ကာတာအစိုးရက နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီးရှိ နိုင်ငံတော် စံအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ်ကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင်
ကာတာအစိုးရက နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီးရှိ နိုင်ငံတော် စံအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ်ကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
8 Jul 2024 12:36 pm တွင် တင်ခဲ့သည်
476 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကာတာအစိုးရက နယူးယောက်မြို့ မန်ဟက်တန်အရပ်ရှိ စံအိမ်တစ်လုံးကို ၂၀၁၃ ခုနှစ်တွင် ဝယ်ယူခဲ့သော ဈေးနှုန်းအောက် နည်းပါးသောဈေးနှုန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
ကာတာအစိုးရသည် Beekman Place ဟု အမည်ပေးထားသောစံအိမ်ကို ကန်ဒေါ်လာ ၃၄ ဒသမ ၃၅ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် တရားဝင် နိုင်ငံတော်အိမ်တော်အဖြစ် အသုံးပြုခဲ့သည်။
ယခုအခါ အဆိုပါ စံအိမ်ကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း ဈေးကွက်တင် ပေးသည့် Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Les Meyers က ပြောသည်။
ယခင်က ဝယ်ယူခဲ့သော ဈေးနှုန်းတွင် ပရိဘောဂများ ပါဝင်ကြောင်း၊ ယခုအရောင်းဈေးကွက်တင်ရာတွင်မူ ပရိဘောဂများ မပါကြောင်း Meyers က ပြောသည်။
(ကာတာအစိုးရက ကုလသမဂ္ဂရုံးချုပ်အနီးရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက် တင်လာသည်။ ဓာတ်ပုံ-MELANIE GREENE/GREENEHOUSE NYC)
ယခုသတင်းနှင့် စပ်လျဉ်းပြီး ဝေါစထရိဂျာနယ်က ဆက်သွယ်မေးမြန်းမှုကို ကာတာသံရုံးက တစုံတရာ ဖြေကြားခြင်း မရှိချေ။
Beekman Place အိမ်တော်သည် East River လမ်းနှင့် ပဉ္စမရိပ်သာလမ်းအကြား ၄၉ လမ်းမှ ၅၁ လမ်းအထိ ဖြန့်ကျက် တည်ရှိသည်။
ထိုနေရာသည် ဆွေစဉ်မျိုးဆက် ချမ်းသာသူတို့ အခြေချရာ ဖြစ်ခဲ့ပြီး ကုလသမဂ္ဂရုံးချုပ်နှင့် နီးသောကြောင့် သံတမန်များ အခြေချရာ နေရာလည်း ဖြစ်သည်။
(ဤစံအိမ်ကို ၁၉၁၀ ပြည့်နှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-MELANIE GREENE/ GREENEHOUSE NYC)
ကာတာအစိုးရ၏ ဤစံအိမ်တွင် အိပ်ခန်း ၅ ခန်းပါဝင်ပြီး တချိန်က အထင်ကရ မြေယာအလှဆင် ဒီဇိုင်နာ အမျိုးသမီး Ellen Biddle Shipman နေထိုင်ခဲ့သော စံအိမ် ဖြစ်သည်။
သူမသည် ဤစံအိမ်တွင် ၁၉၂၀ ပြည့်လွန်ကာလများမှ ၁၉၄၀ ပြည့်လွန်ကာလများအထိ နေထိုင်ခဲ့သည်။
သူမသည် အမေရိက၏ ဒိတ်ဒိတ်ကြဲ မိသားစုများဖြစ်သော ဖို့ဒ်နှင့် Astors မိသားစုတို့၏ ပန်းဥယျာဉ်များကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်။
(အိမ်တော်အတွင်း ယာတောအိမ်အသွင် မီးဖိုဆောင်တစ်ခု ပါဝင်သည်။ ဓာတ်ပုံ-MELANIE GREENE/ GREENEHOUSE NYC)
၁၉၁၀ ပြည့်နှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ပြီး စတုရန်းပေ ၇၃၀၀ ခန့် ကျယ်ဝန်းကာ ၆ ထပ် အဆောက်အအုံ ဖြစ်သည်။ အဆောက်အအုံတွင် လသာဆောင် ၂ ခုနှင့် အမိုးပေါ် ပန်းဥယျာဉ်တို့ ပါဝင်သည်။
(ယခင်ပိုင်ရှင်က ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-MELANIE GREENE/GREENEHOUSE NYC)
Shipman နေထိုင်ခဲ့သောခေတ်မှ မူလ လက်ရာများ အနည်းငယ်သာရှိတော့သည်။
V ပုံသဏ္ဍာန်ခင်းကျင်းထားသော ဝက်သစ်ချသားကြမ်းခင်းများ၊ ခရုပတ်လှေကားကြီးနှင့် ထင်းသုံးမီးလင်းဖို ၅ ခု တို့မှာ ရှေးခေတ်လက်ရာများအတိုင်း ထိန်းသိမ်းထားဆဲဖြစ်ကြောင်း Meyers က ပြောသည်။
(ခရုပတ်ပုံ လှေကားကြီး။ ဓာတ်ပုံ-MELANIE GREENE/GREENEHOUSE NYC)
ကာတာအစိုးရက အိမ်တော်ကြီးကို သန့်ပြန့်စွာ ထိန်းသိမ်းထားရှိပြီး လမ်းထောင့်တွင် တည်ရှိသောကြောင့် သဘာဝအလင်းကောင်းစွာရကြောင်း Meyers က ပြောသည်။
(ဓာတ်ပုံ-MELANIE GREENE/GREENEHOUSE NYC)
ကာတာအစိုးရသည် တသီးတသန့်ရှိသော နေရာတစ်ခု ရှာဖွေနေသောကြောင့် ယခုအိမ်တော်ကို ပြန်လည် ရောင်းချခြင်းဖြစ်ကြောင်း Meyers က ပြောသည်။
(ဓာတ်ပုံ-MELANIE GREENE/GREENEHOUSE NYC)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Qatar Wants $32 Million for Its Townhouse Near the United Nations (mansionglobal)
Photo Credit- MELANIE GREENE/GREENEHOUSE NYC
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
The Rich Villa
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service