ငို၍ရယ်၍မရသော မျက်နှာများနဲ့ ကြိုပွိုင့်ဝယ်မိသူများ

ငို၍ရယ်၍မရသော မျက်နှာများနဲ့ ကြိုပွိုင့်ဝယ်မိသူများ - Property News in Myanmar from iMyanmarHouse.com
27 Apr 2015 12:58 pm တွင် တင်ခဲ့သည်
2167 ကြိမ် ကြည့်ရှု့ပြီး
အရင် ကျပ်သိန်း ၁၀၀၀ ခေါ်ထားတဲ့အခန်းကို ကျပ်သိန်း ၇၀၀ လောက်နဲ့ ချရောင်းကြည့်တာတောင် ၀ယ်သူမရှိလို့ ငွေအမြန်ဖော်ချင်တာနဲ့ အဲ့တိုက်ခန်းကိုပဲ အတိုးနဲ့ပေါင်ပြီး ငွေပေါ်အောင် လုပ်နေရတာက ကန်ထရိုက်တိုက်လောကမှာ လက်တွေ့ကြုံလာကြရတဲ့ အခြေအနေမှန်တွေပေါ့။

ဘဏ်ကငွေချေးပြီး ကြိုပွိုင့်တွေလိုက်ရိုက်တဲ့ နှစ်ပင်လိမ်သုံးပင်လိမ် (ဈေးကွက်အခေါ်) သမားတွေလည်း ဘဏ်တိုးပါထပ်မိပြီး အခန်းတွေ ပိုက်မိလျက်သား ဖြစ်ကုန်တာလည်း လက်ရှိအိမ်ခြံမြေလောကရဲ့ အခြေအနေ မှန်တွေပါပဲ။

သိန်း ၄၀၀၀၊ ၅၀၀၀ တန် အဆင့်မြင့်ကွန်ဒိုတွေကို ကြိုပွိုင့်ဝယ်ထားပြီး အပြည့်သွင်းရင် ရှုံးမယ့်အလားအလာ မြင်နေလို့ အရစ်ကျ ဆက်မသွင်းတော့ပဲ စရန်ငွေ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းကို အဆုံးခံလိုက်တဲ့အထိ ရှိလာတာကလည်း ဈေးကွက်ထဲမှာ အမှန်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ့။

၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းက အကြိမ်ကြိမ်ကြော်ငြာပြီး ရောင်းနေတဲ့ အဆင့်မြင့် ကွန်ဒိုတွေဟာ ဒီနေ့အထိ ရောင်းမကုန်သေးတဲ့ အခန်းတွေကျန်နေတာ၊ ကန်ထရိုက်တိုက်တွေ ရောင်းမထွက်ဘဲ ကျန်နေတာလည်း အဖြစ်မှန်ပါ။

ဒါတွေကိုခြုံကြည့်တာနဲ့ ဒီနေ့အိမ်ခြံမြေဈေးကွက်မှာ ၀ယ်လိုအား ဘယ်လောက်အထိ တန့်သွားတယ်၊ အရောင်းအ၀ယ် ကျဆင်းသွားတယ် ဆိုတာ ပေါ်လွင်နေတာပါပဲ။

ဒီတော့ တစ်နွယ်ငင်တစ်စဉ်ပါ ဆိုသလို ကြိုပွိုင့်နဲ့ဝယ်ထား မိသူတွေလည်း အခုအချိန်မှာတော့ အခန်းတွေ ပိုက်မိပြီး ငွေမပေါ်၊ ငွေဖော်ဖို့ ဈေးလျှော့ပြီး ထိုးရောင်းလည်း ၀ယ်သူမရှိ၊ ဒီကြားထဲ အရစ်ကျသွင်းစနစ်နဲ့ ကြိုပွိုင့်ဝယ်ထားတာတွေ အတွက်ကလည်း ထပ်မသွင်းရင် ဆုံးတော့မှာဖြစ်လို့ သွင်းဖို့အတွက် လစဉ်ငွေရှာရတာလဲ အမောနဲ့ ဘယ်လိုဖြစ်နေသလဲဆိုရင် နာမည်က သူဌေးတော့ သူဌေး ဒါပေမဲ့ ရောင်းမထွက်တော့တဲ့ အခန်းတွေ ပိုက်မိပြီး ငိုလို့လည်းမရ ရယ်လို့လည်းမရတဲ့ ဘ၀မျိုးနဲ့ ကြုံနေကြရတဲ့ အဖြစ်လို့ပဲ ပြောရတော့မှာပဲ။

ကြိုပွိုင့်လောကမှာတော့ ကန်ထရိုက်တာတွေဆောက်တဲ့ ကန်ထရိုက်တိုက်ခန်းလောကနဲ့ Developer တွေဆောက်တဲ့ အဆင့်မြင့်ကွန်ဒိုစီမံကိန်း ကြိုပွိုင့်လောကဆိုပြီး ရှိပါတယ်။ အခုအနေအထား အရတော့ နှစ်မျိုးစလုံး ၀ယ်လိုအားကျသွားပြီး ငွေပြန်ဖော်မရတဲ့ ပြဿနာကို အနည်းနဲ့ အများခံနေကြရတာပါပဲ။

ငိုမရ ရယ်မရ ဘယ်လောက်များလဲ

အရင်အစိုးရ လက်ထက်က တော့ ၂၀၀၅ ကနေ ၂၀၁၀ ပြည့်နှစ်အတွင်းမှာ တစ်နှစ်ကို အခန်းပေါင်း ၇၂၀၀ နဲ့ အခန်းပေါင်း ၃၆၀၀၀ အထိ ဆောက်ခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။

အခုအစိုးရ လက်ထက်မှာတော့ ရန်ကုန်မှာ တစ်နှစ်ကို အခုနောက်ပိုင်း အထပ်မြင့်အထပ်နိမ့် အလုံးပေါင်း ၄၀၀၀ နဲ့အထက်အထိ တည်ဆောက်လာကြတာပါ။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ အထပ်မြင့် အထပ်နိမ့် တရားဝင်ဆောက်တာ ၁၈၇၈ လုံး၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်မှာ ၃၀၄၆ လုံး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၃၉၂၈ လုံး၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ဇွန်လအထိမှာတင် အလုံးပေါင်း ၂၃၇၂ လုံး(ဘဏ္ဍာနှစ်ကုန်အထိ ဆိုပါက အလုံးပေါင်း ၄၀၀၀ နှင့်အထက်ရှိ) ဆောက်ခွင့်တင်ပြီး တည်ဆောက်နေခဲ့တာပါ။

စီးပွားဖြစ် အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ အများစုကလည်း (ကိုယ့်ငွေရင်းဖြင့် လုပ်သူအချို့မှလွဲ၍) ကြိုပွိုင့်နဲ့လုပ်တယ်၊ ဘဏ်ချေးငွေနဲ့ လုပ်ကြပါတယ်။

လေးနှစ်အတွင်းမှာပဲ အထပ်မြင့် အထပ်နိမ့် အလုံးပေါင်း ၁၁၀၀၀ နဲ့အထက် တည်ဆောက်ခဲ့တာဖြစ်လို့ အခန်းပေါင်းလည်း သောင်းနဲ့ချီပြီး ရှိခဲ့ပါတယ်။

အခုအစိုးရသစ် လက်ထက်မှာ ဆောက်တာပိုများတယ် ဆိုပေမယ့် အရင်အစိုးရ လက်ထက်က တစ်နှစ်ပျမ်းမျှ အခန်းတိုးလာတဲ့နှုန်းနဲ့ တွက်မယ်ဆိုရင်တောင် လေးနှစ်အတွင်းမှာပဲ ပြီးသွားတာရော မပြီးသေးတာရော အခန်းပေါင်း ၃၀၀၀၀ အထိ ရှိလာခဲ့ပါတယ်။

အဲဒီ သောင်းနဲ့ချီတဲ့ အခန်းတွေကို ၀ယ်ယူတဲ့သူတွေထဲမှာ အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူတွေ တွက်ချက်ထားမှု အရကတော့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်က ကြိုပွိုင့်ဝယ်ပြီး အဆင့်ဆင့် အမြတ်တင်ရောင်းဖို့ဝယ်တဲ့ သူတွေဖြစ်ပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကမှ အမှန်နေဖို့နဲ့ အမှန်တကယ် စီးပွားရေးလုပ်ဖို့နဲ့ တချို့က အခန်းဝယ်ပြီး အခန်းငှားစားဖို့ ၀ယ်တဲ့သူ ဖြစ်နေကြပါတယ်။

ကစားဖို့ဝယ်တဲ့သူ ငွေပိုလို့ ၀ယ်ထားပြီးမြှုပ်နှံ ထားတဲ့သူတွေက ၅၀ ရာခိုင်နှုန်း အထက်တောင်ရှိချင် ရှိနေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ သိန်း ၃၀၀၊ ၄၀၀၊ ၅၀၀ တန်ကစပြီး သိန်း ၄၀၀၀၊ ၅၀၀၀ တန်တွေကို အများပြည်သူ လက်လှမ်းမမီဘဲ လူတန်းတစ်ရပ်ပဲ ၀ယ်နိုင်တဲ့ အနေအထားဖြစ်လို့ပါ။

အမြတ်တင်ပြီး ရောင်းဖို့ကြို ပွိုင့်ဝယ်တဲ့သူတွေဟာ ၅၀ ရာခိုင်နှုန်းနဲ့ ထားတွက်မယ်ဆိုရင်တောင် အခုအခန်းပေါင်း ၃၀၀၀၀ မှာ အခန်းပေါင်း ၁၅၀၀၀ ကို သူတို့တွေ ၀ယ်ထားတယ်လို့ ပြောရမှာပါ။

အဲ့ဒီတော့ ငိုမရ ရယ်မရတဲ့သူတွေ ဘယ်လောက်ရှိမလဲဆိုရင် အခန်း ၁၅၀၀၀ ကို ကြိုပွိုင့်ဝယ်ထားမိတဲ့ ထောင်ဂဏန်း၊ သောင်းဂဏန်းရှိတဲ့ လူတန်းစားတစ်ရပ်လို့ပဲ ပြောရတော့မှာပါ။

ဒါတောင်မှ ဒါဟာ တိုက်ခန်း၊ ကွန်ဒိုပိုက်မိတဲ့ သူတွေပဲ ရှိပါသေးတယ်၊ မြေကွက်ပိုက်မိပြီး ရောင်းမထွက်၊ ငွေမပေါ်လို့ ငိုမရ ရယ်မရ ကြုံရတဲ့သူတချို့ ရှိနေဦးမှာ မလွဲပါဘူး။

Developer နဲ့ ကြိုပွိုင့်

ရန်ကုန်မြို့မှာ Developer အနေနဲ့ အကောင်အထည်ဖော်နေတဲ့ Diamond Inya Palace, Golden City, Kantharyar Consortium Tower, 68 Residence, Hantharwady Complex, Dagon City, Star City, လဟာပြင်ဈေးနေရာကို ဆောက်မယ့် စီမံကိန်းတွေ အပါအ၀င် စီမံကိန်းပေါင်းများစွာကို အကောင်အထည် ဖော်နေကြသလို ထပ်ဖော်ကြဖို့လည်း စီစဉ်ထားကြပါတယ်။

၂၀၁၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ အဲ့ဒီစီမံကိန်းတွေကို အများစုက စတင်ခဲ့ကြတာပါ။ ဒါပေမဲ့ တစ်နှစ်၊ နှစ်နှစ် ကြာတဲ့ အချိန်အထိ စီမံကိန်း တော်တော်များများမှာ ရောင်းမကုန်ဘဲ အခန်းတွေ အနည်းနဲ့ အများ ကျန်နေတုန်းပါ။ အခန်းတွေကျန်တယ် ဆိုကတည်းက ၀ယ်လိုအားကျသွားတယ်၊ ကြိုပွိုင့်ဝယ်သူ မရှိသလောက် နည်းသွားတဲ့ အခြေအနေကို ဖော်ပြနေပါတယ်။

ဥပမာ-ကမ္ဘာအေးစေတီ လမ်းပေါ်က 68 Residence ဆိုရင် သူ့ရဲ့ကြော်ငြာထားမှုအရ ၂၀၁၄ ဒီဇင်ဘာ ၂၁ ရက်မှာ သူရောင်းချပြီးတာက ၈၄ ရာခိုင်နှုန်းရောင်းပြီးပြီလို့ ဖော်ပြထားတယ်၊ အခု ၂၀၁၅ ခုနှစ် ဧပြီ ၅ ရက်မှာ ကြော်ငြာတဲ့ အခါမှာလည်း ၈၄ ရာခိုင်နှုန်းရောင်းပြီးပြီလို့ ဖော်ပြထားတယ်။ အဲဒါကိုကြည့်ရင် သုံးလကျော်ကာလ တစ်လျှောက်လုံးမှာ ရောင်းပြီးတဲ့ ရာခိုင်နှုန်း တက်မလာတော့တာ တွေ့ရတယ်။ (ဧပြီ ၅ ရက်အထိ ကြော်ငြာထားသည့် ရောင်းချပြီးရာခိုင်နှုန်းသာဖြစ်ပြီး ရောင်းပြီးအခန်း အရေအတွက် မဟုတ်ပါ) ဒီလိုပဲကျန်တဲ့ စီမံကိန်းတွေလည်း အခုထိ ကြော်ငြာ ရောင်းချနေရတုန်းပါပဲ။

အဲ့ဒါအပြင် ပြီးရမယ့်အချိန်ထက် နောက် ဆုတ်လာတဲ့ စီမံကိန်းတွေတောင် ရှိလာတယ်။ ဥပမာ- Diamond Inya Palace ဆိုရင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ ကြော်ငြာတုန်းက ၂၀၁၅ မကုန်မီမှာ ပြီးစီးမယ်လို့ ပြောထားပေမယ့် အခုအရောင်းစင်တာမှာ စုံစမ်းမှုအရဆိုရင် ၂၀၁၆ နှစ်ကုန်ပိုင်းရောက်မှ ပြီးနိုင်တော့မယ်လို့ ဆိုတဲ့အတွက် တစ်နှစ်ဝန်းကျင်လောက် နောက်ဆုတ်သွားတယ်လို့ ပြောလို့ရတဲ့ အနေအထားပါ။ လက်ရှိအနေအထားအရ ဆိုရင်လည်း သုံးပုံတစ်ပုံကျော်လောက်ပဲ ပြီးသေးတဲ့အတွက် ကျန်တဲ့အပိုင်းတွေကို နောက်ထပ်တစ်နှစ်ခွဲလောက်အတွင်း အပြီးဆောက်ရမယ့် အနေအထားလည်း ဖြစ်သွားပါတယ်။

တချို့စီမံကိန်းတွေကတော့ မြေကြီးပေါ်ကကို တက်မလာသေးတဲ့ အနေအထားတွေပါပဲ။ ပိုဆိုးတာက ကြိုပွိုင့်ဝယ်ထားတဲ့ သူတွေထဲက တချို့ဆို ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း ပေးထားတာကိုပါ ထပ်မသွင်းတော့ပဲ အဆုံးခံလိုက်တဲ့အထိ ဖြစ်ကုန်တာပါ။

အဲ့ဒီစီမံကိန်းတွေမှာ ဈေးဖွင့်တဲ့ စီမံကိန်းတချို့ရဲ့ နှုန်းအရ တစ်ခန်းကို ကျပ်သိန်း ၃၀၀၀ ကျော်ကနေ ကျပ်သိန်း ၅၀၀၀ နဲ့အထက်ထိ တန်ဖိုးမြင့်တဲ့ ကွန်ဒိုတွေချည်းပဲဖြစ်ပါတယ်။

၁၀ ရာခိုင်နှုန်း အဆုံးခံသွားတယ် ဆိုရင်တောင် ကျပ်သိန်း ၃၀၀၊ ၄၀၀၊ ၅၀၀ လောက်ကို အဆုံးခံလိုက်ကြတဲ့ အနေအထား ဖြစ်သွားတဲ့အထိ ကြိုပွိုင့်ဝယ်လိုအားတွေ ထိုးဆင်းသွားသလို ရာခိုင်နှုန်း တော်တော်များများ သွင်းထားတဲ့ ကြိုပွိုင့်သမားတွေကတော့ ဈေးလျှော့ပြန်ရောင်းတာလည်းမထွက်၊ နောက်ထပ် ကျန်တဲ့ရာခိုင်နှုန်းကိုလည်း ဆက်သွင်းနဲ့ ငိုမရရယ်မရ ကြုံနေကြတုန်းပေါ့။

ကြိုပွိုင့် သုံးလေးခု လိုက်ဝယ်ပြီး အရင်ကလို နှစ်ပင်လိမ်သုံးပင်လိမ် အမြတ်တင်ပြန်ရောင်းဖို့ လုပ်ထားတဲ့သူ တစ်ယောက်ဆိုရင် ဘဏ်ကပါချေးငှားပြီး လုပ်ထားတဲ့အတွက် တစ်ဖက်က ဘဏ်တိုးကလည်းရှိ အခန်းကလည်း လုံးဝပြန်ရောင်းတာမထွက်လို့ ကြိုပွိုင့်နှစ်ခုလောက်ကို လုံးဝဆက်မသွင်းဘဲ အဆုံးခံလိုက်တာ မျိုးတွေလည်း ဒုနဲ့ဒေးပါပဲ။

ဒါတွေခြုံလိုက်ရင် Developer ကြီးတွေရဲ့ စီမံကိန်းတွေလည်း လတ်တလောမှာတော့ ၀ယ်လိုအား ကျဆင်းမှုဒဏ်၊ ငွေရှိတဲ့သူကလည်း ထပ်မ၀ယ်သေးဘဲ စောင့်ကြည့်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်နေရတယ်ဆိုတာ ထင်ရှားပါတယ်။

ကန်ထရိုက်နဲ့ ကြိုပွိုင့်

ကန်ထရိုက် အများစုကတော့ ကြိုပွိုင့်ရောင်းရငွေနဲ့ ဘဏ်ချေးငွေနဲ့ ဆောက်တာများတယ်။ အခု ကြိုပွိုင့်တောင် ၀ယ်မယ့်သူ မရှိသလောက် နည်းသွားတဲ့အတွက် ကန်ထရိုက် တော်တော်များများကတော့ ကြားညပ်နေကြတ အနေအထားပါ။

ဈေးလျှော့ရောင်းတောင် ၀ယ်သူမရှိတဲ့အတွက် ကန်ထရိုက်တချို့ဆို ဆောက်မယ်လို့ မြေရှင်နဲ့သဘောတူပြီးတဲ့ အစီအစဉ်ကိုတောင် ပြန်ဖျက်သိမ်းတဲ့သူတွေအထိ ရှိလာပါတယ်။

ကြိုပွိုင့်နဲ့ဝယ်ထားတဲ့ ဆောက်ပြီးသားအခန်း ရောင်းထွက်မှ နောက်ထပ်ကြိုပွိုင့်နဲ့ အသစ်ထပ်ဝယ် ထပ်ရောင်းလုပ်ကြတဲ့ အနေ အထားမှာ လက်ရှိအခန်းတွေတောင် ရောင်းမထွက်တဲ့အတွက် နောက်ထပ်ဆောက်မယ့် ကန်ထရိုက်တိုက်သစ်တွေကို ကြိုပွိုင့်ဝယ်နိုင်သူ မရှိသလောက်ဖြစ်သွားလို ကန်ထရိုက်တိုက်သစ်တွေ အခုလိုအများအပြား ထပ်ပေါ်လာဖို့ မရှိတော့ဘူးလို့ ပြောလာကြပါပြီ။

အမှန်တကယ်လည်း သိန်း ၁၀၀၀ ဈေးခေါ်ရောင်းနေတဲ့ တိုက်ခန်းတစ်ခန်းကို သိန်း ၇၀၀ အထိ ဈေးလျှော့ပြီး ခြောက်လလောက်အထိ အချိန်ကြာအောင် ရောင်းတာတောင် ရောင်းမထွက်တော့တဲ့အထိ ဖြစ်လာသလို ကြိုပွိုင့်ဝယ်ထားတဲ့ သူတွေလည်း အခန်းတွေပိုက်မိ၊ ကန်ထရိုက်တချို့ဆို မြေတူးတဲ့အဆင့်ကနေကို မတက်တော့တဲ့ အခြေအနေအထိ ရှိလာကြပါတယ်။

ဒီအခြေအနေကိုကြည့်ရင် ကန်ထရိုက်တိုက်ခန်း ကြိုပွိုင့်ဝယ်ထားသူတွေရော၊ ကန်ထရိုက်တာတွေရော အခန်းတွေ ပိုက်မိနေတာလည်း အထင်အရှားပါပဲ။

Developer နဲ့ မျှော်လင့်ချက်

ဝယ်လိုအားထိုးဆင်းတဲ့ အနေအထားကြုံရတယ် ဆိုပေမယ့် စီမံကိန်းကြီးတွေလုပ်နေတဲ့ Developer တွေ အတွက်ကတော့ အရည်အသွေးမြင့် တိုက်တာကွန်ဒိုတွေကို ဆောက်ထားတာရယ်၊ နောက်မကြာခင် ပေါ်လာတော့မယ့် ကွန်ဒိုဥပဒေရယ်ကြောင့်တော့ ရှင်သန်နေကြဦးမယ်လို့လည်း သုံးသပ်တာတွေ ရှိကြပါတယ်။

အဓိကအချက်ကတော့ ကိုယ့်ငွေနဲ့ စိုက်ထုတ်နိုင်တာရယ်၊ နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူခွင့် ရလာနိုင်တာရယ်ကြောင့် သူတို့တွေ အနေနဲ့တော့ အခုဝယ်လိုအားကျတဲ့ ဒဏ်ခံရပေမယ့် ရေရှည်အတွက်ကတော့ မျှော်လင့်ချက်ရှိနေသလို အဲ့ဒီမျှော်လင့်ချက်ကြောင့်လည်း စီမံကိန်းတွေကို ဆက်တိုက်အကောင်အထည် ဖော်နေကြတာပါ။

ဘာကြောင့်လဲဆိုတော့ လဟာပြင်ဈေးနေရာ၊ ကန်သာယာတာဝါ၊ ဟံသာဝတီ ကားပွဲစားတန်းဟောင်း နေရာစီမံကိန်း ၃ ခုမှာတင် မြှုပ်နှံရမယ့် ပမာဏက ကျပ်ဘီလျံ ၄၀၀ ကျော်အထိ ရှိနေပါတယ်။ စီမံကိန်းတစ်ခုစီဟာ အနည်းဆုံးကျပ်ဘီလျံ ၁၀၀ ၀န်းကျင်မှာ ရှိနေတာပါ။ အခုစီမံကိန်းအားလုံး ပေါင်းလိုက်ရင် ကျပ်ဘီလျံထောင်နဲ့ချီ မြှုပ်နှံကြရမယ့် ပမာဏဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် မတ်လကုန်အထိ စာရင်းအရ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံတကာကရော ပြည်တွင်းလုပ်ငန်းရှင်တွေပါ မြှုပ်နှံထားတာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် (ကျပ်ဘီလျံ ၁၆၀၀ ကျော်) အထိရှိနေတာပါ။

ဒီလောက်ပမာဏအထိ မြှုပ်နှံနေကြတာဟာ ပြည်တွင်းဝယ်လိုအား တစ်ခုတည်းကို ရည်ရွယ်ပြီး လုပ်နေတာ မဟုတ်ဘူး၊ နိုင်ငံခြားသား ဈေးကွက်ကိုပါ အဓိကထားပြီး လုပ်တယ်ဆိုတာ ပေါ်လွင်နေတယ်။

အဲ့ဒီအတွက် ကွန်ဒိုဥပဒေပေါ်လာပြီး နိုင်ငံခြားသားပါ ၀ယ်ယူခွင့် ပေးလာခဲ့ရင်တော့ အဆင့်မြင့်ကွန်ဒို စီမံကိန်းတွေက မျှော်လင့်စရာရှိသလို ဓာတ်လှေခါး အပါအ၀င် အရည်အသွေး ကောင်းကောင်းနဲ့ ဆောက်နေတဲ့ Mini Condo အဆောက်အအုံ စီမံကိန်းအချို့လည်း မျှော်လင့်နိုင်တဲ့ အနေအထား ရှိနေတာပါ။ အနည်းနဲ့အများ ဈေးကျတဲ့ဒဏ်ခံရနိုင်ပေမယ့် ၀ယ်လိုအားပျောက်တဲ့ ဒဏ်ကလွတ်နိုင်စရာ မျှော်လင့်ချက်လို့ ပြောရင်လည်း ရနိုင်ပါတယ်။

ကန်ထရိုက်တာတွေရော

Developer တွေက မျှော်လင့်ချက်ရှိတယ် ဆိုပေမယ့် ကန်ထရိုက်တာတွေကတော့ ကြားညပ်ခံရတော့မယ့် အခြေအနေပါပဲ။

ကျပ်သိန်း ၃၀၀၊ ၄၀၀ ကစ ပြီး ကျပ်သိန်း ၁၀၀၀ အောက် တိုက်ခန်းဈေးတွေကို ပြည်သူအများစု လုံးဝလက်လှမ်း မမီသေးလို့ ၀ယ်လိုအားသစ်တွေ ထပ်မရှိနိုင်တာ၊ ကြိုပွိုင့်ရိုက်နိုင်တဲ့ လူတန်းစားတစ်ရပ် အခုဆို ငွေဖော်မရဘဲ အခန်းပိုက်မိနေတာ၊ ကွန်ဒိုဥပဒေပေါ်လာရင်လည်း ကန်ထရိုက် တိုက်ခန်းတွေအနေနဲ့ အကြုံးမ၀င်လို့ နိုင်ငံခြားသားဈေးကွက်ကို မျှော်လို့မရတာ၊ ကြိုပွိုင့်မရှိရင် ဘဏ်ကထုတ်ချေးရမှာ ဖြစ်ပေမယ့် ဘဏ်တွေကလည်း ထုတ်ချေးနိုင်စွမ်း အခုနောက်ပိုင်းနည်းလာလို့ အရင်းအနှီး မရနိုင်တော့တာတွေကြောင့် ကန်ထရိုက်လုပ်ငန်းတွေဟာ ကာလတစ်ခုအထိ ကြားညပ်တုံ့ဆိုင်းသွားမယ်လို့ သုံးသပ်နေကြတာပါ။

လက်ရှိမှာလဲ ကြိုပွိုင့်ဝယ်ထားတဲ့သူ အချို့ဆိုရင် အရင်ခေါ်ထားတဲ့ ကျပ်သိန်း ၄၀၀၊ ၅၀၀ တန်ကို ကျပ်သိန်း ၃၀၀ လောက်အထိနဲ့ ထုတ်ရောင်းတာတောင် ရောင်းမထွက်တဲ့ အခြေအနေကြုံနေရတာတွေ ရှိပါတယ်။

ပြည်တွင်းက ပြည်သူအများစု အနေနဲ့လည်း တစ်နှစ်၊ နှစ်နှစ်အတွင်း ကျပ်သိန်း ၃၀၀၊ ၄၀၀ တန် တိုက်ခန်းဝယ်နိုင်တဲ့ ဘ၀ကို ချက်ခြင်းခုန်တက်ဦးမှာ မဟုတ်လို့ ကန်ထရိုက်တာတွေကတော့ ၀ယ်လိုအား ကျဆင်းမှုဒဏ်ကို တော်တော်လေး ခံရမယ့် အခြေအနေပါပဲ။

တိုက်ခန်းဈေးတွေကလည်း မဖြစ်သင့်တဲ့ ဈေးတွေအထိ ဆွဲတင်ထားတဲ့ ဈေးတွေဖြစ်လို့ အခုထက်ကို အနည်းနဲ့အများ ပြန်ဆင်းမယ့် အခြေအနေဖြစ်သလို အခုတောင်ဈေးတွေ ပြန်ဆင်းနေတဲ့အတွက် ကန်ထရိုက်တာတွေ အခက်တွေ့တော့မယ့် အနေအထား ရောက်လာနေပြီလို့ ပြောရမှာပါပဲ။

နောက်ထပ်လိုတာ အပြုံးမျက်နှာ

အခု အိမ်ခြံမြေဈေးတွေ ကျလာတယ်၊ အစိုးရကလည်း ၂၀၁၅ နှစ်ကုန်အထိဆိုရင် အခန်းပေါင်း ၃၇၀၀၀ ကနေ ၄၀၀၀၀ လောက်အထိရောက်အောင် ဆောက်မှာဆိုတဲ့အတွက် အိမ်ခြံမြေဈေးကတော့ အနည်းအများ ကျကိုကျမှာပါပဲ။

ဒါပေမဲ့ အိမ်ခြံမြေဈေး ဘယ်လောက်ကျကျ မြန်မာပြည်သူတွေရဲ့ လူတစ်ဦးချင်းဝင်ငွေဟာ ကမ္ဘာနဲ့ မယှဉ်နဲ့ဦး ဒေသတွင်း နိုင်ငံတွေနဲ့ပဲ ယှဉ်ရင်တောင် အနည်းဆုံးနိုင်ငံတွေထဲမှာပဲ ရှိတဲ့အတွက် နောက်ဆုံး ကျပ်သိန်း ၁၀၀ အထိကျသွားပါစေဦး အဲ့ဒီကျသွားတဲ့ ဈေးနားကိုတောင် အများစုက ကပ်နိုင်ဦးမှာ မဟုတ်သေးပါဘူး။

နောက်ထပ် လိုနေတာက အိမ်ခြံမြေဈေးကျတာနဲ့အတူ အများပြည်သူရဲ့ နေ့စဉ်ဝင်ငွေမြင့်တက်အောင် လုပ်ပေးဖို့နဲ့ အခြေခံပြည်သူတွေ လက်လှမ်းမီတဲ့ နေထိုင်စရာ ဖော်ဆောင်ပေးနိုင်ဖို့ပါပဲ။ ကြိုပွိုင့်ရိုက်တဲ့သူ တချို့က အခုမှ ငိုမရ ရယ်မရ မျက်နှာဖြစ်တာပါ။

တစ်ရက် ၁၅၀၀၊ ၂၀၀၀ ကျပ် ၀န်းကျင်ပဲ လုပ်အားခရတဲ့ အခြေခံ ပြည်သူအများစုက နေစရိတ် ဖိနှိပ်ထားတဲ့ဒဏ်ကြောင့် အငိုမျက်လုံး သက်သက်ဖြစ်နေတာ ကြာခဲ့ပါပြီ။ သူတို့အတွက် အပြုံးမျက်နှာ သက်သက်ဖြစ်အောင် ဆိုရင်တော့ လက်လှမ်းမီတဲ့ နေထိုင်စရာ ဖော်ဆောင်ပေးဖို့ မဖြစ်မနေ လိုနေတာပါပဲ။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service