အမေရိကန်ကုမ္ပဏီက မလေးရှားတွင် ဂိုဒေါင်များရှာဖွေလျက်ရှိပြီး ကန်ဒေါ်လာ ၂၅ သန်းခန့် သုံးစွဲမည်

အမေရိကန်ကုမ္ပဏီက မလေးရှားတွင် ဂိုဒေါင်များရှာဖွေလျက်ရှိပြီး ကန်ဒေါ်လာ ၂၅ သန်းခန့် သုံးစွဲမည် - Property News in Myanmar from iMyanmarHouse.com
2 Jan 2017 11:30 am တွင် တင်ခဲ့သည်
2311 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်သော Guidance Investments သည် အရှေ့တောင်အာရှဈေးကွက် ဝင်ရောက်ရန် ကြိုးပမ်းသည့်အနေဖြင့် မလေးရှားတွင် ဂိုဒေါင်များရရှိနိုင်မည့် အလားအလာကို ရှာဖွေလျက်ရှိကြောင်း ယင်းကုမ္ပဏီ၏ အာရှအိမ်ခြံမြေကဏ္ဍ မန်နေးဂျင်းဒါရိုက်တာ ပီးယပ်စ် ဟိုက ပြောကြားသည်ဟု မလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

“ကွာလာလမ်ပူ၊ ပီနန်နဲ့ ဂျိုဟာဘာရူးတို့မှာ ဂိုဒေါင်တွေရှာဖွေလျက်ရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ သင့်တော်တဲ့တစ်ခုမှ မတွေ့သေးပါဘူး” ဟု ပီးယပ်စ်က ပြောကြားသည်။

Guidance Investments သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်တွင် တည်ရှိပြီး Guidance Financial Group ၏ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲသည့် ကုမ္ပဏီခွဲတစ်ခု ဖြစ်သည်။

Guidance Financial Group သည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၂၅ နှစ်ကျော် အတွေ့အကြုံရှိပြီး မြောက်အမေရိက၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အာရှတို့ရှိ အိမ်ခြံမြေ ၁၁၀ အတွက် ကန်ဒေါ်လာ ၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည်။
အရှေ့တောင်အာရှတွင် ဂိုဒေါင် ၄ ခုပိုင်ဆိုင်ထားပြီး ထိုင်းနိုင်ငံဘန်ကောက်တွင် ၂ ခု၊ အင်ဒိုနီးရှားနိုင်ငံ-မာရွန်ဒါခရိုင်တွင်တစ်ခုနှင့် ပီနန်တွင် တစ်ခုတို့ ဖြစ်သည်။

ပီနန်ရှိ ဂိုဒေါင်အဆောက်အအုံမှာ ၁၀ ဒသမ ၄ ဧက ကျယ်ဝန်းသည့်မြေပေါ်တွင် တည်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်းဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါဂိုဒေါင်ကို ယခုအခါတွင် ဂျပန်အခြေစိုက် မစ်ဆုအီ ဆိုကိုကုမ္ပဏီအား ပြန်လည်အငှားချထားပြီး ဖြစ်သည်။
ယခုဂိုဒေါင်ဝယ်ယူရန် မလေးရှားတွင် ရှာဖွေလျက်ရှိရာတွင် ကန်ဒေါ်လာ သန်း ၂၀ မှ ၂၅ သန်းအကြား အသုံးပြုရန် လျာထားသည်ဟု ဆိုသည်။

ထို့အပြင် လာမည့် ၁၂ လမှ ၁၈ လအတွင်း အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ကန်ဒေါ်လာ သန်း ၁၀၀ မှ ၁၅၀ အကြား သုံးစွဲသွားရန် ရည်မှန်းထားသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် လက်ရှိအားဖြင့် ရွေးချယ်စရာ ဂိုဒေါင်များများစားစားမရှိကြောင်း ပီးယပ်စ်ဟိုက ပြောကြားသည်။
“ရှိပြီးသား ဂိုဒေါင်တွေက အိုမင်းပျက်စီးနေပြီဖြစ်ပြီး ခေတ်သစ်လိုအပ်ချက်ကို မဖြည့်တင်းနိုင်တော့ပါဘူး။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဂိုဒေါင်ဟောင်းတွေကို ဖြိုဖျက်ပြီး အဆင့်မြင့်ဂိုဒေါင်တွေ ဆောက်လုပ်လာလိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းတယ်” ဟုလည်း ပီးယပ်စ်ဟိုက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service