အချက်အချာကျပြီး အားသာချက်များရှိနေ၍ ပဲခူးစက်မှုဇုန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်နိုင်ဟု တိုင်းဝန်ကြီးချုပ်ပြော

အချက်အချာကျပြီး အားသာချက်များရှိနေ၍ ပဲခူးစက်မှုဇုန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်နိုင်ဟု တိုင်းဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
14 Nov 2017 9:52 am တွင် တင်ခဲ့သည်
730 ကြိမ် ကြည့်ရှု့ပြီး
ထိုင်း၊ တရုတ်နှင့်အိန္ဒိယ နိုင်ငံတို့ကို ချိတ်ဆက်မည့် အာရှ လမ်းမကြီးပေါ်တွင် တည်ရှိနေပြီး လုပ်အားခဈေးချိုသည့်အခွင့်အ ရေးများရှိခြင်းကြောင့် ပဲခူးစက်မှု ဇုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာနိုင်မည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။

သင်္ဘောဆိပ်၊ လေဆိပ်များ မရှိသော်လည်း အာဆီယံနှင့် တ ရုတ်၊ အိန္ဒိယနိုင်ငံတို့၏ဆုံမှတ်နေ ရာအဖြစ် အသုံးပြုနိုင်သည့် ပဲခူးတိုင်းသည် ကုန်သွယ်ရေးအတွက်လည်း အခွင့်အလမ်းကောင်းများ ရှိလာနိုင်ကြောင်း ဝန်ကြီးချုပ်က မျှော်လင့်နေသည်။

အာဆီယံနှင့် တရုတ်၊ အိန္ဒိ ယနိုင်ငံတို့နှင့်ချိတ်ဆက်နေသည့် အာရှလမ်းမကြီးသည် မြန်မာနိုင်ငံ မြဝတီမြို့မှ စတင်ပြီး ပဲခူးတိုင်းကို ဖြတ်သန်း၍ မုံရွာမြို့မှ တစ်ဆင့် အနောက်ဘက်သို့သွားလျှင် အိန္ဒိ ယနိုင်ငံနှင့် မြောက်ဘက်သို့ သွားလျှင် တရုတ်နိုင်ငံသို့ သွားသည့် လမ်းကြောင်းဖြစ်သည်။

‘‘အခွင့်အလမ်းကောင်းတွေ က အများကြီးရှိပါတယ်။ နိုင်ငံ ခြားသားတွေကိုလည်း အများကြီးဆွဲဆောင်နိုင်မယ်လို့ ထင်ပါ တယ်’’ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုဝင်ဘာ ၉ ရက် တွင် အဆိုပါစက်မှုဇုန်၌ ပြုလုပ် သော Jotun Group စက်ရုံဖွင့်ပွဲ တွင် ပြောကြားသည်။

လက်ရှိ ပဲခူးစက်မှုဇုန်တွင် နော်ဝေးနိုင်ငံမှ အိမ်သုတ်ဆေး ကုမ္ပဏီအပါအဝင် တောင်ကိုရီး ယားနှင့် တရုတ်နိုင်ငံတို့မှ အထည်ချုပ် စက်ရုံများလည်း ဖွင့်လှစ်လည်ပတ်နေကြောင်း ၎င်းက ပြောသည်။

ပဲခူးစက်မှုဇုန်သည် ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိကာ ရန်ကုန်မြို့မှ မိုင် ၅၀ အတွင်း တည်ရှိပြီး လျှပ်စစ်မီးထောက်ပံ့ပေးနိုင်မည့် အာမခံပေး နိုင်မှု၊ မြေဈေးနှုန်းသက်သာမှုနှင့် အလုပ်သမားများ၏လုပ်ခလစာ သက်သာမှုတို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင် ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

ရန်ကုန်တိုင်းရှိ စက်မှုဇုန်များတွင် မြေဈေးကြီးမားမှုကနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသာမက ပြည်တွင်းလုပ်ငန်း တိုးချဲ့လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များ ပါ အခက်အခဲ ဖြစ်ရသည်ဟု လှိုင်သာယာ စက်မှုဇုန်ရှိ ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

‘‘ပဲခူးစက်မှုဇုန်ကို ရွေးချယ်ရတာ ကျွန်တော်တို့စက်ရုံအတွက် လိုအပ်တဲ့ အဆောက်အအုံတွေ တည်ဆောက်နိုင်တာအပါအဝင် လျှပ်စစ် ထောက်ပံ့ပေးနိုင်မယ့် အာမခံချက်တွေ ရရှိလို့ပါ’’ ဟု Jotun Group ကုမ္ပဏီအမှုဆောင်
အရာရှိချုပ် မစ္စတာ Mor Ten Fon က ပြောသည်။

နော်ဝေးအခြေစိုက် Jotun Group ကုမ္ပဏီသည် ပဲခူးစက်မှု ဇုန်၌ ကျပ် ၁၄ ဘီလီယံရင်းနှီး မြှုပ်နှံပြီး သင်္ဘောသုတ်ဆေး၊ အိမ်သုတ်ဆေးအမျိုးမျိုးတို့ကို ထုတ် လုပ်ရန် နိုဝင်ဘာ ၉ ရက်တွင် စက်ရုံစတင်ဖွင့်လှစ်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service