လန်ဒန်တွင် အိမ်ခြံမြေဈေးမြင့်သောကြောင့် စုပေါင်းစပ်ပေါင်းနေထိုင်သူများပြားလာ

လန်ဒန်တွင် အိမ်ခြံမြေဈေးမြင့်သောကြောင့် စုပေါင်းစပ်ပေါင်းနေထိုင်သူများပြားလာ - Property News in Myanmar from iMyanmarHouse.com
20 Oct 2017 10:42 am တွင် တင်ခဲ့သည်
5286 ကြိမ် ကြည့်ရှု့ပြီး
ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်မားနေ သောကြောင့် တိုက်တစ်လုံးတွင် စုပေါင်း စပ်ပေါင်းနေထိုင်သူ များပြားလာလျက်ရှိ ကြောင်း AFP သတင်းကဆိုသည်။

လန်ဒန်အနောက်မြောက်ပိုင်း တူးမြောင်းတစ်ခုဘေးတွင်ရှိသော ''ဝက်သစ်ချပင်အို'' အဆောက်အအုံကို ၂ဝ၁၆ ခုနှစ်တွင်ဖွင့် လှစ်ခဲ့ပြီး စုပေါင်းစပ်ပေါင်းနေထိုင်မှုစနစ်၏ ရှေ့ပြေးဦးဆောင်သူ ဖြစ်လာသည်။

ထို တိုက်တွင်နေထိုင်သူအများစုမှာ အသက် (၂ဝ)ကျော် လူငယ်လူလွတ်များဖြစ်သည်။ ကိုယ်ပိုင်သီးသန့်အခန်းများ ရှိသော်လည်း ရေချိုးခန်းနှင့် မီးဖိုချောင်ကိုမူ အားလုံးမျှ ဝေသုံးစွဲကြသည်။ ထိုအဆောက်အအုံတွင် ရေပူစမ်း၊ ကိုယ်ကာယလေ့ကျင့်ရေးရုံ၊ စာကြည့်တိုက်၊ အလုပ်ခန်း၊ စားသောက်ဆိုင်နှင့် ရုပ်ရှင်ရုံ တစ်ခုတို့ပင် ပါဝင်သည်။ နေထိုင်သူအားလုံးအတွက် ရေချိုးခန်းနှင့် မီးဖိုချောင်သီး သန့်နေရာမပေးရသဖြင့် ကုန်ကျစရိတ် သက်သာသည်ဟုဆိုနိုင်သည်။ တစ်နှစ် ဝင်ငွေ ပေါင်သုံးသိန်းခန့်ရှိသူများ နေထိုင် နိုင်ကြသည်။

လန်ဒန်မြို့တွင် နေထိုင်သူများသည် လစာ၏တစ်ဝက်ခန့်ကို နေထိုင်ရေးစရိတ်အဖြစ် သုံးစွဲနေရသည်ဟု အိမ်ခြံမြေအကျိုး ဆောင် James Mannix က ပြောသည်။ အိမ်ခြံမြေဈေးကြီးမှုကို ဝင်ငွေမကောင်း သေးသောလူငယ်များက အဆိုးဆုံးကြုံတွေ့ ခံစားနေရသည်ဟု ၎င်းကဆိုသည်။

လန်ဒန် မြို့လယ်တွင် တစ်လအခန်းငှားခ ပေါင် ၁၆ဝဝ ခန့်ရှိပြီး မြို့စွန်တွင် ၁ဝဝဝ ခန့်ရှိသည်။ ထိုကဲ့သို့သော စုပေါင်းစပ်ပေါင်းနေထိုင်မှုများသည် အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးများတွင်လည်း တွင်ကျယ်လာလျက်ရှိသည်။

Credit :AFP

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service