[Unicode]
အခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ပြီးရင် မြေယာစီမံခန့်ခွဲမှုဌာနမှာ သက်ဆိုင်ရာ မြို့နယ်အလိုက် ဝယ်ယူသူအမည်ပြောင်း ဆက်လက်ဆောင်ရွက်ဖို့ပဲ ကျန်ပါတော့တယ်။ ဂရန် အမည်ပြောင်း လျှောက်လွှာတင်ပြီးပါက စည်ပင်မှ သတ်မှတ်အမည်ပြောင်း ဝန်ဆောင်ခနှင့် ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြေငြာခြင်းတို့ ဆက်လက်ဆောင်ရွက်စေမည်ဖြစ်ပါသည်။ သတ်မှတ်(၇)ရက်ကျော်လွန်၍ ကန့်ကွက်သူ ပေါ်မလာပါက ဌာနမှ မြေဂရန်မူရင်းအား အမည်ပြောင်းလဲ မှတ်သားကာ လျှောက်ထားသူအား မြေငှားဂရန် ထုတ်ပေးမည်ဖြစ်ပါတယ်။
မြေငှား စာချုပ်ထွက်ရှိမှ မြေပိုင်ဆိုင်မှု ခိုင်မာမှာဖြစ်ပါတယ်။ မိမိအမည်ပေါက် မြေငှားဂရန် ထွက်ရှိသည့်အခါမှ ဂရန်သက်တမ်းတိုးခြင်း၊ လွှဲပြောင်းရောင်းချခြင်း၊ အမွေဆက်ခံခြင်းတို့ ဆောင်ရွက်သည့်အခါ အဆင်ပြေမှာဖြစ်ပါတယ်။
GP ဖျက်သိမ်းချင်ရင်တော့ လွှဲအပ်ခြင်းခံရသူနှင့် မူလ GP ပေးအပ်ထားသူနှစ်ဦး GPမူရင်း နှင့် မှတ်ပုံတင်မူရင်းတို့ ယူဆောင်ကာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ လက်မှတ်ရေးထိုးပြီး GP အား ဖျက်သိမ်းခြင်း ဆောင်ရွက်နိုင်ပါတယ်။ GP လွှဲအပ်ထားခြင်းခံရသူမှ လိုက်ပါနိုင်ခြင်းမရှိပါက GP အား ဖျက်သိမ်းကြောင်း သတင်းစာကြေငြာမှုပြုကာ အဆိုပါ သတင်းစာကြေငြာနှင့် GP မူရင်းတို့ကို မှတ်ပုံတင်ရုံးသို့ တင်ပြရမည်ဖြစ်ပါသည်။ ထို့နောက် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှ GP ဖျက်သိမ်းမှုအား ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
[Zawgyi]
ဂရန္အမည္ေပါက္ ေလွ်ာက္ထားရာတြင္ မွတ္ပုံတင္စာခ်ဳပ္ႀကီးအဆင့္ထိ ၿပီးသြားပါၿပီ ကာရ ကံ႐ွင္မွ ကိုယ္တိုင္ မလုပ္ႏိုင္သည့္အတြက္ လုပ္ငန္းေဆာင္႐ြက္ရန္ ေ႐ွ႕ေနအား GP လႊဲေပးထားပါသည္။ ဂရန္စာအုပ္ ေလွ်ာက္ဖို႔လိုလား? မေလွ်ာက္ရင္ေရာ ဘယ္လိုျဖစ္ႏိုင္သလဲ? GP ဖ်က္သိမ္းရင္ေရာ ဘယ္လိုလုပ္ရမလဲ႐ွင့္။
အခြန္ေဆာင္ၿပီး မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ၿပီးရင္ ေျမယာစီမံခန္႔ခြဲမႈဌာနမွာ သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ ဝယ္ယူသူအမည္ေျပာင္း ဆက္လက္ေဆာင္႐ြက္ဖို႔ပဲ က်န္ပါေတာ့တယ္။ ဂရန္ အမည္ေျပာင္း ေလွ်ာက္လႊာတင္ၿပီးပါက စည္ပင္မွ သတ္မွတ္ အမည္ေျပာင္း ဝန္ေဆာင္ခႏွင့္ ကန္႔ကြက္ရန္႐ွိမ႐ွိ သတင္းစာေၾကျငာျခင္းတို႔ ဆက္လက္ေဆာင္႐ြက္ေစမည္ျဖစ္ပါသည္။ သတ္မွတ္(၇)ရက္ေက်ာ္လြန္၍ ကန္႔ကြက္သူ ေပၚမလာပါက ဌာနမွ ေျမဂရန္မူရင္းအား အမည္ေျပာင္းလဲ မွတ္သားကာ ေလွ်ာက္ထားသူအား ေျမငွားဂရန္ ထုတ္ေပးမည္ျဖစ္ပါတယ္။
ေျမငွား စာခ်ဳပ္ထြက္႐ွိမွ ေျမပို္ငဆိုင္မႈ ခိုင္မာမွာျဖစ္ပါတယ္။ မိမိအမည္ေပါက္ ေျမငွားဂရန္ ထြက္႐ွိသည့္အခါမွ ဂရန္သက္တမ္းတိုးျခင္း၊ လႊဲေျပာင္းေရာင္းခ်ျခင္း၊ အေမြဆက္ခံျခင္းတို႔ ေဆာင္ ႐ြက္သည့္အခါ အဆင္ေျပမွာျဖစ္ပါတယ္။
GP ဖ်က္သိမ္းခ်င္ရင္ေတာ့ လႊဲအပ္ျခင္းခံရသူႏွင့္ မူလ GP ေပးအပ္ထားသူႏွစ္ဦး GPမူရင္း ႏွင့္ မွတ္ပုံတင္မူရင္းတို႔ ယူေဆာင္ကာ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးမွာ လက္မွတ္ေရးထိုးၿပီး GP အား ဖ်က္သိမ္းျခင္း ေဆာင္႐ြက္ႏိုင္ပါတယ္။ GP လႊဲအပ္ထားျခင္းခံရသူမွ လိုက္ပါႏိုင္ျခင္းမ႐ွိပါက GP အား ဖ်က္သိမ္းေၾကာင္း သတင္းစာေၾကျငာမႈျပဳကာ အဆိုပါ သတင္းစာေၾကျငာႏွင့္ GP မူရင္းတို႔ကို မွတ္ပုံတင္႐ုံးသို႔ တင္ျပရမည္ျဖစ္ပါသည္။ ထို႔ေနာက္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးမွ GP ဖ်က္သိမ္းမႈအား ဆက္လက္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။