ပြည်မြို့ ကမ်းနားလမ်းနှင့် ကန်လမ်းထောင့်ရှိ ယခင်ပြည်ဟို တယ်နေရာ အောက်ခံမြေနှင့် အ ဆောက်အအုံများကို အိတ်ဖွင့် လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ် ကြောင်း ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သတင်းရရှိ သည်။
အဆိုပါ နေရာတွင် ၁၉၉၂ မှ စတင်ကာ ၂၀၀၃ အထိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န် ကြီးဌာနက ပြည်ဟိုတယ်အဖြစ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ပြည်ဟိုတယ်ကို ပိတ်သိမ်းကာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) စည်ပင်သာယာ ရေးအဖွဲ့ ရုံးဖွင့်လှစ်ခဲ့ကြောင်း၊ မြေဧရိယာအကျယ်ဝန်းမှာ ၀ ဒသမ ၅၅၈ ဧကရှိပြီး အဆောက်အအုံ သုံးခုပါရှိသည်။ ပဲခူးတိုင်းဒေသ ကြီး စည်ပင်သာယာရေးအဖွဲ့ ပိုင် ဖြစ်ပြီး လက်ရှိတွင် ကျေးလက် ဒေသဖွံ့ဖြိုးရေး ခရိုင်ရုံးနှင့် မြို့ နယ်ရုံးအား ယာယီအငှားချပေး ထားကြောင်း ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
‘‘ဒီအဆောက်အအုံနဲ့ နေရာ က လက်ရှိမှာ စည်ပင်သာယာအ ဖွဲ့အတွက် အသုံးမချတဲ့ အပိုအ ဆောက်အအုံဖြစ်တယ်။ သမိုင်း ၀င်လည်း မဟုတ်ဘူး။ ရေရှည် ထိန်းသိမ်းဖို့မှာလည်း ကုန်ကျ စရိတ်တွေ များလာနိုင်တဲ့အတွက် လေလံရောင်းချတာ ဖြစ်တယ်’’ ဟု ပြည်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ ဒုတိယညွှန်ကြားရေး မှူး သူရဦးမြင့်သူက ပြောသည်။
အဆိုပါ နေရာကို လေလံကြမ်းခင်းဈေး ကျပ်သိန်းတစ် သောင်းငါးထောင် သတ်မှတ်ထားပြီး လျှောက်လွှာတင်သည့်အခါ အာမခံကြေး သိန်းခုနစ်ရာ့ငါး ဆယ် ပေးသွင်းရမည် ဖြစ်သည်။အိတ်ဖွင့်လေလံစည်းကမ်းနှင့် လျှောက် လွှာပုံစံကို ဧပြီ ၆ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး လျှောက်လွှာကြေးမှာ ကျပ်တစ် သောင်းခွဲ သတ်မှတ်ထားသည်။ မေလ ၄ ရက်တွင် လျှောက်လွှာ ပိတ်မည်ဖြစ်ပြီး မေလ ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်မြို့နယ် စည်ပင်သာယာရုံး၌ အိတ်ဖွင့် လေလံရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit: 7 day daily