အင်တာနက်မှာ ပျံ့နေတဲ့ သတင်းမှားတွေကြောင့် အခုချိန်ထိ ချစ်သူမရှိသေးဘူးလို့ ပြောလာတဲ့ တရုတ်ပြည်က အကျော်ကြားဆုံးရုပ်ရှင်မင်းသမီး ဟိုတယ်များတွင် ၉ နှစ်ကြာ နေထိုင်ခဲ့

အင်တာနက်မှာ ပျံ့နေတဲ့ သတင်းမှားတွေကြောင့် အခုချိန်ထိ ချစ်သူမရှိသေးဘူးလို့ ပြောလာတဲ့ တရုတ်ပြည်က အကျော်ကြားဆုံးရုပ်ရှင်မင်းသမီး ဟိုတယ်များတွင် ၉ နှစ်ကြာ နေထိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
20 Jan 2023 10:48 am တွင် တင်ခဲ့သည်
2341 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဒီလ်ရာဗာ ဒယ်မူရတ် (Dilraba Dilmurat- 迪丽热巴 ) သည် တရုတ်ပြည်တွင် အကျော်ကြားဆုံး ရုပ်ရှင်မင်းသမီး၊ အဆိုတော်တစ်ဦးဖြစ်ပြီး မြန်မာပရိသတ်များအကြားတွင် အပိုင်း ၄၈ ပိုင်းပါ အမှောင်ခွင်းမယ့် ဓားဧကရာဇ် ဇာတ်လမ်းတွဲဖြင့် လူသိများသည်။

ဒီလ်ရာဗာ ဒယ်မူရတ် (မွေး ၁၉၉၂) သည် တရုတ်အဆိုတော်၊ ရုပ်ရှင်မင်းသမီး၊ မော်ဒယ်တစ်ဦးဖြစ်ပြီး ဒီလ်ရာဗာဟုသာ လူသိများသည်။

Of Love and Obsession တွင် Ruoxi အဖြစ်လည်းကောင်း၊ The Rise of Phoenixes တွင် Tan Xuejian အဖြစ်လည်းကောင်း၊ A Step into the Past တွင် Rongxia အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့မှုများ ဖြင့် လူသိများသည်။

တိဗက်အနီးတည်ရှိသော မူလီ (muli) အမည်ရှိ ရွာငယ်လေးတွင် မွေးဖွားသည်။

ထိုဒေသသို့ ဒီလ်ရာဗာ၏ မိဘများမှာ အလုပ်သမားအဖြစ် အပို့ခံခဲ့ရခြင်းဖြစ်ပြီး ဒီလ်ရာဗာ ငယ်စဉ်ကတည်းက ထိုဒေသမှ ပြန်လာခဲ့ကြသည်။

 

 

ဖခင်သည် အလုပ်တွင် မတော်တဆမှုမှ ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ချိန်တွင် ဒီလ်ရာဗာမှာ ၄ နှစ်သမီး အရွယ်သာ ရှိသေးသည်။

ဒီလ်ရာဗာသည် ၂၀၀၆ ခုနှစ်တွင် ပေကျင်း အကသိပ္ပံ၌ ၃ နှစ်ကြာတက်ရောက်ခဲ့ပြီး ထိုမှတဆင့် ပေကျင်း အကအနုပညာကောလိပ်သို့ ကပြဖျော်ဖြေမှုအဓိကဘာသာရပ်ဖြင့် ဆက်လက်တက်ရောက်ခဲ့သည်။

ထိုကျောင်းတွင် ၂ နှစ်တက်ခဲ့ပြီးနောက် တဖန် Central Academy of Drama Arts ကျောင်းတွင် သရုပ်ဆောင်ပညာအဓိကဖြင့် တက်ရောက်ဆည်းပူးပြန်သည်။

၂၀၁၄ ခုနှစ်တွင် ဒီလ်ရာဗာသည် Central Academy of Drama Arts ကျောင်းမှ ဘွဲ့ရခဲ့သည်။

 

(ဒီလ်ရာဗာ ဒယ်မူရတ်၏ ကြွယ်ဝမှု)

 

 

 

Forbes China ၏ ၂၀၁၈ ခုနှစ်စာရင်းတွင် ဒီလ်ရာဗာကို တရုတ်ပြည်၏ အနုပညာကြေးအမြင့်ဆုံး အကျော်အမော် ၁၀ ဦးစာရင်းတွင် ထည့်သွင်းဖော်ပြခံရသည်။

ဒီလ်ရာဗာ၏ ပထမဆုံး ရုပ်ရှင်မှာ ၂၀၀၇ ခုနှစ်တွင် ထုတ်လွှင့်ခဲ့ပြီး ခေါင်းဆောင် ဇာတ်ဆောင် ကျင်းကျင်းအဖြစ် အလွန်နာမည်ကြီးခဲ့သည်။

ယင်းနောက်ပိုင်း ဒီလ်ရာဗာသည် ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ များစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ ကျော်ကြားမှုနှင့်အတူ ချမ်းသာကြွယ်ဝလာခဲ့သည်။ ဒီလ်ရာဗာသည် “Ex-Boyfriend Club” အမည်ရှိ ဒရာမာဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန်အတွက် ပထမဆုံး အဆိုလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထိုအချိန်မှစပြီး ဒီလ်ရာဗာသည် သီချင်းဆိုမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ တရုတ်ရေဒီယိုအသံလွှင့်ဌာနများ၏ ဂီတအစီအစဉ် တစ်ခုနှင့်တစ်ခုအကြား ဒီလ်ရာဗာ၏ သီချင်းများကို မကြာခဏကြားလာကြရသည်။

ဒီလ်ရာဗာသည် အသက် ၅ နှစ်သမီးအရွယ်ကတည်းက ကြော်ငြာများစွာတွင် ပါဝင်ခဲ့ပြီး ရုပ်သံတွင် အသက် ၆ နှစ်၌ စတင်ပါဝင်လာခဲ့သည်။

ယနေ့တွင်ကား ဒီလ်ရာဗာသည် တရုတ်ပြည်၏ အကျော်ကြားဆုံး မင်းသမီးများတွင် တစ်ဦးအပါအဝင် ဖြစ်နေလေပြီ။

 

ဒီလ်ရာဗာသည် ဒရာမာဇာတ်လမ်း ၁၇ ခုတွင် သရုပ်ဆောင်ခဲ့ပြီး ယင်းအနက် ၂ ခုမှာ ကိုရီးယားနှင့် ပူးတွဲထုတ်လုပ်ခြင်းဖြစ်ကာ ကျန် ၁၅ ခုမှာမူ သူမ ဘာသာထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဒီလ်ရာဗာ၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၂ သန်းဝန်းကျင်ရှိသည်ဟု ခန့်မှန်းရသည်။

မကြာသေးမီက ခန့်မှန်းချက်အရမူ ဒေါ်လာ ၅ သန်းဝန်းကျင်ခန့် ကြွယ်ဝနိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုတော်တစ်ဦးလည်းဖြစ်သူ ဒီလ်ရာဗာသည် ၂၀၁၇ ခုနှစ်တွင် “Xin Ji Ni De Ai” အမည်ရှိ တေးအယ်လ်ဘမ်ကို ပေကျင်းအခြေစိုက် ထုတ်လုပ်သူ Diandian Dao Duo နှင့် ထုတ်လုပ်ခဲ့သည်။

ထိုအယ်လ်ဘမ်သည် အရောင်းရဆုံးအယ်လ်ဘမ်အဖြစ် နံပတ် ၁ နေရာတွင် တစ်လကျော် ရပ်တည်ခဲ့သည်။

 

 

((ဒီလ်ရာဗာ ဒယ်မူရတ်၏ အချက်အလက်များ))

 

 

အလုပ်အကိုင်- ရုပ်ရှင်မင်းသမီး၊ အဆိုတော်၊ မော်ဒယ်

အသက် -၂၉ နှစ်

ရာသီဖွား- မေထုန်

မွေးနေ့- ၁၉၉၂ ခုနှစ်၊ ဇွန်လ ၃ ရက်

မွေးဇာတိ- တရုတ်ပြည်၊ Ürümqi, China (စင်ကျန်း Uyghur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်)

ကြွယ်ဝမှု- ဒေါ်လာ ၁ သန်းမှ ၅ သန်းကြား (၂၀၂၁ ခုနှစ် အချက်အလက်)

 

((ဒီလ်ရာဗာ၏ ဘဝ))

 

 

  ဒီလ်ရာဗာသည် L’Oreal Paris ၏ နိုင်ငံတကာ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဖြစ်သည်။

“Love You Again”, “Nirvana in Fire”နှင့် မကြာသေးမီက ထွက်ရှိခဲ့သော “The Flame’s Daughter” ဒရာမာဇာတ်လမ်းများဖြင့် လူသိများသည်။ ယခုအချိန်ထိ ဒီလ်ရာဗာသည် ဒရာမာဇာတ်လမ်းတွဲ ၄၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ဆု ၉ ခု ရရှိထားသည်။

သူ၏ မကြာသေးမီက ထုတ်လွှင့်ပြသနေသော “The Flame’s Daughter” ဇာတ်လမ်းတွဲသည် အပိုင်း ၂၀ မျှသာ ထုတ်လွှင့်ရသေးချိန်တွင် ကြည့်ရှုမှုအကြိမ်ရေ ၁၉ ဘီလီယံရှိသည်အထိ အောင်မြင်ခဲ့သည်။

Urumqi မြို့တွင် ကြီးပြင်းခဲ့သူ ဒီလ်ရာဗာသည် သရုပ်ဆောင်လောကသို့ ဝင်ရန် ပေကျင်းသို့ ရွှေ့ပြောင်းလာခဲ့သည်။

ဒီလ်ရာဗာသည် ကျေးလက်မြို့ကလေးတွင် ဘိုးဘွားများ၊ မိဘများနှင့်အတူ နေထိုင်ကြီးပြင်းခဲ့သည်။

ဒီလ်ရာဗာ၏ ဖခင်မှာ Urumqi တက္ကသိုလ်မှ စီးပွားရေးပညာ ပါမောက္ခတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူမှာ အငြိမ်းစား မူလတန်းကျောင်းဆရာမတစ်ဦး ဖြစ်သည်။

ဒီလ်ရာဗာ ၆ နှစ်သမီးအရွယ်တွင် မိဘနှစ်ပါးမှာ စိတ်သဘောထား မတိုက်ဆိုင်မှုကြောင့် ကွာရှင်းခဲ့ကြသည်။

 

ဖခင်မှာ လွတ်လပ်သော စိတ်သဘောရှိပြီး မိခင်မှာ ရှေးရိုးစွဲဆန်သည်။ ယင်းနောက်ပိုင်း ဒီလ်ရာဗာသည် ဖခင်၏ အုပ်ထိန်းမှုအောက်တွင် နေထိုင်ခဲ့ပြီး ဖခင်ကြီးမှာ သူ၏ တစ်ဦးတည်းသော သမီးကို သူ၏ တစ်ဘဝလုံး စောင့်ရှောက်အုပ်ထိန်းပေးခဲ့သည်။

 

((ဒီလ်ရာဗာသည် ဟိုတယ်များတွင် ၉ နှစ်ကြာ နေထိုင်ခဲ့ဖူး))

 

ဒီလ်ရာဗာ၏ လူနေမှုဟန်မှာ အများစုခန့်မှန်းထားသည်များနှင့် ကွဲပြား၏။ Walk 100 Girls Back Home <送一百位女孩回家> အမည်ရှိ ရုပ်သံအစီအစဉ်တွင်း ဒီလ်ရာဗာက သူမ၏ လူနေမှုဟန်အကြောင်းကို ထုတ်ဖော်ပြောကြားလိုက်ပြီး အများ၏ လွဲမှားသောထင်မြင်ချက်များကို ချေဖျက်လိုက်သည်။

((သွားလေရာသို့ အဝတ်အိတ်သယ်ဆောင်သွားလေ့ရှိသူ))

ဒီလ်ရာဗာက သူ၏ နေ့စဉ်လူနေမှုဘဝအကြောင်း ပြောပြရာတွင် “ကျွန်မအတွက် လက်ထောက်မလိုပါဘူး။ အဝတ်လျှော်တာ၊ ဈေးဝယ်တာ ၊ ရုပ်ရှင်ရိုက်ကွင်းသွားဖို့ ကားငှားတာ အစရှိတာတွေလို ကိစ္စတွေကို ကိုယ့်ဟာကိုယ် လုပ်ပါတယ်”ဟု ဆိုသည်။

ဒီလ်ရာဘာကို လက်ထောက်အကူအုပ်လိုက်နှင့် မကြာခဏတွေ့ရတတ်သော်လည်း ထိုသူများမှာ မိတ်ကပ်ပညာရှင်များ၊ ဓာတ်ပုံစတိုင် ပညာရှင်များနှင့် ကြော်ငြာကိစ္စရပ်များအတွက် ကုမ္ပဏီမှ စေလွှတ်ထားသူများသာဖြစ်ကြောင်း ဒီလ်ရာဘာက ရှင်းပြသည်။

၂၀၁၃ ခုနှစ်တွင် ပွဲဦးထွက် ရုပ်ရှင်တွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများ အဆက်မပြတ်ရိုက်ကူးခဲ့ကာ အချိန်အများစုကို ဟိုတယ်များတွင် ကုန်လွန်ဖြတ်သန်းခဲ့သည်။

 

 

“ကျွန်မ အနုပညာအလုပ်စလုပ်ကတည်းက ဟိုတယ်တွေမှာ နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ် အရွယ်လောက်ကတည်းက ဟိုတယ်တွေမှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်ကို ရောက်တာနဲ့ အဝတ်အိတ်ကို ဖွင့်၊ မိတ်ကပ်အိတ်နဲ့ ရေချိုးခန်းသုံးပစ္စည်းအိတ်တွေဖွင့် လုပ်တယ်။ ပြီးရင် အိပ်ယာခင်းနဲ့ ခေါင်းအုံးတွေ အပါအဝင် လိုအပ်တာအားလုံး နေရာချပါတယ်။ ဒါတွေအားလုံး မိနစ် ၂၀ လောက်ဆို ပြီးပါတယ်”

(အင်တာနက် ရှာဖွေခံရမှု အလွန်မြင့်မား)

 

 

 

ဒီလ်ရာဗာ ပါဝင်သရုပ်ဆောင်ခဲ့သော Eternal Love <三生三世十里桃花> ဇာတ်ကားမှာ သူ့အား ကျော်ကြားမှု အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။

ရုပ်ရှင်ကြည့်ပရိသတ်တို့က ဒီလ်ရာဗာ၏ ဆွဲဆောင်မှုကောင်းသော ဟန်ပန်ကို စွဲငြိခဲ့ကြပြီး သူနှင့် ပတ်သက်သော သတင်းများကို အွန်လိုင်းတွင် ရှာဖွေသူများ အလွန်များပြားလာခဲ့သည်။

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Dilraba Dilmurat Net Worth, Height, Weight, Birthday, Age, Family Facts & Life Story (yearlynews,cpophome,jaynestars,thewikifeed,facebook)

 

 

[Zawgyi]

အင္တာနက္မွာ ပ်ံ႕ေနတဲ့ သတင္းမွားေတြေၾကာင့္ အခုခ်ိန္ထိ ခ်စ္သူမရိွေသးဘူးလို႔ ေျပာလာတဲ့ တရုတ္ျပည္က အေက်ာ္ၾကားဆံုးရုပ္ရွင္မင္းသမီး ဟိုတယ္မ်ားတြင္ ၉ ႏွစ္ၾကာ ေနထုိင္ခဲ့

 

ဒီလ္ရာဗာ ဒယ္မူရတ္ (Dilraba Dilmurat- 迪丽热巴 ) သည္ တရုတ္ျပည္တြင္ အေက်ာ္ၾကားဆံုး ရုပ္ရွင္မင္းသမီး၊ အဆိုေတာ္တစ္ဦးျဖစ္ျပီး ျမန္မာပရိသတ္မ်ားအၾကားတြင္ အပိုင္း ၄၈ ပိုင္းပါ အေမွာင္ခြင္းမယ့္ ဓားဧကရာဇ္ ဇာတ္လမ္းတြဲျဖင့္ လူသိမ်ားသည္။

ဒီလ္ရာဗာ ဒယ္မူရတ္ (ေမြး ၁၉၉၂) သည္ တရုတ္အဆိုေတာ္၊ ရုပ္ရွင္မင္းသမီး၊ ေမာ္ဒယ္တစ္ဦးျဖစ္ျပီး ဒီလ္ရာဗာဟုသာ လူသိမ်ားသည္။

Of Love and Obsession တြင္ Ruoxi အျဖစ္လည္းေကာင္း၊ The Rise of Phoenixes တြင္ Tan Xuejian အျဖစ္လည္းေကာင္း၊ A Step into the Past တြင္ Rongxia အျဖစ္လည္းေကာင္း ပါဝင္သရုပ္ေဆာင္ခဲ့မႈမ်ား ျဖင့္ လူသိမ်ားသည္။

တိဗက္အနီးတည္ရွိေသာ မူလီ (muli) အမည္ရွိ ရြာငယ္ေလးတြင္ ေမြးဖြားသည္။

ထိုေဒသသို႔ ဒီလ္ရာဗာ၏ မိဘမ်ားမွာ အလုပ္သမားအျဖစ္ အပို႔ခံခဲ့ရျခင္းျဖစ္ျပီး ဒီလ္ရာဗာ ငယ္စဥ္ကတည္းက ထိုေဒသမွ ျပန္လာခဲ့ၾကသည္။

ဖခင္သည္ အလုပ္တြင္ မေတာ္တဆမႈမွ ထိခိုက္ဒဏ္ရာရရွိကာ ေသဆံုးသြားခဲ့ခ်ိန္တြင္ ဒီလ္ရာဗာမွာ ၄ ႏွစ္သမီး အရြယ္သာ ရွိေသးသည္။

ဒီလ္ရာဗာသည္ ၂၀၀၆ ခုႏွစ္တြင္ ေပက်င္း အကသိပၸံ၌ ၃ ႏွစ္ၾကာတက္ေရာက္ခဲ့ျပီး ထိုမွတဆင့္ ေပက်င္း အကအႏုပညာေကာလိပ္သို႔ ကျပေဖ်ာ္ေျဖမႈအဓိကဘာသာရပ္ျဖင့္ ဆက္လက္တက္ေရာက္ခဲ့သည္။

ထိုေက်ာင္းတြင္ ၂ ႏွစ္တက္ခဲ့ျပီးေနာက္ တဖန္ Central Academy of Drama Arts ေက်ာင္းတြင္ သရုပ္ေဆာင္ပညာအဓိကျဖင့္ တက္ေရာက္ဆည္းပူးျပန္သည္။

၂၀၁၄ ခုႏွစ္တြင္ ဒီလ္ရာဗာသည္ Central Academy of Drama Arts ေက်ာင္းမွ ဘြဲ႔ရခဲ့သည္။

(ဒီလ္ရာဗာ ဒယ္မူရတ္၏ ၾကြယ္ဝမႈ)

Forbes China ၏ ၂၀၁၈ ခုႏွစ္စာရင္းတြင္ ဒီလ္ရာဗာကို တရုတ္ျပည္၏ အႏုပညာေၾကးအျမင့္ဆံုး အေက်ာ္အေမာ္ ၁၀ ဦးစာရင္းတြင္ ထည့္သြင္းေဖာ္ျပခံရသည္။

ဒီလ္ရာဗာ၏ ပထမဆံုး ရုပ္ရွင္မွာ ၂၀၀၇ ခုႏွစ္တြင္ ထုတ္လႊင့္ခဲ့ျပီး ေခါင္းေဆာင္ ဇာတ္ေဆာင္ က်င္းက်င္းအျဖစ္ အလြန္နာမည္ၾကီးခဲ့သည္။

ယင္းေနာက္ပိုင္း ဒီလ္ရာဗာသည္ ရုပ္ရွင္ႏွင့္ ရုပ္သံဇာတ္လမ္းတြဲ မ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ရာ ေက်ာ္ၾကားမႈႏွင့္အတူ ခ်မ္းသာၾကြယ္ဝလာခဲ့သည္။ ဒီလ္ရာဗာသည္ “Ex-Boyfriend Club” အမည္ရွိ ဒရာမာဇာတ္လမ္းတြဲတြင္ သရုပ္ေဆာင္ရန္အတြက္ ပထမဆံုး အဆိုေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့သည္။

ထိုအခ်ိန္မွစျပီး ဒီလ္ရာဗာသည္ သီခ်င္းဆိုမႈမ်ား ဆက္လက္ျပဳလုပ္ခဲ့ရာ တရုတ္ေရဒီယိုအသံလႊင့္ဌာနမ်ား၏ ဂီတအစီအစဥ္ တစ္ခုႏွင့္တစ္ခုအၾကား ဒီလ္ရာဗာ၏ သီခ်င္းမ်ားကို မၾကာခဏၾကားလာၾကရသည္။

ဒီလ္ရာဗာသည္ အသက္ ၅ ႏွစ္သမီးအရြယ္ကတည္းက ေၾကာ္ျငာမ်ားစြာတြင္ ပါဝင္ခဲ့ျပီး ရုပ္သံတြင္ အသက္ ၆ ႏွစ္၌ စတင္ပါဝင္လာခဲ့သည္။

ယေန႔တြင္ကား ဒီလ္ရာဗာသည္ တရုတ္ျပည္၏ အေက်ာ္ၾကားဆံုး မင္းသမီးမ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္ေနေလျပီ။

ဒီလ္ရာဗာသည္ ဒရာမာဇာတ္လမ္း ၁၇ ခုတြင္ သရုပ္ေဆာင္ခဲ့ျပီး ယင္းအနက္ ၂ ခုမွာ ကိုရီးယားႏွင့္ ပူးတြဲထုတ္လုပ္ျခင္းျဖစ္ကာ က်န္ ၁၅ ခုမွာမူ သူမ ဘာသာထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

ဒီလ္ရာဗာ၏ ၾကြယ္ဝမႈမွာ ေဒၚလာ ၂ သန္းဝန္းက်င္ရွိသည္ဟု ခန္႔မွန္းရသည္။

မၾကာေသးမီက ခန္႔မွန္းခ်က္အရမူ ေဒၚလာ ၅ သန္းဝန္းက်င္ခန္႔ ၾကြယ္ဝႏိုင္ေၾကာင္း ခန္႔မွန္းထားသည္။

အဆိုေတာ္တစ္ဦးလည္းျဖစ္သူ ဒီလ္ရာဗာသည္ ၂၀၁၇ ခုႏွစ္တြင္ “Xin Ji Ni De Ai” အမည္ရွိ ေတးအယ္လ္ဘမ္ကို ေပက်င္းအေျခစိုက္ ထုတ္လုပ္သူ Diandian Dao Duo ႏွင့္ ထုတ္လုပ္ခဲ့သည္။

ထိုအယ္လ္ဘမ္သည္ အေရာင္းရဆံုးအယ္လ္ဘမ္အျဖစ္ နံပတ္ ၁ ေနရာတြင္ တစ္လေက်ာ္ ရပ္တည္ခဲ့သည္။

((ဒီလ္ရာဗာ ဒယ္မူရတ္၏ အခ်က္အလက္မ်ား))

အလုပ္အကိုင္- ရုပ္ရွင္မင္းသမီး၊ အဆိုေတာ္၊ ေမာ္ဒယ္

အသက္ -၂၉ ႏွစ္

ရာသီဖြား- ေမထုန္

ေမြးေန႔- ၁၉၉၂ ခုႏွစ္၊ ဇြန္လ ၃ ရက္

ေမြးဇာတိ- တရုတ္ျပည္၊ Ürümqi, China (စင္က်န္း Uyghur ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၏ ျမိဳ႕ေတာ္)

ၾကြယ္ဝမႈ- ေဒၚလာ ၁ သန္းမွ ၅ သန္းၾကား (၂၀၂၁ ခုႏွစ္ အခ်က္အလက္)

((ဒီလ္ရာဗာ၏ ဘဝ))

ဒီလ္ရာဗာသည္ L’Oreal Paris ၏ ႏိုင္ငံတကာ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ ျဖစ္သည္။

“Love You Again”, “Nirvana in Fire”ႏွင့္ မၾကာေသးမီက ထြက္ရွိခဲ့ေသာ “The Flame’s Daughter” ဒရာမာဇာတ္လမ္းမ်ားျဖင့္ လူသိမ်ားသည္။ ယခုအခ်ိန္ထိ ဒီလ္ရာဗာသည္ ဒရာမာဇာတ္လမ္းတြဲ ၄၀ ေက်ာ္တြင္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး သရုပ္ေဆာင္ဆု ၉ ခု ရရွိထားသည္။

သူ၏ မၾကာေသးမီက ထုတ္လႊင့္ျပသေနေသာ “The Flame’s Daughter” ဇာတ္လမ္းတြဲသည္ အပိုင္း ၂၀ မွ်သာ ထုတ္လႊင့္ရေသးခ်ိန္တြင္ ၾကည့္ရႈမႈအၾကိမ္ေရ ၁၉ ဘီလီယံရွိသည္အထိ ေအာင္ျမင္ခဲ့သည္။

Urumqi ျမိဳ႕တြင္ ၾကီးျပင္းခဲ့သူ ဒီလ္ရာဗာသည္ သရုပ္ေဆာင္ေလာကသို႔ ဝင္ရန္ ေပက်င္းသို႔ ေရႊ႕ေျပာင္းလာခဲ့သည္။

ဒီလ္ရာဗာသည္ ေက်းလက္ျမိဳ႕ကေလးတြင္ ဘိုးဘြားမ်ား၊ မိဘမ်ားႏွင့္အတူ ေနထုိင္ၾကီးျပင္းခဲ့သည္။

ဒီလ္ရာဗာ၏ ဖခင္မွာ Urumqi တကၠသိုလ္မွ စီးပြားေရးပညာ ပါေမာကၡတစ္ဦးျဖစ္ျပီး မိခင္ျဖစ္သူမွာ အျငိမ္းစား မူလတန္းေက်ာင္းဆရာမတစ္ဦး ျဖစ္သည္။

ဒီလ္ရာဗာ ၆ ႏွစ္သမီးအရြယ္တြင္ မိဘႏွစ္ပါးမွာ စိတ္သေဘာထား မတိုက္ဆိုင္မႈေၾကာင့္ ကြာရွင္းခဲ့ၾကသည္။

ဖခင္မွာ လြတ္လပ္ေသာ စိတ္သေဘာရွိျပီး မိခင္မွာ ေရွးရိုးစြဲဆန္သည္။ ယင္းေနာက္ပိုင္း ဒီလ္ရာဗာသည္ ဖခင္၏ အုပ္ထိန္းမႈေအာက္တြင္ ေနထိုင္ခဲ့ျပီး ဖခင္ၾကီးမွာ သူ၏ တစ္ဦးတည္းေသာ သမီးကို သူ၏ တစ္ဘဝလံုး ေစာင့္ေရွာက္အုပ္ထိန္းေပးခဲ့သည္။

((ဒီလ္ရာဗာသည္ ဟိုတယ္မ်ားတြင္ ၉ ႏွစ္ၾကာ ေနထိုင္ခဲ့ဖူး))

ဒီလ္ရာဗာ၏ လူေနမႈဟန္မွာ အမ်ားစုခန္႔မွန္းထားသည္မ်ားႏွင့္ ကြဲျပား၏။ Walk 100 Girls Back Home <送一百位女孩回家> အမည္ရွိ ရုပ္သံအစီအစဥ္တြင္း ဒီလ္ရာဗာက သူမ၏ လူေနမႈဟန္အေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားလိုက္ျပီး အမ်ား၏ လြဲမွားေသာထင္ျမင္ခ်က္မ်ားကို ေခ်ဖ်က္လိုက္သည္။

((သြားေလရာသုိ႔ အဝတ္အိတ္သယ္ေဆာင္သြားေလ့ရွိသူ))

ဒီလ္ရာဗာက သူ၏ ေန႔စဥ္လူေနမႈဘဝအေၾကာင္း ေျပာျပရာတြင္ “ကၽြန္မအတြက္ လက္ေထာက္မလိုပါဘူး။ အဝတ္ေလွ်ာ္တာ၊ ေစ်းဝယ္တာ ၊ ရုပ္ရွင္ရိုက္ကြင္းသြားဖို႔ ကားငွားတာ အစရွိတာေတြလို ကိစၥေတြကို ကိုယ့္ဟာကိုယ္ လုပ္ပါတယ္”ဟု ဆိုသည္။

ဒီလ္ရာဘာကို လက္ေထာက္အကူအုပ္လုိက္ႏွင့္ မၾကာခဏေတြ႔ရတတ္ေသာ္လည္း ထိုသူမ်ားမွာ မိတ္ကပ္ပညာရွင္မ်ား၊ ဓာတ္ပံုစတုိင္ ပညာရွင္မ်ားႏွင့္ ေၾကာ္ျငာကိစၥရပ္မ်ားအတြက္ ကုမၸဏီမွ ေစလႊတ္ထားသူမ်ားသာျဖစ္ေၾကာင္း ဒီလ္ရာဘာက ရွင္းျပသည္။

၂၀၁၃ ခုႏွစ္တြင္ ပြဲဦးထြက္ ရုပ္ရွင္တြင္ ပါဝင္ခဲ့ျပီးေနာက္ပိုင္း ရုပ္ရွင္ဇာတ္ကားမ်ား အဆက္မျပတ္ရိုက္ကူးခဲ့ကာ အခ်ိန္အမ်ားစုကို ဟိုတယ္မ်ားတြင္ ကုန္လြန္ျဖတ္သန္းခဲ့သည္။

“ကၽြန္မ အႏုပညာအလုပ္စလုပ္ကတည္းက ဟိုတယ္ေတြမွာ ေနထိုင္ေနခဲ့တာ ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္ အရြယ္ေလာက္ကတည္းက ဟိုတယ္ေတြမွာ ေနထိုင္ခဲ့တာ ျဖစ္ပါတယ္။ ဟိုတယ္ကို ေရာက္တာနဲ႔ အဝတ္အိတ္ကို ဖြင့္၊ မိတ္ကပ္အိတ္နဲ႔ ေရခ်ဳိးခန္းသံုးပစၥည္းအိတ္ေတြဖြင့္ လုပ္တယ္။ ျပီးရင္ အိပ္ယာခင္းနဲ႔ ေခါင္းအံုးေတြ အပါအဝင္ လိုအပ္တာအားလံုး ေနရာခ်ပါတယ္။ ဒါေတြအားလံုး မိနစ္ ၂၀ ေလာက္ဆို ျပီးပါတယ္”

(အင္တာနက္ ရွာေဖြခံရမႈ အလြန္ျမင့္မား)

ဒီလ္ရာဗာ ပါဝင္သရုပ္ေဆာင္ခဲ့ေသာ Eternal Love <三生三世十里桃花> ဇာတ္ကားမွာ သူ႔အား ေက်ာ္ၾကားမႈ အထြတ္အထိပ္သို႔ ေရာက္ရွိေစခဲ့သည္။

ရုပ္ရွင္ၾကည့္ပရိသတ္တို႔က ဒီလ္ရာဗာ၏ ဆြဲေဆာင္မႈေကာင္းေသာ ဟန္ပန္ကို စြဲျငိခဲ့ၾကျပီး သူႏွင့္ ပတ္သက္ေသာ သတင္းမ်ားကို အြန္လိုင္းတြင္ ရွာေဖြသူမ်ား အလြန္မ်ားျပားလာခဲ့သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႕) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္နိုင္ငံလံုးတြင္ရွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလးရွား အစရွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Dilraba Dilmurat Net Worth, Height, Weight, Birthday, Age, Family Facts & Life Story (yearlynews,cpophome,jaynestars,thewikifeed,facebook)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service