စာချုပ်ချုပ်မည်ဆိုလျှင် . . . ဆက်ခံသူများ အကြုံးဝင်သည်ဆိုသည့် ကိစ္စအကြောင်း သိကောင်းစရာ

စာချုပ်ချုပ်မည်ဆိုလျှင် . . . ဆက်ခံသူများ အကြုံးဝင်သည်ဆိုသည့် ကိစ္စအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jul 2015 11:49 am တွင် တင်ခဲ့သည်
1848 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ယခုအခါ စီးပွားရေးဈေးကွက် ကျယ်ပြန့်လာသည်နှင့်အမျှ လုပ်ငန်းသဘာဝအရ စာချုပ်ချုပ်ဆိုရမှုများ များပြားလာပါသည်။ လူပုဂ္ဂိုလ်အချင်းချင်း စာချုပ်ချုပ်ဆိုရမှုများ ရှိသကဲ့သို့ လူပုဂ္ဂိုလ်နှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့အချင်းချင်း၊ ကုမ္ပဏီအချင်းချင်း ချုပ်ဆိုကြသည်များ တိုးတက်များပြားလာသည်ကို တွေ့ရပါသည်။

ဥပမာ- အသင်းအဖွဲ့၊ ကုမ္ပဏီများနှင့် ချုပ်ဆိုသောအခါတွင် အသင်းအဖွဲ့ (သို့မဟုတ်) ကုမ္ပဏီ စသည်တို့ကို ကိုယ်စားပြုသောပုဂ္ဂိုလ်များ လက်မှတ်ရေးထိုးကြရပါသည်။ ထိုသို့ လက်မှတ်ရေးထိုးချုပ်ဆိုကြရာတွင် လက်ရှိ အသင်းအဖွဲ့၊ ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ သဘောတူ လက်မှတ်ရေးထိုးခဲ့မှုကို မိမိတို့ အသိအမှတ်မပြုကြောင်း၊ သဘောမတူကြောင်း နောင်တစ်ချိန် အသစ်တက်ရောက်လာကြသည့် အသင်းအဖွဲ့၊ ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များအနေနှင့် ဆင်ခြေမပေးနိုင်အောင် စာချုပ်တွင် အောက်ပါအတိုင်း ဖော်ပြ ချုပ်ဆိုရပါသည်။

`` . . . . . . . . . . အသင်းအဖွဲ့ကိုယ်စား၊ ဥက္ကဋ္ဌဖြစ်သူ ဦး . . . . . . . . . . က ( )ရက်နေ့တွင် ပြုလုပ်သော အသင်းအမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မိမိကိုယ်စားပြုသော အသင်းအဖွဲ့၏ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာကို ကျင့်သုံး၍ တာဝန်ယူ လက်မှတ်ရေးထိုးပါသည် ´´ဟူ၍ ဖော်ပြလျက် [ ဖော်ပြပါ အသင်းအဖွဲ့၊ ကုမ္ပဏီဟု ဆိုရာတွင် မိမိတို့အပြင် အသင်းအဖွဲ့၊ ကုမ္ပဏီ၏ ဆက်ခံသူများ၊ ဆက်ခံခွင့် ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာ ရသူများ အားလုံး အကြုံးဝင်သည် ဟူ၍ မှတ်ယူကြရမည်ဖြစ်သည်။ ]ဟူသော အပိုဒ်ကို ထည့်သွင်း ချုပ်ဆိုရပါမည်။

လူပုဂ္ဂိုလ်အချင်းချင်း ချုပ်ဆိုကြသည့် စာချုပ်များတွင်လည်း အောက်ပါအတိုင်း ဖော်ပြ ချုပ်ဆိုကြလေ့ရှိပါသည်။
[ အထက်ပါ အပိုင်ရောင်းသူ၊ အပိုင်ဝယ်သူဟု ဆိုရာ၌ ၎င်းတို့၏ အမွေစား အမွေခံများ၊ အမွေဆက်ခံခွင့် ရှိသူများ၊ တရားဝင် ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာ ရသူများအားလုံး အကြုံးဝင်သည် ဟူ၍ မှတ်ယူကြရမည်ဖြစ်သည်။ ]

ရောင်းသူဘက် အမွေစားအမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာ ရသူများက ၎င်းတို့ မသိရပါကြောင်း၊ သို့မဟုတ် ၎င်းတို့ မဆောင်ရွက်ပေးနိုင်ပါကြောင်း ငြင်းပယ်ခွင့် မရှိစေရန် ထည့်သွင်းရခြင်းဖြစ်ပါသည်။ အလားတူ ဝယ်သူဘက် အမွေစားအမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာ ရသူများအနေဖြင့် ဆက်လက် ပါဝင်ဆောင်ရွက်ခွင့်ရှိကြောင်း ပြောခွင့်ရှိစေရန် ထည့်သွင်းရခြင်းဖြစ်ပါသည်။

ဦးဖြူ မကွယ်လွန်မီ စရန်ငွေယူ၍ အိမ်နှင့်မြေကို ရောင်းပါသည်။ ထို့နောက် ဦးဖြူကွယ်လွန်ရာ ဝယ်သူ ဦးနီက ဦးဖြူ၏ အမွေစားအမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာ ရသူများကို စရန်ပေးစာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်ပါရန် တောင်းဆိုမှုကို ရောင်းသူ၏ ဆက်ခံသူများက ငြင်းခွင့်မရအောင် ဖော်ပြပါအချက်ကို ထည့်သွင်းချုပ်ဆိုခြင်း ဖြစ်ပါသည်။

ယင်းအခွင့်အရေးသည် ဟိုဘက် သည်ဘက် နှစ်ဦးနှစ်ဖက် ရရှိမည့် အခွင့်အရေးဖြစ်ပါသည်။

သို့သော် ဤနေရာတွင် သတိပြုရမည့် အချက်တစ်ရပ်လည်း ရှိပါသည်။ ဦးဖြူက ဦးမဲကို ပန်းပုရုပ်ထုလုပ်ပေးရန် စရန်ငွေပေး၍ စာချုပ်ချုပ်ပြီး အလုပ်အပ်ပါသည်။ ဦးမဲမှာ ပန်းပုရုပ် မပြီးဆုံးမီ ကွယ်လွန်ပါသည်။ ဦးမဲ ကွယ်လွန်ပြီးဖြစ်သော်လည်း ဦးဖြူက ဦးမဲ၏ ဆက်ခံသူများကို ဖော်ပြပါ စာပိုဒ်အချက်ကို ထောက်၍ ပန်းပုရုပ် ပြီးဆုံးအောင် ထုလုပ်ပေးရန် တောင်းဆိုမည်ဆိုပါက မသင့်ဟု ဆိုရပါမည်။ စာချုပ်တွင် ဖော်ပြပါအချက် ထည့်သွင်းချုပ်ဆိုသော်လည်း တောင်းဆိုခွင့်မရဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် စာချုပ်ပါ အပေးအယူပြုမှုသည် စာချုပ်ချုပ်သူ လူပုဂ္ဂိုလ်၏ အတတ်ပညာပိုင်း သက်သက်နှင့်သက်ဆိုင်သော ကိစ္စရပ် ဖြစ်နေသောကြောင့်ပါတည်း။

Credit: ဦးကျော်ဇေယျ( ဥပဒေ )

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဩရသအမွေဆက်ခံခွင့်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဩရသအမွေဆက်ခံခွင့်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
နေ့စဉ်တွေ့နေရပေမယ့် ဒါတွေ ဘယ်လိုအသုံးဝင်သလဲ... ??
နေ့စဉ်တွေ့နေရပေမယ့် ဒါတွေ ဘယ်လိုအသုံးဝင်သလဲ... ??
အခန်းတွေရဲ့ အကျယ်တွေအဝန်းဘယ်လောက်ထားသင့်သလဲ...
အခန်းတွေရဲ့ အကျယ်တွေအဝန်းဘယ်လောက်ထားသင့်သလဲ...
မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့...
မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့...
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းဥပဒေအကြောင်းဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းဥပဒေအကြောင်းဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service