ဗဟုသုတ | Posted by အေးမြတ်သူ
ဘဏ်မဟုတ်သော ငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်သူများမှာ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်း ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ လုပ်ငန်းအဖွဲ့အစည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ မှတ်ပုံတင်ထားရှိရမည်ဖြစ်ပြီး ဗဟိုဘဏ်ကချထားပေးသည့် လုပ်ငန်းလိုင်စင်လဲရှိရန် လိုပါသည်။လုပ်ငန်းလိုင်စင်လျှောက်ထားသည့်အခါ ကုမ္ပဏီ (သို့) အဖွဲ့အစည်းဖြစ်ကြောင်း စာတမ်းအမှတ်အသား၊ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း မိတ္တူတစ်စောင် ယင်းနှင့်သက်ဆိုင်သည့် အခြား စာတမ်းအမှတ်အသားများ၊ လုပ်ငန်းအဆိုပြုနေရာနှင့် ရုံးခွဲများ၊ ခွင့်ပြုမတည်ငွေရင်း၊ လုပ်ငန်းအမျိုးအစား သတ်မှတ်ဖော်ပြချက်၊ လုပ်ငန်းပိုင်ရှင်၏ အတွေ့အကြုံနှင့် စီးပွားရေးလုပ်ငန်းများ၊ ဗဟိုဘဏ်က တင်ပြစေလိုသည့် အခြားအချက်အလက်များ ဖြင့် လျှောက်ထားရမည်။
ဗဟိုဘဏ်မှ သတ်မှတ်သည့် မတည်ရင်းနှီးငွေအား ပြည့်မှီအောင် ထည့်ဝင်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းအား လိုင်စင်ထုတ်ပေးပြီး ဥပဒေနှင့်အညီ ကြပ်မတ်ကွပ်ကဲ ကြီးကြပ်ပေးပါသည်။ ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းစနစ်နှင့် ငွေပေးချေမှုစနစ်တွင် ငွေရေးကြေးရေးဆိုင်ရာဝန် ဆောင်မှုရယူသူ အကာအကွယ်ပေးမှုကို ဖော်ဆောင်မြှင့်တင်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ ကြီးကြပ်ဆောင်ရွက်ပေးပါသည်။
လုပ်ငန်းလိုင်စင်ရရှိသူသည် ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေအရ ထုတ်ပြန်သော အမိန့်၊ စည်းမျဉ်း၊ ညွှန်ကြားချက်နှင့် လမ်းညွှန်ချက်များကို လိုက်နာရမည့်အပြင် သတ်မှတ်ချက်များနှင့်အညီ သတင်းအချက်အလက်များနှင့် ကာလအလိုက်အစီရင်ခံစာများကို ဗဟိုဘဏ်သို့ တင်ပြရမည်ဖြစ်ပါသည်။ လိုင်စင်ရရှိပြီး တစ်နှစ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် စတင်လုပ်ကိုင်ရမည်။
ပုဒ်မ-၂( ည)အရ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှာ အောက်ပါလုပ်ငန်းအမျိုးအ စား(၆)မျိုးအားဆောင်ရွက်ခွင့်ရှိပါသည်။
၁။ ငွေရေးကြေးရေးကုမ္ပဏီလုပ်ငန်း၊
၂။ အငှားချသည့်လုပ်ငန်း (Leasing)
၃။ ကြွေးမြီများ ဝယ်ယူကောက်ခံသည့်လုပ်ငန်း (Factoring)၊
၄။ ချေးငွေတိုင်ကင်လုပ်ငန်း (Credit token)၊
၅။ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း
၆။ ဗဟိုဘဏ်က သတ်မှတ်သည့် အခြားချေးငွေဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုတို့ ဖြစ်ပါသည်။
အထက်ဖော်ပြပါ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ငွေစုငွေချေးအသင်းလုပ်ငန်း၊ ချေးငွေတိုကင်လုပ်ငန်း၊ ချေးငွေ သတင်းအချက်အလက်ဌာန၊ အပ်နှံငွေ၊ ကြွေးမြီများ ဝယ်ယူကောက်ခံသည့် လုပ်ငန်း၊ အငှားချသည့် လုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ငွေလွှဲခြင်း၊ ငွေပေးချေမှု လုပ်ငန်းများ၊ ချက်လက်မှတ်များကို ငွေသားဖြင့်လဲလှယ်ပေးခြင်း၊ ခရီးသွားချက်လက်မှတ် (သို့) ငွေပေးအမိန့်လက်မှတ်များ ဆောင်ရွက်ခွင့်ရှိကြောင်း ဥပဒေဗဟု သုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com