အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေးဗီးယားသံအမတ်ကြီး၊ ဆော်ဒီမင်းသား ပိုင်ဆိုင်ခဲ့သော အမေရိကန်မှ အလင်းနန်းတော် စံအိမ်ကြီး ဝယ်လက်ရှာတွေ့
အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေးဗီးယားသံအမတ်ကြီး၊ ဆော်ဒီမင်းသား ပိုင်ဆိုင်ခဲ့သော အမေရိကန်မှ အလင်းနန်းတော် စံအိမ်ကြီး ဝယ်လက်ရှာတွေ့ - Property News in Myanmar from iMyanmarHouse.com
16 Oct 2024 3:41 pm တွင် တင်ခဲ့သည်
413 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ Great Falls မြို့တွင် စတုရန်းပေ ၂၄၀၀၀ ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံးရှိပြီး ဆော်ဒီအာရေးဗီးယားမှ မင်းသားတစ်ပါး ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်သည်။
အဆိုပါစံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေသည်မှာ တစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီး ယခုအခါ ဝယ်လက်ရှာတွေ့ သွားပြီ ဖြစ်သည်။
Chateau de Lumiere (သို့မဟုတ်) အလင်းနန်းတော်အမည်ရှိ စံအိမ်ကြီးသည် စိမ်းလန်းသော ခြံအကျယ် ၅ ဒသမ ၅ ဧကပေါ်တါင် တည်ရှိပြီး အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၃ ခန်းပါဝင်ကာ ကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
ဆော်ဒီမင်းသား ခါလစ် ဘင် ဆယ်လ်မန် အယ် ဆွတ် (Khalid bin Salman Al Saud) က ၂၀၁၇ ခုနှစ်တွင် အသစ်စက်စက် အနေအထားဖြင့် စံအိမ်ကြီးကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။
စံအိမ်ဝယ်ယူစဉ်က ဆော်ဒီမင်းသားသည် Georgetown တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးအဖြစ် ပညာဆည်းပူးနေချိန်ဖြစ်ပြီး နောင်အခါတွင် အမေရိကန်ဆိုင်ရာ ဆော်ဒီသံအမတ်ကြီး ဖြစ်လာသည်။
စံအိမ်ကို မင်းသား ခါလစ်က ကန်ဒေါ်လာ ၁၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူပြီးမကြာမီ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရကာ နောက်ပိုင်းတွင် ဆော်ဒီ လက်ထောက် ကာကွယ်ရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံရသည်။
ထို့ကြောင့် စံအိမ်ဝယ်ယူခဲ့သော်လည်း မင်းသားခါလစ် နေထိုင်ခဲ့ဖူးခြင်း မရှိချေ။
Washington Business Journal ၏ ဖော်ပြချက်အရ စံအိမ်ကြီးကို ၂၀၁၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် လက်ရှိခေါ်ဈေးသို့ လျှော့ချပေးခဲ့သည်ဟု ဆိုသည်။
(ထင်းသုံးမီးလင်းဖိုနှင့် ပြင်သစ်တံခါးများပါဝင်သော ဧည့်ခန်း။ ဓာတ်ပုံ-Realtor)
(စိတ်ကြိုက်ပုံဖော်ထားသော သစ် ကနုတ်ပန်းပုလက်ရာ၊ ကြီးမားသော ချက်ပြုတ်ခုံနှင့် ညစာစားရန်နေရာတို့ ပါဝင်သော မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)
(မီးလင်းဖိုနှင့် ပြင်သစ်တံခါးများ တပ်ဆင်ထားသော စာကြည့်တိုက်။ ဓာတ်ပုံ-Realtor)
ဝါရှင်တန်ဒီစီမြို့တော်မှ မိုင် ၂၀ ခန့်အကွာတွင် တည်ရှိပြီး The Building Group ကုမ္ပဏီက ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
ခမ်းနားလှသော စံအိမ်ကြီးတွင် ဥရောပလက်ရာများ၊ စကျင်ကျောက်နှင့် သစ်မာသားကြမ်းခင်းများ၊ စိတ်ကြိုက် ပြုလုပ်ထားသော သစ် ကနုတ်ပန်းပုလက်ရာများ၊ နီယိုးကလပ်စစ်ကယ် ဗိသုကာဟန် ပြတင်းများ၊ ဖောင်းကြွ မျက်နှာကြက်များနှင့် မီးလင်းဖိုများ ပါဝင်သည်။
ပထမထပ်တွင် မျက်နှာကြက်မှာ ၁၂ ပေခန့် မြင့်မားပြီး ကျယ်ပြောသော ဧည့်ခန်း၊ ကြီးမားလှသော ညစာစားခန်း၊ မှန်များ ကာရံထားသော ballroom နှင့် စိတ်ကြိုက် ပုံဖော်ထားသည့် သစ် ကနုတ်ပန်းပု လက်ရာများဖြင့် မွမ်းမံထားသော built-in အရက်ဘားတို့ ပါဝင်သည်။
မီးဖိုဆောင်တွင် high-end အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားသည်။
(ဒုတိယထပ်မှ စိတ်ကြိုက်ပုံဖော်ထားသော လက်ရန်းများနှင့် မီးဆိုင်းများ။ ဓာတ်ပုံ-Realtor)
(Indoor ဘတ်စ်ကက်ဘောကွင်း။ ဓာတ်ပုံ-Realtor)
(အိမ်တွင်း ရုပ်ရှင်ရုံ။ ဓာတ်ပုံ-Realtor)
(ရေကူးကန်။ ဓာတ်ပုံ-Realtor)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Saudi Prince’s $11.8M Never-Lived-In Virginia Mansion Finally Under Contract (realtor) Photo Credit-Realtor
[Zawgyi]
(ရေကူးကန်။ ဓာတ်ပုံ-Realtor)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
CarsDB
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service