နှင်းတောင်သူရဲကောင်းတွင် ဟူဖေး၊ ဝူခုန်းဇာတ်လမ်းတွဲတွင် ဆရာတော်အဖြစ်သရုပ်ဆောင်ခဲ့သူ စံအိမ်

နှင်းတောင်သူရဲကောင်းတွင် ဟူဖေး၊ ဝူခုန်းဇာတ်လမ်းတွဲတွင် ဆရာတော်အဖြစ်သရုပ်ဆောင်ခဲ့သူ စံအိမ် - Property News in Myanmar from iMyanmarHouse.com
22 Mar 2022 10:43 am တွင် တင်ခဲ့သည်
2793 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(ညိယွမ်)

နှင်းတောင်သူရဲကောင်းတွင် ခေါင်းဆောင်မင်းသား ဟူဖေးအဖြစ်လည်းကောင်း၊ ဝူခုန်းဇာတ်လမ်းတွဲတွင် ဆရာတော် ထျန့်စန်းကျန်အဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့သူ ညိယွမ် (Nie Yuan)(မွေး-၁၉၇၈) သည် တရုတ် ရုပ်ရှင်မင်းသားတစ်ဦးဖြစ်ပြီး သိုင်းရုပ်ရှင်ဇာတ်လမ်းတွဲများဖြင့် နာမည်ကျော်သည်။

ညိယွမ်ကို တရုတ်ပြည်၊ ကွေ့ကျိုးပြည်နယ်၊ ကျန်းယွမ်ခရိုင်တွင် မွေးဖွားသည်။ မိဘများက ဇာတိမြေကို အမြဲသတိရစေရန် ရည်ရွယ်ကာ အစ်ကိုဖြစ်သူကို ကျန်းဟုလည်းကောင်း၊ ညိယွမ်ကို ယွမ်ဟုလည်းကောင်း စကားလုံးများ ထည့်သွင်းအမည်ပေးခဲ့သည်။

ညိယွမ် အသက် ၁၅ ၊ ၁၆ အရွယ်ခန့်က ဆေးလိပ်ခိုးသောက်ခြင်း၊ ရန်ပွဲများတွင် ပါဝင်ခြင်း၊ နေအိမ်မှ ထွက်ပြေးခြင်းများ ပြုလုပ်ခဲ့ဖူးသည်။ မိဘများက ညိယွမ်အတွက် စိုးရိမ်ကာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သို့ ပို့ဆောင်ပေးခဲ့သည်။

စစ်ဘက်တွင် တာဝန်များ ထမ်းဆောင်ပြီးစီးပြီးနောက်ပိုင်း ညိယွမ်သည် ရှန်ဟိုင်း ပြဇာတ်အကယ်ဒမီသို့ ဝင်ခဲ့သည်။

ရှန်ဟိုင်းအကယ်ဒမီတွင် ညိယွမ်သည် ရိုင်းစိုင်းစွာ ပြုမူပုံများကြောင့် ကျောင်းမှထုတ်ပယ်ခံရလုနီးပါး ဖြစ်ခဲ့သော်လည်း ဆရာတစ်ဦးက ကြားဝင်တောင်းပန်ပေးခဲ့သည်။ အဆိုပါဖြစ်ရပ်နောက်ပိုင်း ညိယွမ်မှာ ရင့်ကျက်လာခဲ့ပြီး သူ၏အပြုအမူများကို ထိန်းသိမ်းသွားသည်။

သူ၏ထင်ရှားသော ဇာတ်လမ်းတွဲများမှာ ၂၀၀၆ ခုနှစ်က ထုတ်လွှင့်ခဲ့သော နှင်းတောင်သူရဲကောင်းတွင် ခေါင်းဆောင်မင်းသား ဟူဖေးအဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်က ထုတ်လွှင့်ခဲ့သော သိုင်းဧကရာဇ် ဇာတ်လမ်းတွဲတွင် စစ်သူကြီး ကျောက်ယွမ်အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်က ထုတ်လွှင့်ခဲ့သော အနောက်သို့ခရီးသွားခြင်းတွင် ဆရာတော် ထျန်စန်းကျန့်အဖြစ်လည်းကောင်း၊ ယန်ရှီးနန်းတော်ပုံပြင်တွင် ဧကရာဇ် ချင်းလုံအဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့မှုများမှာ လူသိများသည်။

(ညီယွမ်၏ စံအိမ်အပြင်အဆင်)

ညိယွမ်၏ စံအိမ်တွင် မီးဖိုဆောင်နံရံတစ်ခုလုံးကို အဖြူရောင်ကြွေပြားများကပ်ထားရာ သန့်ရှင်းသည့်ဟန်ပန် ပေါ်စေသည်။

မီးဖိုဆောင်တွင် တန်ဖိုးကြီး မွမ်းမံပြင်ဆင်ထားမှု များစွာမရှိရာ နေအိမ်အငွေ့အသက် ပိုရစေသည်။

ဧည့်ခန်းတွင်မူ သစ်သားရောင် ရုပ်မြင်သံကြားစင်မှာ အဖြူရောင်နံရံနှင့် ပနံရပြီး ရိုးရှင်းကာ သဘာဝဆန်သည်။

နီညိုရောင်သစ်ကြမ်းခင်း အရောင်တွဲစပ်ပုံမှာလည်း သဟဇာတဖြစ်ပြီး သဘာဝဆန်၏။

ဧည့်ခန်းအတွင်း သေးငယ်ရိုးစင်းလှသော စာအုပ်စင် ၂ ခုရှိသည်။ ဧည့်ခန်းတစ်ခုလုံးမှာ ကလေးကစားစရာနေရာတစ်ခုလည်းဖြစ်ပြီး အရုပ်များစွာဖြင့် ပြည့်နှက်နေသည်။

ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းများမှာ ပါးလွှာသောလိုက်ကာနှင့် လိုက်ဖက်ပြီး လေဝင်လေထွက်ကောင်းလှသည်။

ကြမ်းပြင်တွင် ကာတွန်းရုပ်များပါသော ပန်းရောင်ဖျာများ ခင်းကျင်းထားရာ ညိယွမ်၏ စံအိမ်မှာ နွေးထွေးပြီး ချစ်စဖွယ်ကောင်းလှသည်။

(ညိယွမ်၏ အချစ်ရေး)

ရှန်ဟိုင်း ကဇာတ်အကယ်ဒမီတွင် တတိယနှစ် တက်နေစဉ် ညိယွမ်သည် ရုပ်ရှင်မင်းသမီး ဟွမ်းယိနှင့် ဆုံစည်းကာ ချစ်ကြိုက်ခဲ့ကြသည်။

ယင်းနောက် Wrong Carriage, Right Groom ရုပ်သံဇာတ်လမ်းတွင် စုံတွဲအဖြစ် သရုပ်ဆောင်ခဲ့ကြသည်။

သို့သော် နှစ်ဦးသားမှာ မိမိတို့၏ အနုပညာခရီးကို လျှောက်နေကြရာ နောက်ပိုင်းတွင် လမ်းခွဲခဲ့ကြသည်။

-၂၀၀၃ ခုနှစ်တွင် ညိယွမ်သည် ဟန့်ရှယ်ပေါင်းမ (Hanxue Baoma) အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရင်း လျိုးယွင် (Liu Yun 劉芸) နှင့် ချစ်ကြိုက်ခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ဒဟန့်ချင်းန်ဂူအော Dahan Jinguo အမည်ရှိဇာတ်လမ်းတွင် အတူသရုပ်ဆောင်ခဲ့ကြ ပြန်သည်။

၂၀၀၆ ခုနှစ်တွင် လျိုးယွင်နှင့် ညိယွမ်တို့ လမ်းခွဲခဲ့ကြသည်။

-၂၀၀၈ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် ရုပ်ရှင်မင်းသမီး ယန်ကွမ်း 陽光 (နေခြည်ဟု အဓိပ္ပာယ်ရ) နှင့် လက်ထပ်ခဲ့သည်။ ပေကျင်းမြို့တော်တွင် လက်ထပ်ပွဲကျင်းပခဲ့ပြီး ဧည့်ပရိသတ် ၃၀၀ ကျော် ဖိတ်ကြားခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ယန်ကွမ်းနှင့် ကွာရှင်းခဲ့သည်။

- ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ရုပ်ရှင်မင်းသမီး ချင်းဇစ်ယွဲ့ Qin Ziyue (秦子越) နှင့် လက်ထပ်ခဲ့သည်။ ချင်းဇစ်ယွဲ့သည် အနောက်သို့ ခရီးသွားခြင်း (ဝူခုန်းဇာတ်လမ်းတွဲ) တွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။

၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်တွင် ၎င်းတို့နှစ်ဦး၏ ရင်သွေး သမီးလေးကို မွေးဖွားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Take a look at the mansion of Nie Yuan, warm and loving (daydaynews)

 

[Zawgyi]

ႏွင္းေတာင္သူရဲေကာင္းတြင္ ဟူေဖး၊ ဝူခုန္းဇာတ္လမ္းတြဲတြင္ ဆရာေတာ္အျဖစ္သရုပ္ေဆာင္ခဲ့သူ စံအိမ္

 

(ညိယြမ္)

ႏွင္းေတာင္သူရဲေကာင္းတြင္ ေခါင္းေဆာင္မင္းသား ဟူေဖးအျဖစ္လည္းေကာင္း၊ ဝူခုန္းဇာတ္လမ္းတြဲတြင္ ဆရာေတာ္ ထ်န္႔စန္းက်န္အျဖစ္လည္းေကာင္း သရုပ္ေဆာင္ခဲ့သူ ညိယြမ္ (Nie Yuan)(ေမြး-၁၉၇၈) သည္ တရုတ္ ရုပ္ရွင္မင္းသားတစ္ဦးျဖစ္ျပီး သိုင္းရုပ္ရွင္ဇာတ္လမ္းတြဲမ်ားျဖင့္ နာမည္ေက်ာ္သည္။

ညိယြမ္ကို တရုတ္ျပည္၊ ေကြ႔က်ဳိးျပည္နယ္၊ က်န္းယြမ္ခရိုင္တြင္ ေမြးဖြားသည္။ မိဘမ်ားက ဇာတိေျမကို အျမဲသတိရေစရန္ ရည္ရြယ္ကာ အစ္ကိုျဖစ္သူကို က်န္းဟုလည္းေကာင္း၊ ညိယြမ္ကို ယြမ္ဟုလည္းေကာင္း စကားလံုးမ်ား ထည့္သြင္းအမည္ေပးခဲ့သည္။

ညိယြမ္ အသက္ ၁၅ ၊ ၁၆ အရြယ္ခန္႔က ေဆးလိပ္ခိုးေသာက္ျခင္း၊ ရန္ပြဲမ်ားတြင္ ပါဝင္ျခင္း၊ ေနအိမ္မွ ထြက္ေျပးျခင္းမ်ား ျပဳလုပ္ခဲ့ဖူးသည္။ မိဘမ်ားက ညိယြမ္အတြက္ စိုးရိမ္ကာ တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္သို႔ ပို႔ေဆာင္ေပးခဲ့သည္။

စစ္ဘက္တြင္ တာဝန္မ်ား ထမ္းေဆာင္ျပီးစီးျပီးေနာက္ပိုင္း ညိယြမ္သည္ ရွန္ဟိုင္း ျပဇာတ္အကယ္ဒမီသို႔ ဝင္ခဲ့သည္။

ရွန္ဟိုင္းအကယ္ဒမီတြင္ ညိယြမ္သည္ ရိုင္းစိုင္းစြာ ျပဳမူပံုမ်ားေၾကာင့္ ေက်ာင္းမွထုတ္ပယ္ခံရလုနီးပါး ျဖစ္ခဲ့ေသာ္လည္း ဆရာတစ္ဦးက ၾကားဝင္ေတာင္းပန္ေပးခဲ့သည္။ အဆိုပါျဖစ္ရပ္ေနာက္ပိုင္း ညိယြမ္မွာ ရင့္က်က္လာခဲ့ျပီး သူ၏အျပဳအမူမ်ားကို ထိန္းသိမ္းသြားသည္။

သူ၏ထင္ရွားေသာ ဇာတ္လမ္းတြဲမ်ားမွာ ၂၀၀၆ ခုႏွစ္က ထုတ္လႊင့္ခဲ့ေသာ ႏွင္းေတာင္သူရဲေကာင္းတြင္ ေခါင္းေဆာင္မင္းသား ဟူေဖးအျဖစ္လည္းေကာင္း၊ ၂၀၁၀ ျပည့္ႏွစ္က ထုတ္လႊင့္ခဲ့ေသာ သိုင္းဧကရာဇ္ ဇာတ္လမ္းတြဲတြင္ စစ္သူၾကီး ေက်ာက္ယြမ္အျဖစ္လည္းေကာင္း၊ ၂၀၁၁ ခုႏွစ္က ထုတ္လႊင့္ခဲ့ေသာ အေနာက္သို႔ခရီးသြားျခင္းတြင္ ဆရာေတာ္ ထ်န္စန္းက်န္႔အျဖစ္လည္းေကာင္း၊ ယန္ရွီးနန္းေတာ္ပံုျပင္တြင္ ဧကရာဇ္ ခ်င္းလံုအျဖစ္လည္းေကာင္း ပါဝင္သရုပ္ေဆာင္ခဲ့မႈမ်ားမွာ လူသိမ်ားသည္။

(ညီယြမ္၏ စံအိမ္အျပင္အဆင္)

ညိယြမ္၏ စံအိမ္တြင္ မီးဖိုေဆာင္နံရံတစ္ခုလံုးကို အျဖဴေရာင္ေၾကြျပားမ်ားကပ္ထားရာ သန္႔ရွင္းသည့္ဟန္ပန္ ေပၚေစသည္။

မီးဖိုေဆာင္တြင္ တန္ဖိုးၾကီး မြမ္းမံျပင္ဆင္ထားမႈ မ်ားစြာမရွိရာ ေနအိမ္အေငြ႔အသက္ ပိုရေစသည္။

ဧည့္ခန္းတြင္မူ သစ္သားေရာင္ ရုပ္ျမင္သံၾကားစင္မွာ အျဖဴေရာင္နံရံႏွင့္ ပနံရျပီး ရိုးရွင္းကာ သဘာဝဆန္သည္။

နီညိဳေရာင္သစ္ၾကမ္းခင္း အေရာင္တြဲစပ္ပံုမွာလည္း သဟဇာတျဖစ္ျပီး သဘာဝဆန္၏။

ဧည့္ခန္းအတြင္း ေသးငယ္ရိုးစင္းလွေသာ စာအုပ္စင္ ၂ ခုရွိသည္။ ဧည့္ခန္းတစ္ခုလံုးမွာ ကေလးကစားစရာေနရာတစ္ခုလည္းျဖစ္ျပီး အရုပ္မ်ားစြာျဖင့္ ျပည့္ႏွက္ေနသည္။

ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ ျပတင္းမ်ားမွာ ပါးလႊာေသာလိုက္ကာႏွင့္ လိုက္ဖက္ျပီး ေလဝင္ေလထြက္ေကာင္းလွသည္။

ၾကမ္းျပင္တြင္ ကာတြန္းရုပ္မ်ားပါေသာ ပန္းေရာင္ဖ်ာမ်ား ခင္းက်င္းထားရာ ညိယြမ္၏ စံအိမ္မွာ ေႏြးေထြးျပီး ခ်စ္စဖြယ္ေကာင္းလွသည္။

(ညိယြမ္၏ အခ်စ္ေရး)

ရွန္ဟိုင္း ကဇာတ္အကယ္ဒမီတြင္ တတိယႏွစ္ တက္ေနစဥ္ ညိယြမ္သည္ ရုပ္ရွင္မင္းသမီး ဟြမ္းယိႏွင့္ ဆံုစည္းကာ ခ်စ္ၾကိဳက္ခဲ့ၾကသည္။

ယင္းေနာက္ Wrong Carriage, Right Groom ရုပ္သံဇာတ္လမ္းတြင္ စံုတြဲအျဖစ္ သရုပ္ေဆာင္ခဲ့ၾကသည္။

သို႔ေသာ္ ႏွစ္ဦးသားမွာ မိမိတို႔၏ အႏုပညာခရီးကို ေလွ်ာက္ေနၾကရာ ေနာက္ပိုင္းတြင္ လမ္းခြဲခဲ့ၾကသည္။

-၂၀၀၃ ခုႏွစ္တြင္ ညိယြမ္သည္ ဟန္႔ရွယ္ေပါင္းမ (Hanxue Baoma) အမည္ရွိ ရုပ္သံဇာတ္လမ္းတြဲတြင္ သရုပ္ေဆာင္ရင္း လ်ဳိးယြင္ (Liu Yun 劉芸) ႏွင့္ ခ်စ္ၾကိဳက္ခဲ့သည္။

၂၀၀၄ ခုႏွစ္တြင္ ဒဟန္႔ခ်င္းန္ဂူေအာ Dahan Jinguo အမည္ရွိဇာတ္လမ္းတြင္ အတူသရုပ္ေဆာင္ခဲ့ၾက ျပန္သည္။

၂၀၀၆ ခုႏွစ္တြင္ လ်ဳိးယြင္ႏွင့္ ညိယြမ္တို႔ လမ္းခြဲခဲ့ၾကသည္။

-၂၀၀၈ ခုႏွစ္၊ စက္တင္ဘာ ၂၈ ရက္တြင္ ရုပ္ရွင္မင္းသမီး ယန္ကြမ္း 陽光 (ေနျခည္ဟု အဓိပၸာယ္ရ) ႏွင့္ လက္ထပ္ခဲ့သည္။ ေပက်င္းျမိဳ႕ေတာ္တြင္ လက္ထပ္ပြဲက်င္းပခဲ့ျပီး ဧည့္ပရိသတ္ ၃၀၀ ေက်ာ္ ဖိတ္ၾကားခဲ့သည္။

၂၀၁၂ ခုႏွစ္တြင္ ယန္ကြမ္းႏွင့္ ကြာရွင္းခဲ့သည္။

- ၂၀၁၄ ခုႏွစ္ အေစာပိုင္းတြင္ ရုပ္ရွင္မင္းသမီး ခ်င္းဇစ္ယြဲ႔ Qin Ziyue (秦子越) ႏွင့္ လက္ထပ္ခဲ့သည္။ ခ်င္းဇစ္ယြဲ႔သည္ အေနာက္သို႔ ခရီးသြားျခင္း (ဝူခုန္းဇာတ္လမ္းတြဲ) တြင္ ပါဝင္သရုပ္ေဆာင္ခဲ့ဖူးသည္။

၂၀၁၄ ခုႏွစ္၊ ေမလ ၈ ရက္တြင္ ၎တို႔ႏွစ္ဦး၏ ရင္ေသြး သမီးေလးကို ေမြးဖြားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Take a look at the mansion of Nie Yuan, warm and loving (daydaynews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service