အရှေ့တောင်အာရှတွင် စင်္ကာပူတစ်နိုင်ငံတည်းတွင်သာ သီးသန့်သီဆိုပေးရန် သဘောတူစာချုပ်ကာ တစ်ပွဲလျှင် ဒေါ်လာ ၃ သန်းဖြင့် သီဆိုခဲ့မှုအတွက် ဝေဖန်ခံနေရသူ တေလာဆွစ်ဖ်နှင့် သူ၏ ဒေါ်လာ သန်း ၈၀ ဖိုးခန့်ရှိ အမေရိကန်ပြည်တဝန်းမှ စံအိမ်များ

အရှေ့တောင်အာရှတွင် စင်္ကာပူတစ်နိုင်ငံတည်းတွင်သာ သီးသန့်သီဆိုပေးရန် သဘောတူစာချုပ်ကာ တစ်ပွဲလျှင် ဒေါ်လာ ၃ သန်းဖြင့် သီဆိုခဲ့မှုအတွက် ဝေဖန်ခံနေရသူ တေလာဆွစ်ဖ်နှင့် သူ၏ ဒေါ်လာ သန်း ၈၀ ဖိုးခန့်ရှိ အမေရိကန်ပြည်တဝန်းမှ စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
7 Mar 2024 10:28 am တွင် တင်ခဲ့သည်
1701 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကန်းထရီးအဆိုတော် တေလာဆွစ်ဖ်သည် Eras Tour ဟူသောအမည်ဖြင့် ကမ္ဘာလှည့် စင်မြင့်ဂီတဖျော်ဖြေပွဲ များ လှည့်လည်လျက်ရှိရာ ယခုအခါ စင်္ကာပူသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

စင်္ကာပူဂီတပွဲအပေါ်တွင် ဝေဖန်မှု များစွာ ပေါ်ပေါက်လျက်ရှိနေသည်။ တေလာဆွစ်ဖ်သည် ၂၀၂၃ ခုနှစ်၊ မတ်လကတည်းက ကမ္ဘာလှည့် ဂီတဖျော်ဖြေပွဲ ထွက်ရှိနေခြင်း ဖြစ်သည်။

Eras Tour သည် သမိုင်းတလျှောက် ဝင်ငွေအမြင့်မားဆုံး ဂီတဖျော်ဖြေပွဲခရီးစဉ်အဖြစ် စံချိန်တင်နေသည်။

တေလာဆွစ်ဖ်၏ Eras Tour သည် မြောက်အမေရိက၊ တောင်အမေရိက၊ သြစတေးလျတို့သို့ ရောက်ရှိခဲ့ ပြီးနောက် အရှေ့တောင်အာရှတွင် စင်္ကာပူသို့ ရောက်လာခြင်း ဖြစ်သည်။

တေလာဆွစ်ဖ်သည် စင်္ကာပူအစိုးရနှင့် သဘောတူစာချုပ်အရ ထိုင်းနှင့် အင်ဒိုနီးရှားတို့ကဲ့သို့ အခြားသော အရှေ့တောင်အာရှနိုင်ငံများတွင် သီဆိုမည်မဟုတ်ချေ။

ထိုသို့ exclusive သီဆိုပေးမှုအတွက် တစ်ပွဲလျှင် ကန်ဒေါ်လာ ၃ သန်းပေးခဲ့ရသည်ဟု ဆိုသည်။

(တေလာဆွစ်ဖ် စင်္ကာပူတွင် သီဆိုဖျော်ဖြေခဲ့ပုံ။ ဓာတ်ပုံ-Ashok Kuma/TAS24)

ထိုင်းအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံများကလည်း တေလာဆွစ်ဖ်၏ Eras Tour ကို လက်ခံကျင်းပလိုသည်။

အစိုးရ အကြီးအကဲများမှာ ဆွစ်ဖ်တီများဖြစ်သောကြောင့်မဟုတ်။ ငွေကြေး အမြတ်အစွန်း ကြီးမားစွာရနိုင်သောကြောင့်ဖြစ်ပြီး သြစတေးလျတွင် ဒေါ်လာ ၁၄၅ သန်းအထိ ဝင်ငွေရခဲ့သည်ဟု ဆိုသည်။

((တေလာဆွစ်ဖ် ကြွယ်ဝမှု))

၂၀၂၄ ခုနှစ်အချက်အလက်များအရ တေလာဆွစ်၏ ချမ်းသာကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ရှိသည်ဟု ခန့်မှန်းရသည်။

တေလာဆွစ်သည် ဂီတလောကတွင် ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာသူများအနက် Rihanna ပြီးလျှင် ဒုတိယ အချမ်းသာဆုံးနေရာတွင် ရပ်တည်နေသည်။

Rihanna ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ဖြစ်သည်။ တေလာဆွစ်ဖ်သည် ဂီတဖျော်ဖြေပွဲများမရှိချိန်မျိုးတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေလေ့ရှိသည်။

၂၀၁၁ ခုနှစ်ကတည်းက အိမ်ခြံမြေ ကန်ဒေါ်လာ သန်း ၈၀ ကျော်ဖိုး ဝယ်ယူပိုင်ဆိုင်ထားသည်။

အောက်တွင် အမေရိကန်ပြည်ထောင်စုတဝန်း တေလာဆွဖ် ပိုင်ထားသော အိမ်ခြံမြေများကို ဖော်ပြထားပါသည်။

((နယူးယောက်မြို့၊ Tribeca အရပ်))

(တေလာဆွစ်ဖ်တွင် အိမ်ခြံမြေ ကန်ဒေါ်လာ သန်း ၈၀ ကျော်ဖိုး ပိုင်ဆိုင်ထားသည်)

(indoor ရေကူးကန်ပါသော Tribeca အရပ်မှ duplex ခန်း)

တေလာဆွစ်သည် နယူးယောက်တွင် အိမ်ခြံမြေများ ဝယ်ယူမှုကို ၂၀၁၄ ခုနှစ်မှစတင်ခဲ့သည်။

ထိုစဉ်က ဝယ်ခဲ့သည်မှာ Tribeca အရပ်ရှိ အဆောက်အအုံတစ်ခုမှ ကပ်လျက် penthouse ခန်း ၂ ခုကို ကန်ဒေါ်လာ ၁၉ ဒသမ ၉၅ သန်းဖြင့် ဝယ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် အဆိုပါ အဆောက်အအုံမှ ဒုတိယထပ်ကို ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် ဝယ်ယူခဲ့ပြန်သည်။

ယင်းနောက် ၂၀၁၇ ခုနှစ်တွင် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ၄ ထပ်အဆောက်အအုံတစ်လုံးကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ခဲ့သည်။

(တစ်ခုသော မီးဖိုဆောင်)

((Rhode Island ၊ Westerly မြို့))

(တေလာဆွစ်ဖ်က ဤစံအိမ်ကို ၂၀၁၃ ခုနှစ်အတွင်း ငွေသားဖြင့် ပေးချေကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Cj Gunther/ EPA/ Shutterstock)

တေလာဆွစ်ဖ်သည် ဆူညံပွက်လောရိုက်သောဝန်းကျင်မှ ရှောင်ခွာလိုချိန်များတွင် Rhode Island ၌ စတုရန်းပေ ၁၂၀၀၀ ခန့်အထိ ကျယ်ဝန်းသော စံအိမ်ကြီးတစ်လုံးရှိသည်။

ထိုစံအိမ်တွင် အိပ်ခန်း ၈ ခန်းနှင့် မီးလင်းဖို ၈ ခုပါသည်ဟု ဆိုသည်။ တေလာဆွစ်ဖ်က ထိုစံအိမ်ကို ငွေသားဖြင့် ပေးချေကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁၇ ဒသမ ၇၅ သန်း ပေးခဲ့ရသည်။

(စံအိမ်အကျယ် စတုရန်းပေ ၁၂၀၀၀ ရှိပြီး အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၉ ခန်းပါဝင်သည်။ Cj Gunther/ EPA/ Shutterstock)

((တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မြို့))

(Adelicia ကွန်ဒိုမီနီယံ)

တေလာဆွစ်ဖ်သည် နယူးယောက်တွင် မနေသည့်အခါမျိုးတွင် တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မြို့တွင် ကုန်လွန်ဖြတ်သန်းလေ့ရှိသည်။ သူ၏ ဂီတဘဝကို နက်ရှ်ဗီးလ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

(Adelicia ကွန်ဒို)

တေလာဆွစ်ဖ်သည် အသက် ၂၀ အရွယ်တွင် နက်ရှ်ဗီးလ်မြို့ရှိ ၃၂၄၀ စတုရန်းပေ ကျယ်ဝန်းသော penthouse ခန်းတစ်ခုကို ကန်ဒေါ်လာ ၁ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့သည်။

(၂၀၁၁ ခုနှစ်တွင် နက်ရှ်ဗီးမြို့တွင် Northumberland စံအိမ်ဟုအမည်ရသည့် စတုရန်းပေ ၅၆၀၀ ကျယ်သော အိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-Realtor)

(နက်ရှ်ဗီးမြို့စံအိမ်၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-Google)

((ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးစ်အရပ်))

(တေလာဆွစ်ဖ် ပိုင်ဆိုင်ခဲ့ဖူးသော ဘီဗာလီဟေးစ်မှ ဘန်ဂလိုအိမ်။ ၂၀၁၈ ခုနှစ်က ရောင်းထုတ်သွားခဲ့။ ဓာတ်ပုံ-Realtor)

(ဂျော်ဂျီယာ ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောစံအိမ်ကို တေလာဆွစ်ဖ်က ကန်ဒေါ်လာ ၂၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ-Google)

(ဆက်စပ်သတင်း)

ခြံရှေ့အမှိုက်ပစ်မှုကြောင့် အကြိမ်ပေါင်း ၃၀ ကျော် ဒဏ်ရိုက်ခံရသူ တေလာဆွစ် https://www.imyanmarhouse.com/news/read/1074641

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: See inside Taylor Swift’s $80M houses, mansions and lofts across the US (nypost)

  Photo Credit: Ashok Kuma/TAS24, Cj Gunther/ EPA/ Shutterstock, Realtor, Google

[Zawgyi]

အေ႐ွ႕ေတာင္အာ႐ွတြင္ စကၤာပူတစ္ႏိုင္ငံတည္းတြင္သာ သီးသန္႔သီဆိုေပးရန္ သေဘာတူစာခ်ဳပ္ကာ တစ္ပြဲလွ်င္ ေဒၚလာ ၃ သန္းျဖင့္ သီဆိုခဲ့မႈအတြက္ ေဝဖန္ခံေနရသူ ေတလာဆြစ္ဖ္ႏွင့္ သူ၏ ေဒၚလာ သန္း ၈၀ ဖိုးခန္႔႐ွိ အေမရိကန္ျပည္တဝန္းမွ စံအိမ္မ်ား

ကန္းထရီးအဆိုေတာ္ ေတလာဆြစ္ဖ္သည္ Eras Tour ဟူေသာအမည္ျဖင့္ ကမ႓ာလွည့္ စင္ျမင့္ဂီတေဖ်ာ္ေျဖပြဲ မ်ား လွည့္လည္လ်က္႐ွိရာ ယခုအခါ စကၤာပူသို႔ ေရာက္႐ွိခဲ့ျခင္းျဖစ္သည္။

စကၤာပူဂီတပြဲအေပၚတြင္ ေဝဖန္မႈ မ်ားစြာ ေပၚေပါက္လ်က္႐ွိေနသည္။ ေတလာဆြစ္ဖ္သည္ ၂၀၂၃ ခုႏွစ္၊ မတ္လကတည္းက ကမ႓ာလွည့္ ဂီတေဖ်ာ္ေျဖပြဲ ထြက္႐ွိေနျခင္း ျဖစ္သည္။

Eras Tour သည္ သမိုင္းတေလွ်ာက္ ဝင္ေငြအျမင့္မားဆုံး ဂီတေဖ်ာ္ေျဖပြဲခရီးစဥ္အျဖစ္ စံခ်ိန္တင္ေနသည္။

ေတလာဆြစ္ဖ္၏ Eras Tour သည္ ေျမာက္အေမရိက၊ ေတာင္အေမရိက၊ ၾသစေတးလ်တို႔သို႔ ေရာက္႐ွိခဲ့ ၿပီးေနာက္ အေ႐ွ႕ေတာင္အာ႐ွတြင္ စကၤာပူသို႔ ေရာက္လာျခင္း ျဖစ္သည္။

ေတလာဆြစ္ဖ္သည္ စကၤာပူအစိုးရႏွင့္ သေဘာတူစာခ်ဳပ္အရ ထိုင္းႏွင့္ အင္ဒိုနီး႐ွားတို႔ကဲ့သို႔ အျခားေသာ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံမ်ားတြင္ သီဆိုမည္မဟုတ္ေခ်။

ထိုသို႔ exclusive သီဆိုေပးမႈအတြက္ တစ္ပြဲလွ်င္ ကန္ေဒၚလာ ၃ သန္းေပးခဲ့ရသည္ဟု ဆိုသည္။

(ေတလာဆြစ္ဖ္ စကၤာပူတြင္ သီဆိုေဖ်ာ္ေျဖခဲ့ပုံ။ ဓာတ္ပုံ-Ashok Kuma/TAS24)

ထိုင္းအပါအဝင္ အျခားအိမ္နီးခ်င္းႏိုင္ငံမ်ားကလည္း ေတလာဆြစ္ဖ္၏ Eras Tour ကို လက္ခံက်င္းပလိုသည္။

အစိုးရ အႀကီးအကဲမ်ားမွာ ဆြစ္ဖ္တီမ်ားျဖစ္ေသာေၾကာင့္မဟုတ္။ ေငြေၾကး အျမတ္အစြန္း ႀကီးမားစြာရႏိုင္ေသာေၾကာင့္ျဖစ္ၿပီး ၾသစေတးလ်တြင္ ေဒၚလာ ၁၄၅ သန္းအထိ ဝင္ေငြရခဲ့သည္ဟု ဆိုသည္။

((ေတလာဆြစ္ဖ္ ႂကြယ္ဝမႈ))

၂၀၂၄ ခုႏွစ္အခ်က္အလက္မ်ားအရ ေတလာဆြစ္၏ ခ်မ္းသာႂကြယ္ဝမႈမွာ ကန္ေဒၚလာ ၁ ဒသမ ၁ ဘီလီယံ ႐ွိသည္ဟု ခန္႔မွန္းရသည္။

ေတလာဆြစ္သည္ ဂီတေလာကတြင္ ကိုယ့္ထူးကိုယ္ခြၽန္ ခ်မ္းသာလာသူမ်ားအနက္ Rihanna ၿပီးလွ်င္ ဒုတိယ အခ်မ္းသာဆုံးေနရာတြင္ ရပ္တည္ေနသည္။

Rihanna ၏ ႂကြယ္ဝမႈမွာ ကန္ေဒၚလာ ၁ ဒသမ ၄ ဘီလီယံ ျဖစ္သည္။ ေတလာဆြစ္ဖ္သည္ ဂီတေဖ်ာ္ေျဖပြဲမ်ားမ႐ွိခ်ိန္မ်ိဳးတြင္ အိမ္ျခံေျမရင္းႏွီးျမႇဳပ္ႏွံမႈမ်ား လုပ္ေဆာင္ေနေလ့႐ွိသည္။

၂၀၁၁ ခုႏွစ္ကတည္းက အိမ္ျခံေျမ ကန္ေဒၚလာ သန္း ၈၀ ေက်ာ္ဖိုး ဝယ္ယူပိုင္ဆိုင္ထားသည္။

ေအာက္တြင္ အေမရိကန္ျပည္ေထာင္စုတဝန္း ေတလာဆြဖ္ ပိုင္ထားေသာ အိမ္ျခံေျမမ်ားကို ေဖာ္ျပထားပါသည္။

((နယူးေယာက္ၿမိဳ႕၊ Tribeca အရပ္)) (ေတလာဆြစ္ဖ္တြင္ အိမ္ျခံေျမ ကန္ေဒၚလာ သန္း ၈၀ ေက်ာ္ဖိုး ပိုင္ဆိုင္ထားသည္)

(indoor ေရကူးကန္ပါေသာ Tribeca အရပ္မွ duplex ခန္း) ေတလာဆြစ္သည္ နယူးေယာက္တြင္ အိမ္ျခံေျမမ်ား ဝယ္ယူမႈကို ၂၀၁၄ ခုႏွစ္မွစတင္ခဲ့သည္။

ထိုစဥ္က ဝယ္ခဲ့သည္မွာ Tribeca အရပ္႐ွိ အေဆာက္အအုံတစ္ခုမွ ကပ္လ်က္ penthouse ခန္း ၂ ခုကို ကန္ေဒၚလာ ၁၉ ဒသမ ၉၅ သန္းျဖင့္ ဝယ္ခဲ့ျခင္း ျဖစ္သည္။

၂၀၁၈ ခုႏွစ္တြင္ အဆိုပါ အေဆာက္အအုံမွ ဒုတိယထပ္ကို ကန္ေဒၚလာ ၁၀ သန္းနီးပါးျဖင့္ ဝယ္ယူခဲ့ျပန္သည္။

ယင္းေနာက္ ၂၀၁၇ ခုႏွစ္တြင္ ႏွစ္ေပါင္း ၁၀၀ သက္တမ္း႐ွိ ၄ ထပ္အေဆာက္အအုံတစ္လုံးကို ကန္ေဒၚလာ ၁၆ သန္းျဖင့္ ဝယ္ခဲ့သည္။ (တစ္ခုေသာ မီးဖိုေဆာင္)

((Rhode Island ၊ Westerly ၿမိဳ႕))

(ေတလာဆြစ္ဖ္က ဤစံအိမ္ကို ၂၀၁၃ ခုႏွစ္အတြင္း ေငြသားျဖင့္ ေပးေခ်ကာ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပုံ- Cj Gunther/ EPA/ Shutterstock) ေတလာဆြစ္ဖ္သည္ ဆူညံပြက္ေလာ႐ိုက္ေသာဝန္းက်င္မွ ေ႐ွာင္ခြာလိုခ်ိန္မ်ားတြင္ Rhode Island ၌ စတုရန္းေပ ၁၂၀၀၀ ခန္႔အထိ က်ယ္ဝန္းေသာ စံအိမ္ႀကီးတစ္လုံး႐ွိသည္။

ထိုစံအိမ္တြင္ အိပ္ခန္း ၈ ခန္းႏွင့္ မီးလင္းဖို ၈ ခုပါသည္ဟု ဆိုသည္။ ေတလာဆြစ္ဖ္က ထိုစံအိမ္ကို ေငြသားျဖင့္ ေပးေခ်ကာ ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး ကန္ေဒၚလာ ၁၇ ဒသမ ၇၅ သန္း ေပးခဲ့ရသည္။

(စံအိမ္အက်ယ္ စတုရန္းေပ ၁၂၀၀၀ ႐ွိၿပီး အိပ္ခန္း ၈ ခန္း၊ ေရခ်ိဳးခန္း ၉ ခန္းပါဝင္သည္။ Cj Gunther/ EPA/ Shutterstock)

((တင္နက္ဆီျပည္နယ္၊ နက္႐ွ္ဗီးလ္ၿမိဳ႕))

(Adelicia ကြန္ဒိုမီနီယံ) ေတလာဆြစ္ဖ္သည္ နယူးေယာက္တြင္ မေနသည့္အခါမ်ိဳးတြင္ တင္နက္ဆီျပည္နယ္၊ နက္႐ွ္ဗီးလ္ၿမိဳ႕တြင္ ကုန္လြန္ျဖတ္သန္းေလ့႐ွိသည္။ သူ၏ ဂီတဘဝကို နက္႐ွ္ဗီးလ္တြင္ စတင္ခဲ့ျခင္း ျဖစ္သည္။

(Adelicia ကြန္ဒို)

ေတလာဆြစ္ဖ္သည္ အသက္ ၂၀ အ႐ြယ္တြင္ နက္႐ွ္ဗီးလ္ၿမိဳ႕႐ွိ ၃၂၄၀ စတုရန္းေပ က်ယ္ဝန္းေသာ penthouse ခန္းတစ္ခုကို ကန္ေဒၚလာ ၁ ဒသမ ၉ သန္းျဖင့္ ဝယ္ယူခဲ့သည္။

(၂၀၁၁ ခုႏွစ္တြင္ နက္႐ွ္ဗီးၿမိဳ႕တြင္ Northumberland စံအိမ္ဟုအမည္ရသည့္ စတုရန္းေပ ၅၆၀၀ က်ယ္ေသာ အိမ္တစ္လုံးကို ကန္ေဒၚလာ ၂ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့သည္။ ဓာတ္ပုံ-Realtor) (နက္႐ွ္ဗီးၿမိဳ႕စံအိမ္၏ ေကာင္းကင္ဓာတ္ပုံ။ ဓာတ္ပုံ-Google) ((ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိၿမိဳ႕၊ ဘီဗာလီေဟးစ္အရပ္)) (ေတလာဆြစ္ဖ္ ပိုင္ဆိုင္ခဲ့ဖူးေသာ ဘီဗာလီေဟးစ္မွ ဘန္ဂလိုအိမ္။ ၂၀၁၈ ခုႏွစ္က ေရာင္းထုတ္သြားခဲ့။ ဓာတ္ပုံ-Realtor) (ေဂ်ာ္ဂ်ီယာ ရီဗိုက္ဗယ္လ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာစံအိမ္ကို ေတလာဆြစ္ဖ္က ကန္ေဒၚလာ ၂၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ဓာတ္ပုံ-Google)

(ဆက္စပ္သတင္း)

ျခံေ႐ွ႕အမိႈက္ပစ္မႈေၾကာင့္ အႀကိမ္ေပါင္း ၃၀ ေက်ာ္ ဒဏ္႐ိုက္ခံရသူ ေတလာဆြစ္ https://www.imyanmarhouse.com/news/read/1074641

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: See inside Taylor Swift’s $80M houses, mansions and lofts across the US (nypost)

Photo Credit- Ashok Kuma/TAS24, Cj Gunther/ EPA/ Shutterstock, Realtor, Google

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service