ အပြောင်းအလဲရှိသည်ကို ကြိုတင်အသိမပေးပါက လျော့နည်းသွားသူ (သို့မဟုတ်) လူဦးရေပိုလာသူ တစ်ဦးလျှင် ၁၅ ယူရို (ကန်ဒေါ်လာ ၁၇ ဒသမ ၂၇ ဒေါ်လာ) ကောက်ခံသွားမည်ဖြစ်ကြောင်း ဆိုသည်။

(ဗင်းဆင့်က Facebook ပို့စ်တွင် “အခုချိန်ကစပြီး ကြိုတင်စာရင်းပေးထားတဲ့ လူဦးရေအတိုင်း ရောက်မလာရင် လူကြီးမင်းတို့အနေနဲ့ လျော့နည်းသွားတဲ့ လူဦးရေအတွက် (ဒါမှမဟုတ်) ပိုလာတဲ့ လူဦးရေအတွက် တစ်ဦးကို ၁၅ ယူရိုကောက်ခံမှာဖြစ်ပါတယ်” ဟု ရေးသားဖော်ပြထားသည်။ ဓာတ်ပုံ-The Island Restaurant / Facebook)

ဗင်းဆင့်သည် ထိုပြဿနာကို ကိုဗစ်ကပ်ဘေးကာလကတည်းက အမြဲလိုလို ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ပြီးခဲ့သော တနင်္ဂနွေနေ့ကမူ ညစာလာရောက်စားသောက်မည့်သူတစ်ဦးက booking စာရင်းပေးမှုကို အကြိမ်ပေါင်းများစွာ ပြောင်းလဲမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

(ကြိုတင်စာရင်းပေးထားသည့် လူဦးရေနှင့် မကိုက်ညီမှုများကို ကိုဗစ်ကပ်ဘေးကာလကတည်းက ကြိမ်ဖန်များစွာ ရင်ဆိုင်လာရကြောင်း ဗင်းဆင့်က ပြောသည်။ ဓာတ်ပုံ- Scott Griessel – stock.adobe.com)

“အမျိုးသမီးတစ်ဦးက စာရင်းပေးထားရာမှာ ပထမ ၈ ယောက်၊ နောက်တစ်ခါ ၉ ယောက် ..စသဖြင့် အီးမေး ၁၀ စောင်လောက်ပို့နေပြီး နောက်ဆုံးကျ ၇ ယောက်ပဲ ရောက်လာပါတယ်။ ကြိုတင်အကြောင်းကြားတာ တောင်းပန်တာ မလုပ်ခဲ့ပါဘူး” ဟု ဗင်းဆင့်က နယူးယောက်ပို့စ် သတင်းဌာနသို့ ပြောသည်။

ထိုင်ခုံနည်းပါးသောဆိုင်ဖြစ်သောကြောင့် အတိအကျတွက်ချက် လည်ပတ်နေရရာ ကြိုတင်အကြောင်းကြားထားပါက ကမောက်ကမ ဖြစ်ရမှု မရှိနိုင်ကြောင်း ဗင်းဆင့်က ပြောသည်။

(အဓိကအကြောင်းရင်းမှာ ဆိုင်တွင် ထိုင်ခုံ ၂၀ သာ ရှိသောကြောင့် ဖြစ်သည်။ ဓာတ်ပုံ-The Island Restaurant / Facebook)

“လူတိုင်းဟာ အိတ်ထဲမှာ ၂၄ နာရီလုံး ဖုန်းရှိပါတယ်။ ကြိုတင်စာရင်းပေးတာ လုပ်ဖို့ အချိန်ရှိတယ်ဆိုရင် လူဦးရေ အပြောင်းအလဲကို အကြောင်းကြားဖို့ (ဒါမှမဟုတ်) မလာဖြစ်ဘူးဆိုတာ အသိပေးနိုင်ရမှာ ဖြစ်ပါတယ်” ဟု ဗင်းဆင့်က ပြောသည်။

သို့သော် လူတိုင်းကမူ ဗင်းဆင့်၏ စည်းမျဉ်းကို သဘောမတူချေ။

အချို့က ပြောသည်မှာ နောက်ဆုံးနီးကပ်သည့်အချိန်ရောက်မှ ကျန်းမာရေးအရေးပေါ်ကိစ္စဖြစ်လာခြင်းနှင့် မမျှော်လင့်ထားသော အခြေအနေတစ်ရပ်ပေါ်ပေါက်လာခြင်းတို့ ရင်ဆိုင်ရသူများအတွက် မမျှတကြောင်း ပြောသည်။

“ခင်ဗျားလည်း မီးဖိုဆောင်မှာ ပြဿနာတစ်ခုရှိလို့ စားသုံးသူက အကြာကြီးစောင့်နေရတယ်ဆိုရင် ၁၅ ယူရို ပြန်အမ်းလား” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Believe It Or Not, This French Restaurant Has A ₹1,500 Fine For No-Show

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service