အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ - Property News in Myanmar from iMyanmarHouse.com
18 Jun 2025 11:12 am တွင် တင်ခဲ့သည်
689 ကြိမ် ကြည့်ရှု့ပြီး

ဗီဂျေး ရူပနိ (Vijay Rupani) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် ၁၉၅၆ ခုနှစ်၊ သြဂုတ်လ ၂ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ဂျိန်းဘာနီယာမိသားစုတွင် ၇ ဦးမြောက်နှင့် အငယ်ဆုံးသားလည်း ဖြစ်သည်။

၁၉၆၀ ပြည့်နှစ်တွင် မြန်မာပြည်၌ နိုင်ငံရေး မငြိမ်သက်မှုများကြောင့် ၎င်းတို့မိသားစုမှာ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ ရာ့ဂျ်ကွတ်မြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။

ဖခင်ဖြစ်သူ ရာစစ်ကလား ရူပနိ (Rasiklal Rupani) မှာ မြန်မာပြည်တွင် ဆန်စပါးကုန်သည်ကြီးအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ဗီဂျေး ရူပနိမှာ အိန္ဒိယ၏ အဓိက ပါတီကြီး ၂ ခုအနက် BJP ပါတီ၏ ခေါင်းဆောင်ပိုင်းတွင် ပါဝင်သူ တစ်ဦးဖြစ်ပြီး ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

လက်ရှိ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီမှာလည်း BJP ပါတီဝင် ဖြစ်သည်။

((Air India လေကြောင်းလိုင်းမှ Flight 171 ၏ ကံကြမ္မာဆိုး))

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် Air India လေကြောင်းလိုင်း၏ Boeing 787-8 Dreamliner လေယာဉ်ကြီးသည် ဂူဂျာရတ်ပြည်နယ်၊ အမီဒါဘက်လေဆိပ်မှ လန်ဒန်မြို့သို့ ထွက်ခွာရန် ပျံတက်ရာ စတင်ထွက်ခွာပြီး စက္ကန့် ၃၀ သာရှိသေးချိန်တွင် အမီဒါဘက်မြို့၊ မီဂနီနာဂါအရပ်ရှိ B.J. Medical College မှ ဆေးကျောင်းသားတို့၏ အဆောင်ပေါ်သို့ ပျက်ကျသွားခဲ့သည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၂၃၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ တို့ လိုက်ပါသွားသည့်အနက် တစ်ဦးသာ အသက်ရှင်ပြီး ကျန်သူအားလုံး သေဆုံးခဲ့ရသည်။ ထို့အပြင် ဆေးကျောင်းသားအဆောင်ရှိ လူပေါင်း ၃၃ ဦးလည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

ထိုသို့ သေဆုံးကြရသူများတွင် လေယာဉ်ဖြင့် လိုက်ပါသွားသူ ဗီဂျေး ရူပနိလည်း ပါဝင်နေသည်။

((ဗီဂျေး ရူပနိနှင့် ၁၂ ဂဏန်းတို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုများ))

ဗီဂျေး ဆုံးပါးခဲ့ရသည်မှာ ဇွန်လ ၁၂ ရက် ၊ ရက်စွဲအနေဖြင့် ရေးသားမည်ဆိုပါက ၁၂-၀၆ တွင် ဖြစ်သည်။

ထိုဂဏန်း ၁၂၀၆ သည် တချိန်က ၎င်းအတွက် ကံကောင်းစေသော ဂဏန်းဟု ယူဆခဲ့ဖူးသည်။

မှတ်တမ်းများအရ ဗီဂျေး၏ ကားများအားလုံး၏ နံပါတ်မှာ ၁၂၀၆ ဖြစ်သည်ဟု ဆိုသည်။ ၎င်းအား ကံကောင်းစေခဲ့သော ၁၂၀၆ သည်ပင် ၎င်းသေဆုံးခဲ့ရသော ရက်စွဲဖြစ်နေသည်။

ဗီဂျေးနှင့် ၁၂ ဂဏန်း၊ ၁၂၀၆ ဂဏန်းများကြား အားကောင်းသည့် ဆက်နွှယ်မှုရှိသည်ဟု ယခင်ကတည်းက ဆိုခဲ့ကြသည်။

လန်ဒန်သို့ သွားမည့် ခရီးစဉ်တွင် သူ၏ ထိုင်ခုံနံပါတ်မှာ ၁၂ ဖြစ်ပြီး လေယာဉ်ပေါ်သို့ ဗီဂျေး တက်ရောက်ခဲ့ချိန်မှာ ၁၂း၁၀ pm ဖြစ်သည်။

ဗီဂျေးသည် လန်ဒန်တွင် နေထိုင်သော သမီးထံ အလည်အပတ်သွားရန် ယခုခရီးစဉ်တွင် လိုက်ပါခဲ့ခြင်း ဖြစ်၏။

သို့သော် ကြေကွဲဖွယ် လေယာဉ်ပျက်ကျမှုကြီးတွင် ဗီဂျေးမှာ အသက်ဆုံးပါးခဲ့ရသည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ “ရက်စွဲ ၁၂၀၆=၉ ၊ လေယာဉ်ခရီးစဉ် နံပါတ် ၁၇၁=၉” ဟု ဆိုသည်။

အခြားတစ်ဦးကမူ “ထိုင်ခုံနံပါတ်ကလည်း ၁၂။ သူပိုင်တဲ့ ကားတိုင်းရဲ့ ကားနံပါတ်က ၁၂၀၆၊ ကမ္ဘာကြီးကို သူကျောခိုင်းသွားတဲ့နေ့ကလည်း ၁၂/၀၆ ။ ဂဏန်းတွေကနေ ရက်စွဲတွေဖြစ်…ရက်စွဲတွေကနေ ကံကြမ္မာတွေ ဖြစ်…စင်္ကြာဝဠာကြီးက အမြဲတမ်းတော့ တီးတိုးမပြောတတ်ဘူး…တခါတလေမှာ ကျယ်ကျယ်လောင်လောင် ဟစ်အော်တတ်တယ်” ဟု မှတ်ချက်ပြုသည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် BJP ပါတီ ထိပ်တန်းခေါင်းဆောင်များသည် ဗီဂျေးဆုံးပါးကြောင်း သတင်းများထွက်ပေါ်လာအပြီး ၎င်း၏နေအိမ်သို့ သွားရောက်ကာ လွမ်းဆွတ်ဂါရဝပြုကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Vijay Rupani’s Mysterious Connection With 'Number 12': From Vehicle Number Plates To Final Flight Date

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service