အသက် ၃၆ နှစ်အရွယ်ရှိအမျိုးသားနှင့်တွဲနေသော အသက် ၇၆ နှစ်အရွယ် အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး၊ အဆိုတော် Cher က ဒေါ်လာ ၃ သန်းဖြင့်ဝယ်ထားသောစံအိမ်ကို ဒေါ်လာ ၈၆ သန်းဖြင့် ရောင်းမည်

အသက် ၃၆ နှစ်အရွယ်ရှိအမျိုးသားနှင့်တွဲနေသော အသက် ၇၆ နှစ်အရွယ် အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး၊ အဆိုတော် Cher က ဒေါ်လာ ၃ သန်းဖြင့်ဝယ်ထားသောစံအိမ်ကို ဒေါ်လာ ၈၆ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
7 Feb 2023 11:53 am တွင် တင်ခဲ့သည်
721 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကမ္ဘာကျော်အဆိုတော် Cher (အသက် ၇၆ နှစ်) က ၎င်းနှင့် အသက် ၄၀ ကွာသူ အသက် ၃၆ နှစ်အရွယ် တေးထုတ်လုပ်သူ အလက်ဇန္ဒြား အက်ဒ်ဝါ့ (Alexander Edwards) နှင့်တွဲနေကြောင်း ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း အတည်ပြုပြောကြားခဲ့သည်။

အသက် ၄၀ ခန့်ကွာသူနှင့် တွဲသောကြောင့် အလက်ဇန္ဒြားမှာ ငွေအတွက်တွဲခြင်းသာဖြစ်နိုင်ကြောင်း ဝေဖန်မှုများရှိရာ ထိုသို့ ဝေဖန်မှုများအပေါ် Cherr က တုံ့ပြန်ပြောဆိုသည်မှာ အလက်ဇန္ဒြားက မိမိအား ဘုရင်မတစ်ပါးသဖွယ်ဆက်ဆံကြောင်း၊ မိမိမှာ ငနုံငအတစ်ဦးမဟုတ်ကြောင်း ပြောသည်။

လော့စ်အိန်ဂျလိမြို့တွင် ကျင်းပခဲ့သော ဂရမ်မီအကြိုပါတီပွဲသို့ Cher တို့စုံတွဲရောက်လာခဲ့ရာ ၎င်းတို့၏ အချစ်မှာ ခိုင်မာဟန်ရှိသည်ဟု ယူဆရသည်။

၎င်းတို့စုံတွဲသည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ Matsuhisa စားသောက်ဆိုင်သို့ လက်ချင်းတွဲကာ ရောက်လာခဲ့ပြီး နှစ်ဦးလုံးမှာ ဖက်ရှင်ကျကျဝတ်ဆင်ထားသည်ကို တွေ့ရသည်။

ဂီတကြယ်ပွင့် Cher သည် အမည်းရောင်ခါးတိုအင်္ကျီ၊ အဖြူရောင်အပေါ်ကုတ်အင်္ကျီတို့ ဝတ်ဆင်ထားသည်။

 

(ဘီဗာလီဟေးလ်ရှိ နာမည်ကျော်ဆူရှီဆိုင်သို့ ရောက်လာသော အချစ်ငှက်များ။ ဓာတ်ပုံ-The Hollywood JR/Backgrid)

 

သူချစ်သော အလက်ဇန္ဒြားနှင့်အတူ Cher သည် အနက်ရောင်ပိုက်ဆံအိတ်တစ်လုံးလည်း ကိုင်ထားပြီး ဆူရှီဆိုင်သို့ အဝင်တွင် ပြုံးနေသည်ကို တွေ့ရသည်။

Cher နှင့် အလက်ဇန္ဒြားတို့သည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း Paris Fashion Week တွင် ပထမဆုံးစတင် ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။

 

(Cher နှင့် အလက်ဇန္ဒြားတို့ စေ့စပ်ထားသည်ဟူသော ကောလာဟလများလည်း ရှိသည်။ ဓာတ်ပုံ-The Hollywood JR/Backgrid)

 

 

၎င်းတို့နှစ်ဦးသည် Cher ၏ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်ရှိ စံအိမ်ကြီးတွင် အတူတကွ အချိန်ကာလများ ဖြတ်သန်းခဲ့ဖူးသည်ဟူသော သတင်းများရှိသည်။

Cher က အဆိုပါအိမ်ကို မကြာသေးမီက ကန်ဒေါ်လာ ၈၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

(Cher က သူ၏ပရိသတ်များကို ပြောသည်မှာ မိမိအနေဖြင့် ကိုယ်ဘာလုပ်နေသည်ဆိုသည်ကို သိကြောင်း၊ အလက်ဇန္ဒြားသည် မိမိ၏ ငွေများကို မက်မောနေသူတစ်ဦးမဟုတ်ကြောင်း ပြောသည်။ ဓာတ်ပုံ-Mike Marsland/Mike Marsland/WireImage)

 

 

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းဖြင့် ဝယ်ယူထားသော စံအိမ်ကို ဒေါ်လာ ၈၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခြင်း

 

Cher ၏ မာလီဘူးအရပ်မှ နန်းတော်တမျှခမ်းနားသောစံအိမ်ကြီးကို ဒေါ်လာ ၈၅ သန်းဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည့် အခွင့်အရေးပေါ်ပေါက်လာသည်။

Wall Street Journal ၏ ဖော်ပြချက်အရ Cher က အဆိုပါစံအိမ်ကို ၁၉၈၉ ခုနှစ်က ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းမျှဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Pacific Coast အဝေးပြေးလမ်းပေါ်တွင် တည်ရှိပြီး စံအိမ်ဝန်းအတွင်း တင်းနစ်ကွင်း၊ ကျယ်ပြောသော ရေကန်၊ အိပ်ခန်း ၇ ခန်း၊ လျှို့ဝှက်ခန်းတစ်ခန်းအပြင် Cher ၏ ဆံပင်တုများအတွက် အပူချိန်ထိန်းညှိစနစ်ပါသော အထူးခန်းတစ်ခန်းပင်လျှင် ပါဝင်သေးသည်။

 

(လွန်ခဲ့သော နှစ် ၃၀ ကျော်က ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းဖြင့် ဝယ်ထားသောအိမ်ကို Cher က ကန်ဒေါ်လာ ၈၅ သန်းဈေးခေါ်ထားသည်။)

 

ပစိဖိတ်သမုဒ္ဒရာ၏ တန်ဖိုးမဖြတ်နိုင်သော ရှုမျှော်ခင်းများပိုင်ဆိုင်ထားပြီး စံအိမ်ကို ၅ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ရသည်။ ယင်းနောက် ၂၀၀၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄၅ သန်းဈေးခေါ်ကာ အရောင်း ဈေးကွက်တင်ခဲ့ဖူးသေးသည်။

စံအိမ်ဆီသို့ ဦးတည်သည့် ယာဉ်မောင်းလမ်းတစ်လျှောက် အုန်းပင်ပေါင်း ၄၀ ခန့် စီရရီ တန်းစီနေသည်။

ခြံဝန်းအတွင်း Moorish ဟန် ရေတံခွန်ကြီးရှိကာ စံအိမ်ဝန်းအား ငြိမ်သက်အေးချမ်းမှုကို ပေးစွမ်းထားသည်။

 

(Cher သည် ဖျော်ဖြေရေးနယ်ပယ်၏ အထင်ကရကြယ်ပွင့်တစ်ဦးအဖြစ် ရှိနေဆဲဖြစ်သည်။ ပုံတွင် တွေ့ရသည်မှာ စက်တင်ဘာလ ၂၈ ရက်က ကျင်းပခဲ့သော Paris Fashion Week မှ Balmain အမျိုးသမီးဝတ် အဝတ်အစားပြပွဲတွင် Cher ကို တွေ့ရပုံဖြစ်သည်။)

 

 

Cher ၏ စံအိမ်တွင် အိပ်ခန်း ၇ ခန်း၊ ဧည့်ဂေဟာအိမ်အဖြစ် အသုံးပြုသော ဂိတ်ဝမှ အိမ်တစ်လုံးလည်း ရှိသည်။

(ကြီးမားလှသော စံအိမ်ကြီးအတွင်း အိပ်ခန်း ၇ ခန်း၊ အိမ်တွင်းအိမ်ပြင် အားကစားလေ့ကျင့်ရေးနေရာနှင့် ရုပ်ရှင်ရုံတို့ ရှိသည်)

 

Cher ၏ အိမ်တွင် ဆံပင်တုပေါင်း ၁၀၀ နီးပါးခန့် ထားရှိသော အပူအအေးထိန်းချုပ်စနစ်ပါသော ခန်းမတစ်ခုလည်း ပါဝင်သည်။

Wall Street Journal သို့ ပေးပို့ခဲ့သည့် အီးမေးလ်တစ်စောင်တွင် Cher က ရေးသားခဲ့သည်မှာ သူ၏စံအိမ်တွင် ညစာစားပွဲများနှင့် ပါတီပွဲများကျင်းပခဲ့ကြောင်း၊ အခန်းတိုင်းမှ ပင်လယ်ကို ရှုမြင်နိုင်သည့် မြင်ကွင်းများ ပိုင်ဆိုင်ထားကြောင်း ရေးသားထားသည်။

 

(Pacific Coast အဝေးပြေးလမ်းမတွင် တည်ရှိသည်)

 

အရောင်းဈေးကွက်တင်ပေးသူမှာ Hilton & Hyland အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Drew Fenton နှင့် Robert Kass တို့ ဖြစ်ကြသည်။

Cher သည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ် သန်း ၁၀၀ ကျော် ရောင်းချထားရပြီး ၂၀၀၀ ပြည့်နှစ်က ဂရမ်မီဆု ၁ ဆုရရှိထားသည်။

 

Cher သည် ဂီတနယ်တွင် အောင်မြင်မှုရခဲ့ရုံမျှမက ရုပ်ရှင်မင်းသမီးတစ်ဦးအဖြစ်လည်း အောင်မြင်မှုများ ရခဲ့သူ ဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် Moonstruck ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆု ရရှိခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I've got you babe! She even has a climate-controlled wig room which is home to nearly 100 hairpieces, reports the 2002 book The Cher Scrapbook (metro, dailymail)

 

 

[Zawgyi]

အသက္ ၃၆ ႏွစ္အ႐ြယ္႐ွိအမ်ိဳးသားႏွင့္တြဲေနေသာ အသက္ ၇၆ ႏွစ္အ႐ြယ္ ေအာ္စကာဆု႐ွင္ ႐ုပ္႐ွင္မင္းသမီး၊ အဆိုေတာ္ Cher က ေဒၚလာ ၃ သန္းျဖင့္ဝယ္ထားေသာစံအိမ္ကို ေဒၚလာ ၈၆ သန္းျဖင့္ ေရာင္းမည္

 

ကမၻာေက်ာ္အဆိုေတာ္ Cher (အသက္ ၇၆ ႏွစ္) က ၎ႏွင့္ အသက္ ၄၀ ကြာသူ အသက္ ၃၆ ႏွစ္အရြယ္ ေတးထုတ္လုပ္သူ အလက္ဇျႏၵား အက္ဒ္ဝါ့ (Alexander Edwards) ႏွင့္တြဲေနေၾကာင္း ျပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း အတည္ျပဳေျပာၾကားခဲ့သည္။

အသက္ ၄၀ ခန္႔ကြာသူႏွင့္ တြဲေသာေၾကာင့္ အလက္ဇျႏၵားမွာ ေငြအတြက္တြဲျခင္းသာျဖစ္ႏိုင္ေၾကာင္း ေဝဖန္မႈမ်ားရွိရာ ထိုသို႔ ေဝဖန္မႈမ်ားအေပၚ Cher က တံု႔ျပန္ေျပာဆိုသည္မွာ အလက္ဇျႏၵားက မိမိအား ဘုရင္မတစ္ပါးသဖြယ္ဆက္ဆံေၾကာင္း၊ မိမိမွာ ငႏံုငအတစ္ဦးမဟုတ္ေၾကာင္း ေျပာသည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ က်င္းပခဲ့ေသာ ဂရမ္မီအၾကိဳပါတီပြဲသုိ႔ Cherr တို႔စံုတြဲေရာက္လာခဲ့ရာ ၎တို႔၏ အခ်စ္မွာ ခိုင္မာဟန္ရွိသည္ဟု ယူဆရသည္။

၎တို႔စံုတြဲသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္ရွိ Matsuhisa စားေသာက္ဆိုင္သို႔ လက္ခ်င္းတြဲကာ ေရာက္လာခဲ့ျပီး ႏွစ္ဦးလံုးမွာ ဖက္ရွင္က်က်ဝတ္ဆင္ထားသည္ကို ေတြ႔ရသည္။

ဂီတၾကယ္ပြင့္ Cher သည္ အမည္းေရာင္ခါးတိုအကၤ် ီ၊ အျဖဴေရာင္အေပၚကုတ္အကၤ် ီတုိ႔ ဝတ္ဆင္ထားသည္။

(ဘီဗာလီေဟးလ္ရွိ နာမည္ေက်ာ္ဆူရွီဆိုင္သို႔ ေရာက္လာေသာ အခ်စ္ငွက္မ်ား။ ဓာတ္ပံု-The Hollywood JR/Backgrid)

သူခ်စ္ေသာ အလက္ဇျႏၵားႏွင့္အတူ Cher သည္ အနက္ေရာင္ပိုက္ဆံအိတ္တစ္လံုးလည္း ကိုင္ထားျပီး ဆူရွီဆိုင္သို႔ အဝင္တြင္ ျပံဳးေနသည္ကို ေတြ႔ရသည္။

Cher ႏွင့္ အလက္ဇျႏၵားတို႔သည္ ျပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္၊ စက္တင္ဘာလအတြင္း Paris Fashion Week တြင္ ပထမဆံုးစတင္ ဆံုစည္းခဲ့ၾကျခင္း ျဖစ္သည္။

(Cher ႏွင့္ အလက္ဇျႏၵားတို႔ ေစ့စပ္ထားသည္ဟူေသာ ေကာလာဟလမ်ားလည္း ရွိသည္။ ဓာတ္ပံု-The Hollywood JR/Backgrid)

၎တို႔ႏွစ္ဦးသည္ Cher ၏ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ မာလီဘူးအရပ္ရွိ စံအိမ္ၾကီးတြင္ အတူတကြ အခ်ိန္ကာလမ်ား ျဖတ္သန္းခဲ့ဖူးသည္ဟူေသာ သတင္းမ်ားရွိသည္။

Cher က အဆိုပါအိမ္ကို မၾကာေသးမီက ကန္ေဒၚလာ ၈၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

(Cher က သူ၏ပရိသတ္မ်ားကို ေျပာသည္မွာ မိမိအေနျဖင့္ ကိုယ္ဘာလုပ္ေနသည္ဆိုသည္ကို သိေၾကာင္း၊ အလက္ဇျႏၵားသည္ မိမိ၏ ေငြမ်ားကို မက္ေမာေနသူတစ္ဦးမဟုတ္ေၾကာင္း ေျပာသည္။ ဓာတ္ပံု-Mike Marsland/Mike Marsland/WireImage)

((လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ ေက်ာ္က ကန္ေဒၚလာ ၂ ဒသမ ၉၅ သန္းျဖင့္ ဝယ္ယူထားေသာ စံအိမ္ကို ေဒၚလာ ၈၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ျခင္း))

Cher ၏ မာလီဘူးအရပ္မွ နန္းေတာ္တမွ်ခမ္းနားေသာစံအိမ္ၾကီးကို ေဒၚလာ ၈၅ သန္းျဖင့္ ဝယ္ယူပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရးေပၚေပါက္လာသည္။ Wall Street Journal ၏ ေဖာ္ျပခ်က္အရ Cher က အဆိုပါစံအိမ္ကို ၁၉၈၉ ခုႏွစ္က ကန္ေဒၚလာ ၂ ဒသမ ၉၅ သန္းမွ်ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

Pacific Coast အေဝးေျပးလမ္းေပၚတြင္ တည္ရွိျပီး စံအိမ္ဝန္းအတြင္း တင္းနစ္ကြင္း၊ က်ယ္ေျပာေသာ ေရကန္၊ အိပ္ခန္း ၇ ခန္း၊ လွ်ိဳ႕ဝွက္ခန္းတစ္ခန္းအျပင္ Cher ၏ ဆံပင္တုမ်ားအတြက္ အပူခ်ိန္ထိန္းညွိစနစ္ပါေသာ အထူးခန္းတစ္ခန္းပင္လွ်င္ ပါဝင္ေသးသည္။

(လြန္ခဲ့ေသာ ႏွစ္ ၃၀ ေက်ာ္က ကန္ေဒၚလာ ၂ ဒသမ ၉၅ သန္းျဖင့္ ဝယ္ထားေသာအိမ္ကို Cher က ကန္ေဒၚလာ ၈၅ သန္းေစ်းေခၚထားသည္။)

ပစိဖိတ္သမုဒၵရာ၏ တန္ဖိုးမျဖတ္ႏိုင္ေသာ ရႈေမွ်ာ္ခင္းမ်ားပိုင္ဆိုင္ထားျပီး စံအိမ္ကို ၅ ႏွစ္ၾကာ အခ်ိန္ယူ ေဆာက္လုပ္ခဲ့ရသည္။ ယင္းေနာက္ ၂၀၀၉ ခုႏွစ္အတြင္း ကန္ေဒၚလာ ၄၅ သန္းေစ်းေခၚကာ အေရာင္း ေစ်းကြက္တင္ခဲ့ဖူးေသးသည္။

စံအိမ္ဆီသို႔ ဦးတည္သည့္ ယာဥ္ေမာင္းလမ္းတစ္ေလွ်ာက္ အုန္းပင္ေပါင္း ၄၀ ခန္႔ စီရရီ တန္းစီေနသည္။

ျခံဝန္းအတြင္း Moorish ဟန္ ေရတံခြန္ႀကီး႐ွိကာ စံအိမ္ဝန္းအား ၿငိမ္သက္ေအးခ်မ္းမႈကို ေပးစြမ္းထားသည္။

(Cher သည္ ေဖ်ာ္ေျဖေရးနယ္ပယ္၏ အထင္ကရၾကယ္ပြင့္တစ္ဦးအျဖစ္ ရွိေနဆဲျဖစ္သည္။ ပံုတြင္ ေတြ႔ရသည္မွာ စက္တင္ဘာလ ၂၈ ရက္က က်င္းပခဲ့ေသာ Paris Fashion Week မွ Balmain အမ်ဳိးသမီးဝတ္ အဝတ္အစားျပပြဲတြင္ Cher ကို ေတြ႔ရပံုျဖစ္သည္။)

Cher ၏ စံအိမ္တြင္ အိပ္ခန္း ၇ ခန္း၊ ဧည့္ေဂဟာအိမ္အျဖစ္ အသံုးျပဳေသာ ဂိတ္ဝမွ အိမ္တစ္လံုးလည္း ရွိသည္။

(ၾကီးမားလွေသာ စံအိမ္ၾကီးအတြင္း အိပ္ခန္း ၇ ခန္း၊ အိမ္တြင္းအိမ္ျပင္ အားကစားေလ့က်င့္ေရးေနရာႏွင့္ ရုပ္ရွင္ရံုတို႔ ရွိသည္)

Cher ၏ အိမ္တြင္ ဆံပင္တုေပါင္း ၁၀၀ နီးပါးခန္႔ ထားရွိေသာ အပူအေအးထိန္းခ်ဳပ္စနစ္ပါေသာ ခန္းမတစ္ခုလည္း ပါဝင္သည္။

Wall Street Journal သို႔ ေပးပို႔ခဲ့သည့္ အီးေမးလ္တစ္ေစာင္တြင္ Cher က ေရးသားခဲ့သည္မွာ သူ၏စံအိမ္တြင္ ညစာစားပြဲမ်ားႏွင့္ ပါတီပြဲမ်ားက်င္းပခဲ့ေၾကာင္း၊ အခန္းတိုင္းမွ ပင္လယ္ကို ရႈျမင္ႏိုင္သည့္ ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားေၾကာင္း ေရးသားထားသည္။

(Pacific Coast အေဝးေျပးလမ္းမတြင္ တည္ရွိသည္)

အေရာင္းေစ်းကြက္တင္ေပးသူမွာ Hilton & Hyland အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ Drew Fenton ႏွင့္ Robert Kass တို႔ ျဖစ္ၾကသည္။ Cher သည္ ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားရျပီး ၂၀၀၀ ျပည့္ႏွစ္က ဂရမ္မီဆု ၁ ဆုရရွိထားသည္။

Cher သည္ ဂီတနယ္တြင္ ေအာင္ျမင္မႈရခဲ့ရံုမွ်မက ရုပ္ရွင္မင္းသမီးတစ္ဦးအျဖစ္လည္း ေအာင္ျမင္မႈမ်ား ရခဲ့သူ ျဖစ္သည္။

၁၉၈၈ ခုႏွစ္တြင္ Moonstruck ဇာတ္ကားျဖင့္ အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီးအျဖစ္ ေအာ္စကာဆု ရရွိခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I've got you babe! She even has a climate-controlled wig room which is home to nearly 100 hairpieces, reports the 2002 book The Cher Scrapbook (metro, dailymail)

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service