237 ကြိမ် ကြည့်ရှု့ပြီး

မှတ်ပုံတင်စာချုပ်ကြီးချုပ်ဆိုလို့ရတဲ့ မြေအမျိုးအစားများနဲ့ မှတ်ပုံတင်စာချုပ်ကြီးချုပ်ဆိုလို့မရတဲ့ မြေအမျိုးအစားများကို ခွဲခြား၍သိလိုပါတယ်။ ဆရာများဖြေကြားပေးပါရန် တောင်းဆိုပါတယ်ရှင်။

မေးသူ - Ma Myint Myint Khaing

တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရှိသည့်အပြင် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးအပ်ခြင်းပြုနိုင်သော ဂရန်မြေအမျိုးအစား၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ၊ အမျိုးအစားအား မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုခြင်းပြုနိုင်သည်။

အဆိုပါလွှဲပြောင်းရောင်းချခွင့်ရှိသော မြေအမျိုးအစားများအား မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အပြင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြွတ်ဟ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း၊ စွန့်လွှတ်ခြင်း မှတ်ပုံတင် စာချုပ်ဆိုခြင်း၊ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းတို့လဲ ချုပ်ဆို ဆောင်ရွက်ခွင့် ရှိပါသည်။

ရန်ကုန်မြို့တော်အတွင်းဖြစ်ပါက စည်ပင်သာယာရေးကော်မတီ မြေစီမံခန့်ခွဲမှုဌာန၊ အခြားမြို့ နယ်များဖြစ်ပါက မြေစာရင်းဌာနတို့တွင် အရောင်း မြေပုံ/မြေရာဇဝင်၊ ပိုင်ဆိုင်ကြောင်း မြေပုံ/မြေရာဇဝင်၊ စွန်လွှတ်ကြောင်း မြေပုံ/မြေရာဇဝင်၊ ခွဲစိတ်မြေပုံ ထုတ်ယူနိုင်သော မြေကွက်များမှာ မြေပုံ/မြေရာဇဝင် ထွက်ရှိပါက မှတ်ပုံတင်စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်စာချုပ် ဆက်လက်ချုပ်ဆိုနိုင်ပါသည်။

စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ - ၁၆ အရ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းအဖြစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို အပိုင်ပေးသည့်စာချုပ်စာတမ်းများ၊ မရွှေ့မပြောင်းနိုင်သာပစ္စည်းနှင့် ဆက်စပ်၍ တန်ဖိုးငွေ(၁)သိန်းနှင့်အထက်ရှိသည့်ပစ္စည်းများ ရောင်းချခြင်းဆိုင်ရာဆိုင်ခွင့် အကျိုးစီးပွား တစ်စုံဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊စွန့်လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ ခိုင်မာစေ ရန်ပြုလုပ်သည့် သေတမ်းစာမဟုတ်သော စာချုပ်စာတမ်းများနှင့် စီရင်ချက်၊ ဒီကရီ၊ အမိန့်၊ တန်ဖိုးငွေ (၁)သိန်းနှင့်အထက်ရှိသော ပိုင်ဆိုင်ခွင့်စာချုပ်ကိုအပ်နှံ၍ ပေါင်နှံငွေချေးခြင်းမှတပါးနှင့် ပေါင်နှံ ခြင်းကို ဖျက်သိမ်းသောစာချုပ်များ၊ မရွှေ့မပြောင်းနိုင်သာပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်း၊ တစ်နှစ် ထက်ပို၍ ငှားရမ်းခြင်း၊ ငှားရမ်းခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များ၊ ကုမ္ပဏီအသင်း အဖွဲ့က မရွှေ့မပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်ခွင့်အားလုံးကိုဖြစ်စေ တချို့ကိုဖြစ်စေ ပေါင်နှံခြင်း၊ ပေးအပ်ခြင်း၊လွှဲပြောင်းခြင်းပြုသည့် စာချုပ်စာတမ်းများ၊ ကိတ္ထိမသားသမီးမွေးစားခြင်းစာချုပ်များ၊ နိုင်ငံတော်အစိုးရက အခါအားလျော်စွာသတ်မှတ်သည့်စာချုပ်စာတမ်းများအား မှတ်ပုံမတင်မနေရ စာချုပ်စာ တမ်းအဖြစ် ဖော်ပြသတ်မှတ်ထားပြီး ဖြစ်ပါသည်။

အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော ပါမစ်မြေ၊ စလစ်မြေ မြေအမျိုးအစားများမှာတော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဖြင့်လွှဲပြောင်းရောင်းခွင့်မရှိပါ။အစိုးရမြေဆိုသည်မှာ အစိုးရကိုယ်တိုင်မှ မည်သူ့ကိုမျှ အခွန်လွတ်ဂရန်အဖြစ် ပေးအပ်ထားခြင်းမရှိ၊ အပိုင်ဂရန်မြေအဖြစ် ဆက်လက်ပေးအပ်ထားခြင်း မရှိသော မြေကို ဆိုလိုပါသည်။

အစိုးရမှ လက်ဝယ်ထားပိုင်ခွင့်ပေးအပ်ထားသောမြေ၊ အပိုင်မြေအဖြစ် သတ်မှတ်ထားသော ဘိုးဘွားပိုင် မြေတွေမှအပ ကျန်မြေများမှာ အစိုးရမြေစီမံခန့်ခွဲပိုင်ခွင့် မြေအမျိုးအစားများပင် ဖြစ်ပါသည်။ ဂရန်မြေ အမျိုးအစားများမှာ သတ်မှတ်မြေခွန်ကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်း၊ မြေငှားစာချုပ်ပါ စည်းကမ်းချက်များတွင် ပါဝင်သည့် မြေငှားသက်တမ်း ပြည့်မြောက်သည့်အခါ ဂရန်သက်တမ်းတိုး ဆောင်ရွက်ရန် ပျက်ကွက်ခြင်းတို့ ဖြစ်ပေါ်ပါက အစိုးရစီမံခန့်ခွဲပိုင်ခွင့်‌ မြေအမျိုးအစားအဖြစ် ဂရန်မြေမှာ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရှိသည့်အပြင် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးအပ်ခြင်းပြုနိုင်သော ဂရန်မြေအမျိုးအစား၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ၊ အမျိုးအစားအား မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုခြင်းပြုနိုင်သည်။

အဆိုပါလွှဲပြောင်းရောင်းချခွင့်ရှိသော မြေအမျိုးအစားများအား မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အပြင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြွတ်ဟ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း၊ စွန့်လွှတ်ခြင်း မှတ်ပုံတင် စာချုပ်ဆိုခြင်း၊ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းတို့လဲ ချုပ်ဆို ဆောင်ရွက်ခွင့် ရှိပါသည်။

ရန်ကုန်မြို့တော်အတွင်းဖြစ်ပါက စည်ပင်သာယာရေးကော်မတီ မြေစီမံခန့်ခွဲမှုဌာန၊ အခြားမြို့ နယ်များဖြစ်ပါက မြေစာရင်းဌာနတို့တွင် အရောင်း မြေပုံ/မြေရာဇဝင်၊ ပိုင်ဆိုင်ကြောင်း မြေပုံ/မြေရာဇဝင်၊ စွန်လွှတ်ကြောင်း မြေပုံ/မြေရာဇဝင်၊ ခွဲစိတ်မြေပုံ ထုတ်ယူနိုင်သော မြေကွက်များမှာ မြေပုံ/မြေရာဇဝင် ထွက်ရှိပါက မှတ်ပုံတင်စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်စာချုပ် ဆက်လက်ချုပ်ဆိုနိုင်ပါသည်။

စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ - ၁၆ အရ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းအဖြစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို အပိုင်ပေးသည့်စာချုပ်စာတမ်းများ၊ မရွှေ့မပြောင်းနိုင်သာပစ္စည်းနှင့် ဆက်စပ် ၍ တန်ဖိုးငွေ(၁)သိန်းနှင့်အထက်ရှိသည့်ပစ္စည်းများ ရောင်းချခြင်းဆိုင်ရာဆိုင်ခွင့် အကျိုးစီးပွား တစ်စုံဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊စွန့်လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ ခိုင်မာစေ ရန်ပြုလုပ်သည့် သေတမ်းစာမဟုတ်သော စာချုပ်စာတမ်းများနှင့် စီရင်ချက်၊ ဒီကရီ၊ အမိန့်၊ တန်ဖိုးငွေ (၁)သိန်းနှင့်အထက်ရှိသော ပိုင်ဆိုင်ခွင့်စာချုပ်ကိုအပ်နှံ၍ ပေါင်နှံငွေချေးခြင်းမှတပါးနှင့် ပေါင်နှံ ခြင်းကို ဖျက်သိမ်းသောစာချုပ်များ၊ မရွှေ့မပြောင်းနိုင်သာပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်း၊ တစ်နှစ် ထက်ပို၍ ငှားရမ်းခြင်း၊ ငှားရမ်းခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များ၊ ကုမ္ပဏီ အသင်း အဖွဲ့က မရွှေ့မပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်ခွင့်အားလုံးကိုဖြစ်စေ တချို့ကိုဖြစ်စေ ပေါင်နှံခြင်း၊ ပေးအပ်ခြင်း၊လွှဲပြောင်းခြင်းပြုသည့် စာချုပ်စာတမ်းများ၊ ကိတ္ထိမသားသမီးမွေးစားခြင်းစာချုပ်များ၊ နိုင်ငံ တော်အစိုးရက အခါအားလျော်စွာသတ်မှတ်သည့်စာချုပ်စာတမ်းများအား မှတ်ပုံမတင်မနေရ စာချုပ်စာ တမ်းအဖြစ် ဖော်ပြသတ်မှတ်ထားပြီး ဖြစ်ပါသည်။

အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော ပါမစ်မြေ၊ စလစ်မြေ မြေအမျိုးအစားများမှာတော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဖြင့်လွှဲပြောင်းရောင်းခွင့်မရှိပါ။အစိုးရမြေဆိုသည်မှာ အစိုးရကိုယ်တိုင်မှ မည်သူ့ကိုမျှ အခွန်လွတ်ဂရန်အဖြစ် ပေးအပ်ထားခြင်းမရှိ၊ အပိုင်ဂရန်မြေအဖြစ် ဆက်လက်ပေးအပ်ထားခြင်း မရှိသော မြေကို ဆိုလိုပါသည်။

အစိုးရမှ လက်ဝယ်ထားပိုင်ခွင့်ပေးအပ်ထားသောမြေ၊ အပိုင်မြေအဖြစ် သတ်မှတ်ထားသော ဘိုးဘွားပိုင်မြေတွေမှအပ ကျန်မြေများမှာ အစိုးရမြေစီမံခန့်ခွဲပိုင်ခွင့် မြေအမျိုးအစားများပင် ဖြစ်ပါသည်။ ဂရန်မြေ အမျိုးအစားများမှာ သတ်မှတ်မြေခွန်ကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်း၊ မြေငှားစာချုပ်ပါ စည်း ကမ်းချက်များတွင် ပါဝင်သည့် မြေငှားသက်တမ်း ပြည့်မြောက်သည့်အခါ ဂရန်သက်တမ်းတိုး ဆောင် ရွက်ရန် ပျက်ကွက်ခြင်းတို့ ဖြစ်ပေါ်ပါက အစိုးရစီမံခန့်ခွဲပိုင်ခွင့်‌ မြေအမျိုးအစားအဖြစ် ဂရန်မြေမှာ ပြန် လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App