191 ကြိမ် ကြည့်ရှု့ပြီး

မင်္ဂလာပါ ကျွန်တော်တို့ မိသာစုပိုင် မြေကွက်က အဘေးလက်ထပ်ကတည်းက အမွေရလာတာပါ။ ကျွန်တော် မိဘတွေလက်ထပ်မှာ မောင်နှမတွေ အမွေခွဲပြီးပါပြီ။ အဘိုးရဲ့ ညီကိုမောင်နှမများကမွေးတဲ့ လူများကလည်းသူတို့ပိုင်ဆိုင်သည့်မြေများအား ရောင်းချပြီးပါပြီ။ ကျွန်တော်တို့ ပိုင်ဆိုင်သောခြံအား အဝယ်ရသောအခါ မြေသည် ဘိုးဘပိုင်ဟုသိထားသောလည်း စာရွတ်စာတန်းဟူ၍ အဘေး နာမည်နှင့် မြေစာရင်းပုံစံ ၈ မြေခွန်စာရွက်များသာရှိပါသည်။ G အတန်းအစားဟုရေးထားသည်။ လူနေရက်ကွက်ဖြစ်သည်မှာလည်း နှစ်(၈၀)လောက်ပင် ရှိနေပါသည်။ ပိုင်ဆိုင်မူခိုင်မာအောင် အရောင်းအဝယ်လွယ်အောင် ဘာလုပ်သင့်ပါသလဲ။

မေးသူ - Naing Thura

လယ်ယာမြေအတွက် မြေခွန်ပြေစာ ပုံစံ-(၈)ဖြင့် ထွက်ရှိပြီး မြို့မြေအတွက် မြေခွန်ပြေစာ ပုံစံ-(၁)ဖြင့် ထွက်ရှိပါသည်။ ထို့ပြင် G မြေအဖြစ်လဲ မြေအတန်းအစားဖြစ်ကြောင်း ဖော်ပြထားပါသဖြင့် ဥယျာဉ်ခြံမြေ အမျိုး အစားပေါ်တွင် လူနေရပ်ကွက်အဖြစ် စုပေါင်းနေထိုင်နေကြသည် ဖြစ်ပါသည်။

၂၀၁၂ခုနှစ် ၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေအမျိုးအစားထဲပါဝင်သော စိုက်ပျိုးမြေများမှာ ပုံစံ-၇ ထွက်ရှိပါသည်။ ထို့ကြောင့် မိမိလက်ရှိ နေထိုင်သော ခြံမြေအား မြေစာရင်းရုံးတွင် လမ်းအမည်များ၊ ဦးပိုင် နံပါတ်များ၊ အကွက်အမှတ်များ ထွက်ရှိမရှိ သွားရောက်စုံစမ်းသင့်ပါသည်။ လက်ရှိအရောင်းအဝယ်ပြုလျှင်တော့ အရပ်ကတိစာချုပ်ဖြင့် လွှဲပြောင်းရောင်းချနိုင်မည်ဖြစ်ပါသည်။ သက်တမ်းကြာမြင့်စွာ လူနေထိုင်မှုရှိနေသော မြေအား လူနေရပ်ကွက် (သို့) ကျေးရွာအဖြစ် တရားဝင်ခွင့်ပြုချက်ပြုခဲ့သည်များလဲ ရှိခဲ့ပါသည်။ အဆိုပါ လူနေရပ်ကွက်၏ လမ်းအမည်များပါ မြေစာရင်းမှတ်တမ်းများတွင် ထားရှိပါက အစိုးရမှ စီမံကိန်းဖြင့် ခွင့်ပြုသည့် အခါ တရားဝင်မြေငှားဂရန်များ လျှောက်ထားနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက် ပါသည်။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App