အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ - Property Knowledge in Myanmar from iMyanmarHouse.com
8 Jun 2025 11:18 am တွင် တင်ခဲ့သည်
285 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

တိုက်ခန်းဝယ်ယူတဲ့အခါ ရောင်းသူဘက်က ဘယ်လိုစာရွက်စာတမ်းမျိုးတောင်းဆိုသင့်သလဲဆိုတဲ့ မေးခွန်းအပါအဝင် ဗဟုသုတရဖွယ်ရာအမေးအဖြေသုံးခုကို ဒီကနေ့အတွက်‌ ရွေးချယ်ဖြေဆိုပေးထားပါတယ်။

⚖️ မေးခွန်း (၁) - ပေါင်နှံခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အချက်တွေကို သိလိုပါတယ်။

စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ- ၁၆ (ဂ) အရ တန်ဖိုးငွေကျပ်တစ်သိန်းနှင့် အထက်ရှိသော ပိုင်ဆိုင်ခွင့် စာချုပ်အပ်နှံ၍ ငွေချေးခြင်းမှတစ်ပါး အသိသက်သေနှစ်ဦး ပါဝင်ကာ ပေါင်နှံစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုသော စာချုပ် ၊ပေါင်နှံခြင်းအား ဖျက်သိမ်းသော စာချုပ်များမှာ မှတ်ပုံမတင်မနေရ စာချုပ်အမျိုးအစားထဲတွင် ပါဝင်ပါသည်။

အပေါင်ပစ္စည်းမှာ တစ်သိန်းအောက်သာရှိပါက စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ- ၁၇ အရ မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်းအမျိုးအစားထဲ ပါဝင်ပါသည်။ ပေါင်နှံခြင်းမှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ပါက ပစ္စည်း တည်ရှိရာ အရပ်ဒေသရှိ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပုဒ်မ-၂၅ နှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်ပါသည်။

ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ - ၅၈ အရ ပေါင်နှံခြင်း၊ ပေါင်နှံခြင်း စာချုပ်ဆိုသည်မှာ ကြိုတင်ပေးချေထားသော ချေးငွေအတွက် ပေါင်နှံသူ၏ တာဝန်ရှိမှုတစ်ရပ်ပင်ဖြစ်ကာ အပေါင်ခံသူအား ၎င်းရထိုက်ခွင့်ရှိသော ပစ္စည်းခံစားခွင့် အကျိုးအမြတ်ချေးငွေရင်းနှင့် အတိုးအား လွှဲပြောင်းပေးရာတွင်ဖြစ်စေ ဆောင်ရွက်ရန်ဖြစ်ပါသည်။

ပစ္စည်းအား အာမခံထားရှိခြင်းနှင့် ပေါင်နှံခြင်းမှာလဲ မတူညီပါ ။ မရွှေမပြောင်းနိုင်ပစ္စည်းအား အောက်ပါ ပေါင်နှံခြင်း(၆)မျိုးဖြင့် ပေါင်နှံခြင်းပြုနိုင်ပါသည်။ လက်မဲ့အပေါင်၊ အဂလိပ်အပေါင်၊ ပိုင်ဆိုင်မှုစာချုပ်စာတမ်းအပ်နှံ၍ ပေါင်နှံခြင်း၊ သဘောတူ သတ်မှတ်ချက်များထားရှိကာ ရောင်းပေါင်ပြုခြင်း ၊ ပစ္စည်းအား အကျိုးအမြတ်ခံစားခွင့်များ ပေးအပ်ကာ ပေါင်နှံခြင်း၊ ထုံးနည်းမကျ၊ ပေါင်နှံခြင်းဟူ၍ ဖြစ်ပါသည်။

ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ - ၆၀ အရ ပေါင်နှံသူသည် သင့်လျော်သော အချိန်ကာလတွင် အပေါင်ချေးငွေကို ပေးဆပ်ခြင်း၊ အပေါင်ရွှေးနုတ်ကာ အာမခံစာချုပ်နှင့် ပစ္စည်းအား လက်ရောက်ပေးအပ်ရန် တောင်းဆိုခြင်း၊ အခြားသူ တစ်ဦးတစ်ယောက်အား ညွှန်ပြ၍ ပစ္စည်းလွှဲပေးအပ်ရန် တောင်းဆိုခြင်း၊ မှတ်ပုံတင်စာချုပ်ဖြင့် ပေါင်နှံခြင်း ဖြစ်ပါက ပေါင်နှံမှု ရပ်စဲပြီးဖြစ်ကြောင်း ဝန်ခံကတိပြုချက် ဆောင်ရွက်ပေးရန် တောင်းဆိုခြင်း ပြုနိုင်ပါသည်။ ထို့ပြင် ပေါင်နှံသူသည် အပေါင်ပစ္စည်းအား ရွှေးနုတ်မှုဖြင့်လဲ တရားစွဲဆိုနိုင်သည့် အခွင့်အရေးရှိပါသည်။ ပေါင်နှံခြင်း စာချုပ်ပြည့်မြောက်သောအခါ ပေါင်နှံသူမှ ရွှေးနုတ်မှုမပြုပါက အပေါင်ခံသူမှ အသိပေးအကြောင်းစာပေးပို့ကာ ပစ္စည်းအား ရောင်းချခွင့်ရှိမည် ဖြစ်ပါသည်။ ပေါင်နှံခြင်း စာချုပ်တွင် သီးခြားကန့်သတ်ချက်များမရှိပါက အပေါင်ပစ္စည်းလက်ခံသူမှ အခြားသူတစ်ဦးတစ်ယောက်အား တဆင့် ပေါင်နှံခြင်းလဲပြုနိုင်ပါသည်။ ပေါင်နှံသူမှ ချေးငွေအပေါ်တွင် ပုံမှန်ငွေပေးချေမှု ပြုလိုလျှင် အပေါင်ခံသူမှ လက်ခံပေးရမည်။ ပေါင်နှံသူမှ ချေးငွေပေးချေရန် ပျက်ကွက်ပါက မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်လျှင် ပိုင်ဆိုင်ခွင့်အား အပေါင်ခံသူမှ ခေတ္တပိတ်ပင်နိုင်ခွင့်ရှိသည်။

ပေါင်နှံခြင်းစာချုပ်ပါ အချိန်ကာလပြည့်ပြီး အပေါင်ပစ္စည်းအား ရောင်းချခြင်းပြုရာတွင်လဲ ချေးငွေအပေါ် လုံလောက်မှုမရှိပါက အပေါင်ခံသူမှ ကျန်ငွေအား တရားစွဲဆို၍ တောင်းခံပိုင်ခွင့်ရှိသည်။ အပေါင်ခံသူမှ အပေါင်ပစ္စည်း အပေါ်တွင် အတိုးငွေခံစားပိုင်ခွင့်ရှိပြီး ပေါင်နှံသူမှ အပေါင်ပစ္စည်းအား အပ်နှံထားရှိခြင်းဖြစ်လျှင် အပေါင်ခံသူမှ ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

⚖️ မေးခွန်း (၂) - မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကို ဝယ်ရင် ၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲ။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား လွှဲပြောင်းရောင်းချခြင်းပြုရာတွင် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ- ၅၄ နှင့် အညီ လိုက်နာပြီး တန်ဖိုးငွေပေးချေ၍ ဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ပေးချေ၍ ဖြစ်၍ လွှဲပြောင်းပေးအပ်ရမည်ဖြစ်ပါသည်။

ငွေကျပ်(၁)သိန်းနှင့် အထက်ရှိသော မရွှေ့မပြောင်းနိုင်သောပစ္စည်းအား လွှဲပြောင်းရောင်းချခြင်းဖြစ်ပါက သက်ဆိုင်ရာပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ပါသည်။ ရောင်းသူဝယ်သူနှစ်ဦး ပဋိဉာဉ်ချုပ်ဆိုခွင့်ရှိသော်လည်း အဆိုပါအရပ်ကတိစာချုပ်ချုပ်ဆိုခြင်းမှာ အကျိုးခံစားခွင့် (သို့) တာဝန်လွှဲအပ်မှု မဖြစ်ပေါ်ပါ။

ရောင်းချသူမှာ ပစ္စည်းလွှဲပြောင်းခြင်းပုဒ်မ - ၅၅ (၁) အရ အရောင်းအဝယ်ပစ္စည်းနှင့် စပ်လျဉ်း၍ ချို့ယွင်းချက်များ ရှိက ထုတ်ဖော်ပြောကြားမှုပြုပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများအားလဲ ဝယ်ယူသူမှ စစ်ဆေးကြည့်ရှုနိုင်ရန် ပြသရမည်။ ဝယ်ယူသူမှ ပစ္စည်းနှင့် စပ်လျဉ်း၍ မေးမြန်းသည့်အခါ ရောင်းချသူမှ အလုံးစုံဖြေဆိုရမည်။ ပစ္စည်းတန်ဖိုးငွေအားလုံး ပေးချေပြီးသည့်အခါ ရောင်းချသူမှ လွှဲပြောင်းခြင်း စာချုပ်စာတမ်းတစ်ရပ် ပြုလုပ်ပေးရမည့် တာဝန်ရှိသည့်အပြင် ပိုင်ဆိုင်မှု စာချုပ်စာတမ်းမူရင်းများအား ဝယ်ယူသူထံ ပေးအပ်ရမည်။

ပစ္စည်းအား ရောင်းဈေးတန်ဖိုးတစ်စိတ်ဒေသ လက်ခံပြီး စရန်ပေးစာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းနှင့် ပစ္စည်းလွှဲ ပြောင်းခြင်းမပြုရသေးမှီကြားကာလတွင် ပစ္စည်းအား သတိဝီရိယ ထား၍ ထိန်းသိန်းစောင့်ရှောက်ရန် ရောင်းချသူတွင် တာဝန်ရှိပါသည်။ ဝယ်ယူသည့်နေ့ မတိုင်ခင်ထိ တင်ရှိနေသော အခွန်အခအရပ်ရပ်အား ရောင်းချသူမှ ပေးဆပ်ရန် တာဝန် ရှိပါသည်။ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ-၅၅ (၅) အရ ဝယ်ယူသူမှ လိုက်နာရမည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဝယ်ယူသူသည် ရောင်းချသူ မသိရှိနိုင်သော အကျိုးခံစားမှု၊ တိုးပွားမှုများရှိက ထုတ်ဖော်ပြောကြားရမည်။ ရောင်းချသူထံသို့ဖြစ်စေ၊ ရောင်းချသူမှ ညွှန်ပြသူထံသို့ ဖြစ်စေ ဝယ်ယူသူမှ ရောင်းဈေးတန်ဖိုးငွေ အားလုံးပေးချေရန် တာဝန်ရှိပါသည်။ ပစ္စည်းနှင့် စပ်လျဉ်း၍ ရထိုက်ခွင့်ရှိသူများအား ပေးအပ်ရမည်ဖြစ်ကာ ရောင်းချသူမှ တာဝန်မယူဘဲ ရောင်းချခြင်းများတွင် ရထိုက်ခွင့်ရှိသူများအားလဲ တန်ဖိုးငွေအား ပေးအပ်ရမည်။

ပစ္စည်းလွှဲပြောင်း လက်ခံပြီး နောက်ပိုင်း ရောင်းချသူကြောင့် မဟုတ်သော ပျက်စီး၊ နစ်နာဆုံးရှုံးမှုမှာ ဝယ်ယူသူနှင့်သာ သက်ဆိုင်မှုရှိပါသည်။ ဝယ်ယူသူသည် ပစ္စည်းအား ၎င်းလွှဲပြောင်းလက်ခံပြီးပါက အခွန်အခအရပ်ရပ်များ ပေးအပ်ရန် တာဝန်ရှိပြီး ငှားရမ်းခများ အကျိုးခံစားခွင့်များအားလဲ ရပိုင်ခွင့်အခွင့်အရေး ရှိပါသည်။ ဝယ်ယူသူမှ ပစ္စည်းလွှဲပြောင်းခြင်းအား နည်းတကျ ငြင်းပယ်ခြင်းများရှိသည့်အခါတွင်လဲ ကြိုတင်စရန်ငွေအား တောင်းခံပိုင်ခွင့်ရှိကာ ပဋိဉာဉ်အား သီးခြားဆောင်ရွက် ပေးစေလိုမှု (သို့) စာချုပ်ဖျက်သိမ်းခြင်းအပေါ် ဒီကရီရလိုမှုအတွက် တရားမမှုစွဲဆိုခြင်းပြုနိုင်ပါသည်။ အထက်ဖော်ပြပါ အချက်အလက်များအတိုင်း ရောင်းသူ ဝယ်သူ လိုက်နာဆောင်ရွက်ပြီး တရားဝင်ဝယ်ယူခြင်း ဖြစ်စေရန် ရောင်းသူဝယ်သူ သက်ဆိုင်ရာ တံဆိပ်ခေါင်းခွန်၊ ရောင်းခွန်၊ ဝင်ငွေခွန် ၊ စာချုပ်စာတမ်း မှတ်ပုံတင်ကြေးများ ထမ်းဆောင်ကာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးဖြစ်ပါက သက်ဆိုင်ရာ မြေယာစီ မံခန့်ခွဲမှုဌာနတွင် ရောင်းသူအမည်ပေါက် ဂရန်၊ ဘိုးဘပိုင်၊ မြေပိုင်မြေအား ဝယ်ယူသူအမည်ပြောင်း ဆက်လက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

⚖️မေးခွန်း (၃) - တိုက်ခန်းဝယ်တော့မယ်ဆိုရင် ရောင်းသူထံက မည်သည့် စာရွက်စာတမ်းများ တောင်းယူသင့်ပါသလဲ။

တိုက်ခန်းမှာ ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူခြင်း၊ အရစ်ကျစနစ်ဖြင့် လစဉ်ငွေပေးချေကာ ဝယ်ယူခြင်း၊ စရန်ပေး စာချုပ်ချုပ်ဆိုကာ သတ်မှတ်နေ့ရက်အတွင်း အပြီးအပိုင် ငွေကြေစာချုပ်ချုပ်ဆိုကာ ဝယ်ယူခြင်း ၊ ဘဏ်တွင် အိမ်ရာချေးငွေ လျှောက်ထားဝယ်ယူခြင်းဟူ၍ အမျိုးမျိုးရှိနိုင်ပါသည်။

ထို့ပြင် မိမိဝယ်ယူလိုသော တိုက်ခန်းမှာ အဆောက်အအုံသစ်၊ အဟောင်း၊ ယခင်ကတည်းက ဆောက်လုပ်ခွင့် ပါမစ် တရားဝင်တင်၍ ဆောက်လုပ်သော အဆောက်အဦ၊ BCC (အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ်) မရရှိသော အဆောက်အအုံ၊ ဒဏ်ကြေးဖြင့် ဆောက်လုပ်သောအဆောက်အအုံ ၊ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အဦးဟူ၍ အမျိုးအစားများ ကွဲပြားမှု ရှိနိုင်ပါသေးသည်။

မိမိဝယ်ယူမည့် တိုက်ခန်းမှာ မြေရှင်နှင့် ကန်ထရိုက် အကျိုးတူ ဆောက်လုပ်သော အဆောက်အအုံဖြစ်ပါက ၎င်းတို့ အခန်းခွဲဝေမှု တိကျစွာသိရှိစေရန် အကျိုးတူစာချုပ် မိတ္တူတစ်စုံအား တောင်းယူပါ။ မိမိနေထိုင်မည့် တိုက်ခန်းအဆောက်အအုံ၏ မြေပိုင်ဆိုင်မှုအမည်ပေါက်အား သိရှိစေရန် မြေပိုင်ဆိုင်မှု စာချုပ်(ဂရန်) မိတ္တူအား တောင်းယူကြည့်ရှုပါ။ ထိုအခါမှ တိုက်ခန်းများ အပျောက်စနစ်ဖြင့် ဝယ်ယူရာတွင် မြေရှင်လက်မှတ် လိုအပ်သည်ဖြစ်ရာ စာချုပ်၌ မြေရှင်အနေဖြင့် လက်မှတ်ရေးထိုးမည့်သူ နာမည်၊ လက်မှတ်တူမတူ တိုက်ဆိုင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ မြေရှင်အသိအမှတ်ပြု လက်မှတ်ရေးထိုးရာတွင် ကုန်ကျစရိတ်များရှိပါက ရောင်းသူ ဝယ်သူကျခံနိုင်ရန် ဆွေးနွေးမှု ကြိုတင်ပြုပါ။

အခြားတောင်းယူရန် လိုအပ်သည့်စာရွက်စာတမ်းများမှာ တိုက်ခန်းမှာ ပိုင်ဆိုင်မှုအဆင့်ဆင့် လွှဲပြောင်းရောင်းချ နေသော တိုက်ခန်းဖြစ်ပါက ၎င်း၏ ပိုင်ဆိုင်မှု စာချုပ်အဆက်အစပ်၊ မှတ်တမ်းမှတ်ရာများ သိရှိစေရန် လိုအပ်ပြီး အဆက်အစပ်စာချုပ်များ တောင်းယူထားပါ။

ထို့ပြင် ဆောက်လုပ်ခွင့်ပါမစ် မိတ္တူ၊ BCC (အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ်) မိတ္တူ၊ (BCC မရရှိသေးပါက ရောင်းဈေးငွေအားလုံးအား ပေးချေခြင်း မပြုသေးဘဲ ညှိနှိုင်းကာ ချန်လှပ်ထားခြင်း ပြုနိုင်ပါသည်)။ ရောင်းသူ မှတ်ပုံတင်မိတ္တူ (အိမ်ထောင်စုစာရင်း မိတ္တူတစ်စောင်ပါ တောင်းယူထားပါ)။ ရောင်းချသူမှာ ဇနီး/ခင်ပွန်း ရှိပါက စာချုပ်တွင် ရောင်းသူနေရာ (သို့) အနည်းဆုံး အသိသက်သေနေရာတွင် လက်မှတ်ရေးထိုး စေရပါမည်။ အသိသက်သေနေရာတွင်လဲ အနည်းဆုံးအသိသက်သေ(၂)ဦး လက်မှတ်ရေးထိုးစေရပါမည်။

ကန်ထရိုက်ထံမှ အဆောက်အအုံအသစ်၏ တိုက်ခန်းအား ဝယ်ယူခြင်းဖြစ်ပါက အဆောက်အအုံ တည်ဆောက်မှုအပိုင်း အာမခံ (Guarantee) ကာလကိုလဲ စာချုပ်၌ ထည့်သွင်းချုပ်ဆိုမှုများလဲ ရှိကြပါသည်။ မျက်မြင်ဝယ်ယူရခြင်းမျိုး မဟုတ်ဘဲ ကြိုပွိုင့်စာချုပ်များဖြင့် ဝယ်ယူမှုရာတွင် တိုက်ခန်းအား ဆောက်လုပ်ရာတွင် ပါဝင်ပစ္စည်းအမျိုးအစား၊ အခန်းဖွဲ့ ၊ ရေမီးဆေး ၊ အခန်းအကျယ်အဝန်းများ ၊ တံခါးတပ်ဆင်မှု (အသုံးပြုမည့်အမျိုးအစား)များ စာချုပ်၌ တိကျစွာ ထည့်သွင်းချုပ်မှ အငြင်းပွှားမှု မပေါ်ပေါက်မည်ဖြစ်ပါသည်။

ရောင်းဈေးတန်ဖိုးငွေ တစ်စိတ်တစ်ဒေသ ပေးချေကာ စရန်ပေးစာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းတွင်လဲ တရားဝင် အရောင်းအဝယ်ဖြစ်စေရန် အများသိရှိစေရန် သတင်းစာကြေငြာခြင်းပြုရမည်ဖြစ်ပြီး ကန့်ကွက်ချက်ပေါ်လာပါက ရောင်းချသူအားစရန်ပေးစာချုပ်ပါအတိုင်း ဖြေရှင်းဆောင်ရွက်ခိုင်းခြင်း ၊‌ရောင်းသူမှ ကန့်ကွက်သူအား ဖြေရှင်းမရပါက စရန်ငွေ (၂) ဆ ပေးလျော်စေခြင်းတို့ ဆောင်ရွက်နိုင်ပါကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဩရသအမွေဆက်ခံခွင့်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဩရသအမွေဆက်ခံခွင့်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
နေ့စဉ်တွေ့နေရပေမယ့် ဒါတွေ ဘယ်လိုအသုံးဝင်သလဲ... ??
နေ့စဉ်တွေ့နေရပေမယ့် ဒါတွေ ဘယ်လိုအသုံးဝင်သလဲ... ??
အခန်းတွေရဲ့ အကျယ်တွေအဝန်းဘယ်လောက်ထားသင့်သလဲ...
အခန်းတွေရဲ့ အကျယ်တွေအဝန်းဘယ်လောက်ထားသင့်သလဲ...
မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့...
မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့...
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းဥပဒေအကြောင်းဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းဥပဒေအကြောင်းဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စိုက်ပျိုးမြေအမျိုးအစားများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စိုက်ပျိုးမြေအမျိုးအစားများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service