အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအတွက် သတ်မှတ်စံချိန်မီတဲ့ အိမ်ရာစီမံကိန်းတွေ ပေါ်ထွက်လာမှာလား

အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအတွက် သတ်မှတ်စံချိန်မီတဲ့ အိမ်ရာစီမံကိန်းတွေ ပေါ်ထွက်လာမှာလား - Property News in Myanmar from iMyanmarHouse.com
7 Mar 2015 12:17 pm တွင် တင်ခဲ့သည်
1032 ကြိမ် ကြည့်ရှု့ပြီး
"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ လူမဆန် တဲ့ အထပ်မြင့်တိုက်တွေ အများအပြားပဲ ပေါ်ထွက်လာခဲ့တယ်" လို့ မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောပါတယ်။ လူမဆန်ဘူးလို့သုံးနှုန်းလိုက်တာကတော့ လက်ညှိုးထိုးမလွဲမြင်တွေ့ရမယ့် ပြွတ်သိပ် ကျပ်ညပ်နေတဲ့ ရန်ကုန်မြို့ပေါ်က အထပ်မြင့် အဆောက်အအုံတွေကိုဖြစ်ပါတယ်။

"တွေ့တဲ့အတိုင်း ဒီတိုက်တွေဟာ တစ်ခုနဲ့ တစ်တိုက် ကပ်လွန်းအားကြီးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ အတွင်း ဒီလိုတိုက်တွေ အများ ကြီးပဲပေါ်ထွက်လာခဲ့တယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်တဲ့ Private Public Partnership (PPP) လို့ခေါ်တဲ့ စနစ်အရ ပုဂ္ဂလိကကုမ္ပဏီတွေကများများမြတ်တဲ့ ဒီလို တိုက်မျိုးတွေ အများကြီးပဲ ဆောက်ခဲ့ကြ တယ်" လို့ ဒေါက်တာကျော်လတ်
က ပြောတယ်။ လူနေထိုင်တဲ့ အထပ်မြင့်တိုက်တွေမှာ ကားရပ်စရာနေရာတွေ ထည့်သွင်းပေးမထား ခြင်း၊ ကလေးငယ်တွေအတွက် ဆော့ကစားစရာ နေရာမရှိခြင်း၊ နေထိုင်သူတွေအတွက်စနစ် ကျတဲ့ အမှိုက်စွန့်ပစ်ပုံစံမရှိ ခြင်း၊ အဆောက်အအုံတစ်ခုနဲ့ တစ်ခုကြား ရှိသင့်တဲ့ အကွာအဝေးမရှိခြင်း စတာတွေဟာ လူသားမဆန်ဘူးလို့ ပြော စရာဖြစ် လာတယ်လို့ သူက ပြောပါတယ်။

"လူလတ်တန်းစားအများစုဟာ ဒီစနစ်နဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေမှာ နေထိုင်နေကြတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ဆောက်ထားတဲ့ အဆောက်အအုံတွေဟာ ပြတင်းပေါက်အလုံအလောက်မရှိ တော့ သဘာဝအလင်းရောင် အပြည့်အ၀ မရနိုင်ဘူး။ ပြီးတော့ လေ၀င်လေထွက်လည်း မကောင်းပါဘူး။ လူနေထိုင်တဲ့ နေရာတစ်ခု ဆိုတာ သင့်လျော်တဲ့ လေ၀င်လေထွက်စနစ် ရှိကိုရှိရပါမယ်။ ဥပမာပြောရရင် အိမ်သာ မှာ လေ၀င်လေထွက်ပေါက် တစ်ပေါက် ရှိသင့်တာမျိုးပေါ့" လို့ ဒေါက်တာကျော်လတ် က ပြောတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဆိုင်ရာ နည်းဥပဒေများအရအဆောက်အအုံ ဆောက် လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ ကန်ထရိုက် တာတွေဟာ လျှပ်စစ်မီတာ တပ်ဆင်ခြင်း၊ ထရန်စီဖော်မာတပ်ဆင်ခြင်း၊ အရေးပေါ် ထွက်ပေါက်တပ်ဆင်ခြင်း၊ ရေဆိုးစွန့်ပစ်ခြင်း နဲ့ အမှိုက်စွန့်ပစ်စနစ်၊ မီးဘေးလုံခြုံရေးစနစ်၊ လမ်းတံတားဆိုင်ရာကိစ္စရပ်တွေနဲ့ စပ်လျဉ်း
၍ သက်ဆိုင်ရာဌာနတွေရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပေမယ့်လက်ရှိ လူလတ်တန်းစားတွေ နေထိုင်နေကြရတဲ့ အထပ်မြင့်အဆောက်အအုံတွေဟာ အဓိကကျတဲ့အခြေခံစနစ်တွေ ရှိမနေတာကို တွေ့ရမှာပါ။ "လက်ရှိ ကျွန်မနေတဲ့ တိုက်ကခုနစ်ထပ် ရှိတယ်။

ဒါပေမဲ့ အရေးပေါ်ထွက်ပေါက်တို့၊ မီးသတ်လှေကားတို့ မပါပါဘူး။ အရင်ငှားနေခဲ့တဲ့ တိုက်မှာတော့နောက်ဖေးမှာ အရေးပေါ် လှေကားပါတယ်။ ဒါပေမဲ့ သံချောင်းသေး သေးလေးတွေနဲ့ အဖြစ်လုပ်ထားတာ" လို့ ကျောက်တံတားမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်သီရိက ပြောတယ်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service