အဆစ်ရောင်ပျောက်ဆေးကို COVID-19 ကုသဆေးအဖြစ် ဗြိတိန်တွင် စမ်းသပ်မည်

အဆစ်ရောင်ပျောက်ဆေးကို COVID-19 ကုသဆေးအဖြစ် ဗြိတိန်တွင် စမ်းသပ်မည် - Property News in Myanmar from iMyanmarHouse.com
1 Oct 2020 10:59 am တွင် တင်ခဲ့သည်
1496 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အဆစ်ရောင်ပျောက်ဆေးအဖြစ် ယေဘုယျအားဖြင့် သုံးစွဲနေကြသည့်ဆေးကို ဗြိတိန်မှ ဘိုးဘွားဂေဟာများရှိ COVID-19 ကူးစက်ခံထားရသူများကို စမ်းသပ်ကုသသွားမည်ဟု နိုင်ငံတကာသတင်းမီဒီယာများစွာတွင် ဖော်ပြသည်။

အဆစ်နာကျင်မှုအတွက် အဆိုပါဆေးသုံးစွဲရသူတို့သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရမှု အလွန်နည်းပါးလှကြောင်း တွေ့ရှိရပြီးနောက် ယခုကဲ့သို့ စမ်းသပ်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ဘိုးဘွားဂေဟာများရှိ သက်ကြီးရွယ်အိုများသည် သတိမေ့ခြင်းအပါအဝင် စိတ်နှင့် ပတ်သက်သော ဝေဒနာများ ခံစားရလေ့ရှိရာ ဆေးရုံတက်ရန် မသင့်လျော်ကြချေ။

ဆေးရုံသို့ရောက်လျှင် သက်ကြီးရွယ်အိုများသည် ပိုမိုစိတ်ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကာ ရောဂါကူးစက်နိုင်မှုများ ရှိသည်။ ယခုစမ်းသပ်မှုတွင် ဘိုးဘွားဂေဟာရှိ သက်ကြီးရွယ်အိုများကို အဆစ်ရောင်ပျောက်ဆေးပေးကာ ဆရာဝန်များ၊ သူနာပြုများက စောင့်ကြည့်ကြမည် ဖြစ်သည်။

Adalimumab ဟု ခေါ်သည့်ဆေးကို ကမ္ဘာပေါ်တွင် အသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးတွင် ဈေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်သည်။

အဆိုပါဆေးသည် တစ်သျှူးများအား ပျက်ယွင်းစေနိုင်သောပစ္စည်း တိုက်ဖျက်ဆေးဝါး (anti-tumour necrosis facotor/ anti-TNF) ဖြစ်ပြီး အဆစ်ရောင်ရောဂါနှင့် အူလမ်းကြောင်းရောဂါတို့တွင် ရောင်ရမ်းမှုကို လျှော့ချပေးသည်။

COVID-19 ရောဂါပြင်းထန်သော အခြေအနေများတွင် လူနာတို့သည် cytokine storm ဟုခေါ်သော ကိုယ်ခံအား၏ အလွန်အကျွံ တုန့်ပြန်မှု ဖြစ်ပေါ်ကာ ကိုယ်တွင်းအင်္ဂါများ ရောင်ယမ်းမှု ဖြစ်ပေါ်စေသည်။

ဘိုးဘွားဂေဟာများသည် ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းအတွင်း ဆိုးရွားစွာ ကူးစက်ခံရမှုများဖြစ်ပေါ်ခဲ့ကြောင်း ယခုစမ်းသပ်မှုကို လုပ်ဆောင်သည့် အောက်စ်ဖို့ဒ်တက္ကသိုလ် ကုထုံးဆေးပညာပါမောက္ခ ဒန်ကန် ရစ်ချတ်စ်က ပြောကြားသည်။

“ဘိုးဘွားဂေဟာမှာ နေထိုင်သူတွေအတွက် ပြုစုစောင့်ရှောက်ရေးအစီအစဉ်ရှိပြီးဖြစ်ပါတယ်။ ဒီအစီအစဉ်တွေမှာ သူတို့ကို ဆေးရုံကိုလွှတ်ဖို့ မပါပါဘူး။ ဆေးရုံဟာ သက်ကြီးရွယ်အိုတွေအတွက် ရလဒ်ကောင်းတွေ ထွက်လာဖွယ် မရှိပါဘူး။ တချို့သူတွေကတော့ ဘိုးဘွားတွေကို ဆေးမကုသင့်ဘူးလို့ ယူဆကြတာတွေရှိပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ သဘောမတူပါဘူး။ ဆေးရုံဟာ သက်ကြီးပိုင်းတွေအတွက် ကောင်းကျိုးဖြစ်ဖွယ်မရှိဘူးဆိုတဲ့ အခြေအနေမျိုးမှာ သင့်လျော်တဲ့ အခြားကုသမှုမျိုး ကျွန်တော်တို့ လိုအပ်ပါတယ်။”

အဆစ်ရောင်ကုသဆေးမှာ အရေပြားအောက်သို့ ဆေးတစ်ကြိမ်ထိုးပေးရခြင်း ဖြစ်သည်။ဆေး၏ အာနိသင်မှာ ရက်သတ္တ ၂ ပတ်ခန့်အထိ ရှိနေနိုင်သည်။

Wellcome, Gates ဖောင်ဒေးရှင်းနှင့် Mastercard တို့က ကမကထပြုသည့် Covid-19 Therapeutics Accelerator မှ ယခု စမ်းသပ်မှုကို ရန်ပုံငွေ ကျခံပေးခြင်းဖြစ်သည်။

“ဆောလျင်စွာ ကုသထားမှုဟာ ရောဂါပြင်းထန်သူတွေမှာ တွေ့ရတဲ့ ကိုယ်တွင်းအလွန်အကျွံ ရောင်ရမ်းမှုတွေကို ရပ်တန့်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒန်ကန် ရစ်ချတ်စ်က ပြောကြားသည်။

ယခု စမ်းသပ်မှုအတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ကိုယ်တွင်းရောင်ရမ်းမှုများရှိနေသူ ၅၀၀ မှ ၇၅၀ ဦးကြား လိုအပ်မည် ဖြစ်သည်။

အကယ်၍ ယခုဆေးသည် အလုပ်ဖြစ်ကြောင်း တွေ့ရှိရပါက ကမ္ဘာတစ်ဝန်းတွင် ဈေးသက်သာစွာဖြင့် အသုံးပြုနိုင်ကြမည်ဖြစ်ပြီး အထူးသဖြင့် ဆေးရုံတက်ရန် မလွယ်ကူသော ဒေသများတွင် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Arthritis drug to be trialled as Covid treatment in UK care homes (The Guardian)

 [Zawgyi]

အဆစ္ေရာင္ေပ်ာက္ေဆးကို COVID-19 ကုသေဆးအျဖစ္ ျဗိတိန္တြင္ စမ္းသပ္မည္

အဆစ္ေရာင္ေပ်ာက္ေဆးအျဖစ္ ေယဘုယ်အားျဖင့္ သံုးစြဲေနၾကသည့္ေဆးကို ျဗိတိန္မွ ဘိုးဘြားေဂဟာမ်ားရွိ COVID-19 ကူးစက္ခံထားရသူမ်ားကို စမ္းသပ္ကုသသြားမည္ဟု ႏိုင္ငံတကာသတင္းမီဒီယာမ်ားစြာတြင္ ေဖာ္ျပသည္။

အဆစ္နာက်င္မႈအတြက္ အဆုိပါေဆးသံုးစြဲရသူတို႔သည္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဆးရံုတက္ရမႈ အလြန္နည္းပါးလွေၾကာင္း ေတြ႔ရွိရျပီးေနာက္ ယခုကဲ့သို႔ စမ္းသပ္ရန္ စီစဥ္လာျခင္း ျဖစ္သည္။

ဘိုးဘြားေဂဟာမ်ားရွိ သက္ၾကီးရြယ္အိုမ်ားသည္ သတိေမ့ျခင္းအပါအဝင္ စိတ္ႏွင့္ ပတ္သက္ေသာ ေဝဒနာမ်ား ခံစားရေလ့ရွိရာ ေဆးရံုတက္ရန္ မသင့္ေလ်ာ္ၾကေခ်။

ေဆးရံုသို႔ေရာက္လွ်င္ သက္ၾကီးရြယ္အိုမ်ားသည္ ပိုမိုစိတ္ရႈပ္ေထြးမႈမ်ား ျဖစ္လာႏိုင္ကာ ေရာဂါကူးစက္ႏိုင္မႈမ်ား ရွိသည္။ ယခုစမ္းသပ္မႈတြင္ ဘိုးဘြားေဂဟာရွိ သက္ၾကီးရြယ္အိုမ်ားကို အဆစ္ေရာင္ေပ်ာက္ေဆးေပးကာ ဆရာဝန္မ်ား၊ သူနာျပဳမ်ားက ေစာင့္ၾကည့္ၾကမည္ ျဖစ္သည္။

Adalimumab ဟု ေခၚသည့္ေဆးကို ကမၻာေပၚတြင္ အသံုးျပဳခဲ့ၾကသည္မွာ ႏွစ္ေပါင္း ၂၀ ခန္႔ရွိျပီျဖစ္ျပီး ကမၻာတစ္ဝန္းလံုးတြင္ ေစ်းႏႈန္းသက္သာစြာျဖင့္ ရရွိႏိုင္သည္။

အဆိုပါေဆးသည္ တစ္သွ်ဴးမ်ားအား ပ်က္ယြင္းေစႏိုင္ေသာပစၥည္း တိုက္ဖ်က္ေဆးဝါး (anti-tumour necrosis facotor/ anti-TNF) ျဖစ္ျပီး အဆစ္ေရာင္ေရာဂါႏွင့္ အူလမ္းေၾကာင္းေရာဂါတို႔တြင္ ေရာင္ရမ္းမႈကို ေလွ်ာ့ခ်ေပးသည္။

COVID-19 ေရာဂါျပင္းထန္ေသာ အေျခအေနမ်ားတြင္ လူနာတို႔သည္ cytokine storm ဟုေခၚေသာ ကိုယ္ခံအား၏ အလြန္အကၽြံ တုန္႔ျပန္မႈ ျဖစ္ေပၚကာ ကိုယ္တြင္းအဂၤ ါမ်ား ေရာင္ယမ္းမႈ ျဖစ္ေပၚေစသည္။

ဘိုးဘြားေဂဟာမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ပထမလႈိင္းအတြင္း ဆိုးရြားစြာ ကူးစက္ခံရမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း ယခုစမ္းသပ္မႈကို လုပ္ေဆာင္သည့္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္ ကုထံုးေဆးပညာပါေမာကၡ ဒန္ကန္ ရစ္ခ်တ္စ္က ေျပာၾကာားသည္။

“ဘိုးဘြားေဂဟာမွာ ေနထုိင္သူေတြအတြက္ ျပဳစုေစာင့္ေရွာက္ေရးအစီအစဥ္ရွိျပီးျဖစ္ပါတယ္။ ဒီအစီအစဥ္ေတြမွာ သူတို႔ကို ေဆးရံုကိုလႊတ္ဖို႔ မပါပါဘူး။ ေဆးရံုဟာ သက္ၾကီးရြယ္အိုေတြအတြက္ ရလဒ္ေကာင္းေတြ ထြက္လာဖြယ္ မရွိပါဘူး။ တခ်ဳိ ႔သူေတြကေတာ့ ဘိုးဘြားေတြကို ေဆးမကုသင့္ဘူးလို႔ ယူဆၾကတာေတြရွိပါတယ္။ ဒါကိုေတာ့ ကၽြန္ေတာ္တို႔ သေဘာမတူပါဘူး။ ေဆးရံုဟာ သက္ၾကီးပိုင္းေတြအတြက္ ေကာင္းက်ဳိးျဖစ္ဖြယ္မရွိဘူးဆိုတဲ့ အေျခအေနမ်ဳိးမွာ သင့္ေလ်ာ္တဲ့ အျခားကုသမႈမ်ဳိး ကၽြန္ေတာ္တို႔ လိုအပ္ပါတယ္။”

အဆစ္ေရာင္ကုသေဆးမွာ အေရျပားေအာက္သို႔ ေဆးတစ္ၾကိမ္ထုိးေပးရျခင္း ျဖစ္သည္။ေဆး၏ အာနိသင္မွာ ရက္သတၱ ၂ ပတ္ခန္႔အထိ ရွိေနႏိုင္သည္။

Wellcome, Gates ေဖာင္ေဒးရွင္းႏွင့္ Mastercard တို႔က ကမကထျပဳသည့္ Covid-19 Therapeutics Accelerator မွ ယခု စမ္းသပ္မႈကို ရန္ပံုေငြ က်ခံေပးျခင္းျဖစ္သည္။

“ေဆာလ်င္စြာ ကုသထားမႈဟာ ေရာဂါျပင္းထန္သူေတြမွာ ေတြ႔ရတဲ့ ကိုယ္တြင္းအလြန္အကၽြံ ေရာင္ရမ္းမႈေတြကို ရပ္တန္႔ေပးႏိုင္မွာ ျဖစ္ပါတယ္” ဟု ဒန္ကန္ ရစ္ခ်တ္စ္က ေျပာၾကားသည္။

ယခု စမ္းသပ္မႈအတြက္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရျပီး ကိုယ္တြင္းေရာင္ရမ္းမႈမ်ားရွိေနသူ ၅၀၀ မွ ၇၅၀ ဦးၾကား လိုအပ္မည္ ျဖစ္သည္။

အကယ္၍ ယခုေဆးသည္ အလုပ္ျဖစ္ေၾကာင္း ေတြ႔ရွိရပါက ကမၻာတစ္ဝန္းတြင္ ေစ်းသက္သာစြာျဖင့္ အသံုးျပဳႏိုင္ၾကမည္ျဖစ္ျပီး အထူးသျဖင့္ ေဆးရံုတက္ရန္ မလြယ္ကူေသာ ေဒသမ်ားတြင္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Arthritis drug to be trialled as Covid treatment in UK care homes (The Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service