မြန်မာနိုင်ငံတာချီလိတ်မြို့ရှိဖျော်ဖြေရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်ကြသည့် ထိုင်းမိန်းကလေးများထိုင်းသို့ တရားမဝင် ပြန်လည်ဝင်ရောက်မှုများကြောင့် COVID-19ပျံ့နှံ့မှုများ ဖြစ်ပေါ်လာပြီးနောက် ချင်းမိုင်တွင် တုန်လှုပ်မှုများဖြစ်ပေါ်

မြန်မာနိုင်ငံတာချီလိတ်မြို့ရှိဖျော်ဖြေရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်ကြသည့် ထိုင်းမိန်းကလေးများထိုင်းသို့ တရားမဝင် ပြန်လည်ဝင်ရောက်မှုများကြောင့် COVID-19ပျံ့နှံ့မှုများ ဖြစ်ပေါ်လာပြီးနောက် ချင်းမိုင်တွင် တုန်လှုပ်မှုများဖြစ်ပေါ် - Property News in Myanmar from iMyanmarHouse.com
1 Dec 2020 11:44 am တွင် တင်ခဲ့သည်
724 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာခဲ့သောအသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မိမိဘာသာသီးခြားနေထိုင်ခြင်း (self-quarantine) မဝင်သောကြောင့် COVID-19 ကူးစက်ခံရသူအများအပြားရှိလာရာချင်းမိုင်မြို့ရှိအချို့သောနေရာများကိုသွားရောက်ခဲ့သူများအနေဖြင့် ၁၄ ရက် ကွာရန်တင်းဝင်ရန် ထိုင်းကျန်းမာရေးဌာနကအကြံပြုထားသည်။

အဆိုပါ အမျိုးသမီးနှင့် ထိတွေ့ခဲ့သူအနည်းဆုံး ၂ ဦးသည် ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့ပြီးခန့်မှန်းချေအားဖြင့် လူ ၃၀၀ ခန့်မှာကူးစက်ခံရနိုင်သည့် အန္တရာယ်ရှိနေသည်ဟုယူဆရသည်။

အမည်မသိရသောထိုင်းအမျိုးသမီးသည် မြန်မာနိုင်ငံတာချီလိတ်မြို့မှ ဗန်ကားတစ်စီးဖြင့် နိုဝင်ဘာ ၂၃ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်သို့ တရားမဝင် ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

သူသည် ရက်သတ္တ ၂ ပတ် မဖြစ်မနေကွာရန်တင်းဝင်ရမည်ကိုရှောင်လွှဲခဲ့ပြီးချင်းမိုင်မြို့သို့ ဆက်လက်ခရီးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထိုင်းအမျိုးသမီးသည် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမှုကိုအာဏာပိုင်များအားသတင်းမပေးသည့်အပြင် ကွာရန်တင်းဝင်ရမည်ကိုလည်းရှောင်လွှဲခဲ့ခြင်းကြောင့် ၎င်းထံမှတဆင့် လူပေါင်းများစွာထံရောဂါပိုး ဖြန့်သူတစ်ဦးဖြစ်လာနိုင်ကြောင်းရတက်မအေးဖြစ်မှုများ မြင့်တက်နေသည်။

ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ပရာဂျွန် ပရက်ဆာကူလ်ကအတည်ပြုပြောကြားသည်မှာအဆိုပါ အမျိုးသမီးထံမှ ရောဂါကူးစက်ခံရသူ ၂ ဦးသည် ချင်းရိုင် ပရာချာနုခရို့ဆေးရုံ (Chiang RaiPrachanukroh Hospital) တွင် ဆေးကုသမှု ခံယူနေရကြောင်းပြောကြားသည်။

ပြည်သူ့ကျန်းမာရေးဌာနအကြီးအကဲတို့ကအတည်ပြုပြောကြားသည်မှာယင်းအမျိုးသမီးသည် ပြီးခဲ့သောရက်သတ္တပတ်အတွင်းချင်းမိုင်မြို့ရှိနေရာအနှံ့အပြားသို့ လည်ပတ်သွားလာခဲ့ကြောင်းပြောကြားသည်။

သူမသွားရောက်လည်ပတ်ခဲ့သည့်နေရာများတွင် လူသိများသည့် နာမည်ကျော်နေရာများဖြစ်သောCentralFestival Chiang Maiဈေးဝယ်စင်တာ၊ Major Cineplex Chiang Maiရုပ်ရှင်ရုံ၊ ကာရာအိုကေနှင့် အရက်ဘားဖြစ်သောKingswayတို့လည်းအပါအဝင် ဖြစ်သည်။

သူမသည် Kingswayသို့ အင်္ဂါနေ့ညတွင် သွားရောက်ခဲ့ပြီးMajor Cineplexသို့ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းကသွားရောက်ခဲ့သည်။

CentralFestival Chiang Maiဈေးဝယ်စင်တာကိုသန့်ရှင်းရေးပြုလုပ်ရန်နှင့် ပိုးသတ်ရန်အတွက် စနေနေ့တွင် ပိတ်ပင်ထားလိုက်သည်။

ဈေးဝယ်စင်တာကိုလည်ပတ်သည့်ကုမ္ပဏီCentral Pattana က ထုတ်ပြန်ရာတွင် ယင်းအမျိုးသမီးသည် ပြီးခဲ့သောဗုဒ္ဓဟူးနေ့ကညနေ ၄ နာရီမှ စတင်ကာဈေးဝယ်စင်တာတွင် အချိန် ၄ နာရီနီးပါးရှိနေခဲ့ရာထိုအမျိုးသမီးနှင့် ထိတွေ့ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ကွာရန်တင်း ၁၄ ရက်ဝင်ရန် လမ်းညွှန်ထားသည်။

ကျန်းမာရေးဌာနအကြီးအကဲတို့၏ ပြောကြားချက်အရအဆိုပါအမျိုးသမီးသည် မြန်မာနိုင်ငံဘက်တွင်တစ်လခန့် နေထိုင်ခဲ့ပြီးနောက် ဗန်ကားတစ်စင်းဖြင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီးနောက်တွင် ဖျားခြင်း၊ ဝမ်းသွားခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အနံ့ပျောက်ခြင်းတို့ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် ရောဂါလက္ခဏာများပေါ်ပေါက်လာခဲ့သည်ဟုဆိုသည်။

ထို့နောက် Nakornpingဆေးရုံတွင် ပြသရာ COVID-19 ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

ပြည်သူ့ကျန်းမာရေးအကြီးအကဲတို့ကသုံးသပ်သည်မှာသူမသည် မြန်မာနိုင်ငံတွင် နေထိုင်စဉ်ကာလအတွင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်းသုံးသပ်ထားသည်။

ထို့အပြင် ချင်းရိုင် ပြည်သူ့ကျန်းမာရေးအကြီးအကဲဒေါက်တာသိုဆာသက် ဘွန်သောင်ကပြောသည်မှာ ပြီးခဲ့သည့် ကြာသပတေးနေ့ညကလည်းတာချီလိတ်မြို့တွင်ပင် အလုပ်သွားရောက်လုပ်ကိုင်နေသောအသက် ၂၃ နှစ်နှင့် ၂၆ နှစ်အရွယ်ရှိသည့် မိန်းကလေး ၂ ဦးသည် ညအမှောင်ရိပ်ကိုအကာအကွယ်ယူပြီးတာချီလိတ်မှ မယ်ဆိုင်ဘက်သို့ တရားမဝင် ပြန်လည်ဝင်ရောက်လာခဲ့ကြကြောင်း၊ ထိုမိန်းကလေး ၂ ဦးသည် နိုဝင်ဘာ ၂၃ ရက်ကတာချီလိတ်မှ ပြန်လာသည့် မိန်းကလေးနှင့် သူငယ်ချင်းများဖြစ်ကြပြီးတာချီလိတ်ရှိဖျော်ဖြေရေးလုပ်ငန်းတစ်ခုတည်းတွင် အတူတကွ လုပ်ကိုင်ကြသူများဖြစ်ကြောင်းပြောကြားသည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။

“နယ်စပ်ကို ဖြတ်ပြီးအလုပ်သွားလုပ်ကြတဲ့ ထိုင်းလူမျိုးများစွာဟာဗိုင်းရပ်စ်တွေကူးနေမကောင်းဖြစ်ပြီးတော့ ထိုင်းဘက်ကိုဆေးကုဖို့ ပြန်လာကြပါတယ်” ဟုချင်းရိုင် အုပ်ချုပ်ရေးမှူးကပြောသည်။

အထက်ပါ မိန်းကလေး ၃ ဦးလုံးသည် တာချီလိတ်တွင် ပြီးခဲ့သည့်လကတည်းကသွားရောက်အလုပ်လုပ်ကိုင်နေခဲ့ကြခြင်းဖြစ်သည်။ ယင်းနောက် မြန်မာနိုင်ငံဘက်တွင် ညဉ့်သန်းခေါင်အချိန်မှ နံနက် ၄ နာရီအထိညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီးနောက် ထိုင်းသို့ပြန်ကြရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၃ ရက်က ပြန်လာခဲ့သည့် မိန်းကလေးနှင့် မတူသည့်အချက်မှာဒုတိယမြောက် ပြန်လာခဲ့သည့် မိန်းကလေး ၂ ဦးသည် မည်သည့်နေရာမျှ သွားလာလည်ပတ်ခြင်းမရှိခဲ့ဘဲဟိုတယ်တစ်ခုတွင် နေထိုင်ကာအစားအသောက်များကိုဖုန်းappများမှတဆင့် မှာယူစားသောက်နေကြခြင်းဖြစ်ကြောင်းဒေါက်တာသိုဆာသက်ကပြောသည်။

မြန်မာနိုင်ငံတွင် ယခုနှစ် သြဂုတ်လအတွင်းမှ စတင်ကာကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်ခဲ့သည်။

ထိုင်းနိုင်ငံတွင် ယခုအခါ နေ့စဉ်နေ့တိုင်းရောဂါကူးစက်ခံရသူအနည်းငယ်ရှိလာနေသည်။ ရောဂါကူးစက်ခံရကြောင်းတွေ့ရှိသူအများစုမှာ ပြည်ပမှ ပြန်လာသူများ ဖြစ်ကြသည်။

ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာရန် ခွင့်ပြုခြင်းခံရသူအားလုံးသည် ရက်သတ္တ ၂ ပတ် ကွာရန်တင်းဝင်ရမည်ဖြစ်ပြီးစစ်ဘက်မှ ပုဂ္ဂိုလ်များနှင့် နိုင်ငံခြားအရာရှိအကြီးအကဲများကိုမူ ချွင်းချက်ပေးထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chiang Mai panics after woman evades quarantine, spreads COVID-19 (Coconuts, Bangkok Post)

[Zawgyi]

ျမန္မာႏိုင္ငံတာခ်ီလိတ္ျမိဳ႕ရွိေဖ်ာ္ေျဖေရးလုပ္ငန္းတြင္ အလုပ္လုပ္ကိုင္ၾကသည့္ ထိုင္းမိန္းကေလးမ်ားထိုင္းသို႔ တရားမဝင္ ျပန္လည္ဝင္ေရာက္မႈမ်ားေၾကာင့္ COVID-19ပ်ံ႕ႏွံ႔မႈမ်ား ျဖစ္ေပၚလာျပီးေနာက္ ခ်င္းမိုင္တြင္ တုန္လႈပ္မႈမ်ားျဖစ္ေပၚ

ထိုင္းႏိုင္ငံသုိ႔ ျမန္မာႏိုင္ငံဘက္မွ တရားမဝင္ ဝင္ေရာက္လာခဲ့ေသာအသက္ ၂၉ ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးသည္ မိမိဘာသာသီးျခားေနထိုင္ျခင္း (self-quarantine) မဝင္ေသာေၾကာင့္ COVID-19 ကူးစက္ခံရသူအမ်ားအျပားရွိလာရာခ်င္းမိုင္ျမိဳ႕ရွိအခ်ဳိ႕ေသာေနရာမ်ားကိုသြားေရာက္ခဲ့သူမ်ားအေနျဖင့္ ၁၄ ရက္ ကြာရန္တင္းဝင္ရန္ ထိုင္းက်န္းမာေရးဌာနကအၾကံျပဳထားသည္။

အဆုိပါ အမ်ဳိးသမီးႏွင့္ ထိေတြ႔ခဲ့သူအနည္းဆံုး ၂ ဦးသည္ ကိုရိုနာဗိုင္းရပ္စ္ ေပါ့စတစ္ စစ္ေဆးေတြ႔ရွိခဲ့ျပီးခန္႔မွန္းေခ်အားျဖင့္ လူ ၃၀၀ ခန္႔မွာကူးစက္ခံရႏိုင္သည့္ အႏၱရာယ္ရွိေနသည္ဟုယူဆရသည္။

အမည္မသိရေသာထိုင္းအမ်ဳိးသမီးသည္ ျမန္မာႏိုင္ငံတာခ်ီလိတ္ျမိဳ႕မွ ဗန္ကားတစ္စီးျဖင့္ ႏိုဝင္ဘာ ၂၃ ရက္တြင္ ထုိင္းႏိုင္ငံ၊ ခ်င္းရိုင္ျပည္နယ္သို႔ တရားမဝင္ ျပန္လည္ဝင္ေရာက္လာခဲ့ျခင္းျဖစ္သည္။

သူသည္ ရက္သတၱ ၂ ပတ္ မျဖစ္မေနကြာရန္တင္းဝင္ရမည္ကိုေရွာင္လႊဲခဲ့ျပီးခ်င္းမိုင္ျမိဳ႕သို႔ ဆက္လက္ခရီးသြားခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ထိုင္းအမ်ဳိးသမီးသည္ ထိုင္းႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လာမႈကိုအာဏာပိုင္မ်ားအားသတင္းမေပးသည့္အျပင္ ကြာရန္တင္းဝင္ရမည္ကိုလည္းေရွာင္လႊဲခဲ့ျခင္းေၾကာင့္ ၎ထံမွတဆင့္ လူေပါင္းမ်ားစြာထံေရာဂါပိုး ျဖန္႔သူတစ္ဦးျဖစ္လာႏိုင္ေၾကာင္းရတက္မေအးျဖစ္မႈမ်ား ျမင့္တက္ေနသည္။

ခ်င္းရိုင္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ပရာဂၽြန္ ပရက္ဆာကူလ္ကအတည္ျပဳေျပာၾကားသည္မွာအဆိုပါ အမ်ဳိးသမီးထံမွ ေရာဂါကူးစက္ခံရသူ ၂ ဦးသည္ ခ်င္းရိုင္ ပရာခ်ာႏုခရို႕ေဆးရံု (Chiang RaiPrachanukroh Hospital) တြင္ ေဆးကုသမႈ ခံယူေနရေၾကာင္းေျပာၾကားသည္။

ျပည္သူ႔က်န္းမာေရးဌာနအၾကီးအကဲတို႔ကအတည္ျပဳေျပာၾကားသည္မွာယင္းအမ်ဳိးသမီးသည္ ျပီးခဲ့ေသာရက္သတၱပတ္အတြင္းခ်င္းမိုင္ျမိဳ႕ရွိေနရာအႏွံ႔အျပားသို႔ လည္ပတ္သြားလာခဲ့ေၾကာင္းေျပာၾကားသည္။

သူမသြားေရာက္လည္ပတ္ခဲ့သည့္ေနရာမ်ားတြင္ လူသိမ်ားသည့္ နာမည္ေက်ာ္ေနရာမ်ားျဖစ္ေသာCentralFestival Chiang Maiေစ်းဝယ္စင္တာ၊ Major Cineplex Chiang Maiရုပ္ရွင္ရံု၊ ကာရာအိုေကႏွင့္ အရက္ဘားျဖစ္ေသာKingswayတို႔လည္းအပါအဝင္ ျဖစ္သည္။

သူမသည္ Kingswayသို႔ အဂၤါေန႔ညတြင္ သြားေရာက္ခဲ့ျပီးMajor Cineplexသို႔ ဗုဒၶဟူးေန႔ မြန္းလြဲပိုင္းကသြားေရာက္ခဲ့သည္။

CentralFestival Chiang Maiေစ်းဝယ္စင္တာကိုသန္႔ရွင္းေရးျပဳလုပ္ရန္ႏွင့္ ပိုးသတ္ရန္အတြက္ စေနေန႔တြင္ ပိတ္ပင္ထားလိုက္သည္။

ေစ်းဝယ္စင္တာကိုလည္ပတ္သည့္ကုမၸဏီCentral Pattana က ထုတ္ျပန္ရာတြင္ ယင္းအမ်ဳိးသမီးသည္ ျပီးခဲ့ေသာဗုဒၶဟူးေန႔ကညေန ၄ နာရီမွ စတင္ကာေစ်းဝယ္စင္တာတြင္ အခ်ိန္ ၄ နာရီနီးပါးရွိေနခဲ့ရာထိုအမ်ဳိးသမီးႏွင့္ ထိေတြ႔ခဲ့သည့္ ဝန္ထမ္းမ်ားအေနျဖင့္ ကြာရန္တင္း ၁၄ ရက္ဝင္ရန္ လမ္းညႊန္ထားသည္။

က်န္းမာေရးဌာနအၾကီးအကဲတို႔၏ ေျပာၾကားခ်က္အရအဆိုပါအမ်ဳိးသမီးသည္ ျမန္မာႏိုင္ငံဘက္တြင္တစ္လခန္႔ ေနထိုင္ခဲ့ျပီးေနာက္ ဗန္ကားတစ္စင္းျဖင့္ ထိုင္းႏိုင္ငံဘက္သို႔ ျပန္လည္ဝင္ေရာက္လာခဲ့ျပီးေနာက္တြင္ ဖ်ားျခင္း၊ ဝမ္းသြားျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ အနံ႔ေပ်ာက္ျခင္းတို႔ အပါအဝင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္ ေရာဂါလကၡဏာမ်ားေပၚေပါက္လာခဲ့သည္ဟုဆိုသည္။

ထို႔ေနာက္ Nakornpingေဆးရံုတြင္ ျပသရာ COVID-19 ေပါ့စတစ္ စစ္ေဆးေတြ႔ရွိခဲ့ျခင္းလည္း ျဖစ္သည္။

ျပည္သူ႔က်န္းမာေရးအၾကီးအကဲတို႔ကသံုးသပ္သည္မွာသူမသည္ ျမန္မာႏိုင္ငံတြင္ ေနထိုင္စဥ္ကာလအတြင္းကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရျခင္းျဖစ္ေၾကာင္းသံုးသပ္ထားသည္။

ထို႔အျပင္ ခ်င္းရိုင္ ျပည္သူ႔က်န္းမာေရးအၾကီးအကဲေဒါက္တာသိုဆာသက္ ဘြန္ေသာင္ကေျပာသည္မွာ ျပီးခဲ့သည့္ ၾကာသပေတးေန႔ညကလည္းတာခ်ီလိတ္ျမိဳ႕တြင္ပင္ အလုပ္သြားေရာက္လုပ္ကိုင္ေနေသာအသက္ ၂၃ ႏွစ္ႏွင့္ ၂၆ ႏွစ္အရြယ္ရွိသည့္ မိန္းကေလး ၂ ဦးသည္ ညအေမွာင္ရိပ္ကိုအကာအကြယ္ယူျပီးတာခ်ီလိတ္မွ မယ္ဆိုင္ဘက္သို႔ တရားမဝင္ ျပန္လည္ဝင္ေရာက္လာခဲ့ၾကေၾကာင္း၊ ထိုမိန္းကေလး ၂ ဦးသည္ ႏိုဝင္ဘာ ၂၃ ရက္ကတာခ်ီလိတ္မွ ျပန္လာသည့္ မိန္းကေလးႏွင့္ သူငယ္ခ်င္းမ်ားျဖစ္ၾကျပီးတာခ်ီလိတ္ရွိေဖ်ာ္ေျဖေရးလုပ္ငန္းတစ္ခုတည္းတြင္ အတူတကြ လုပ္ကိုင္ၾကသူမ်ားျဖစ္ေၾကာင္းေျပာၾကားသည္ဟု Bangkok Post သတင္းတြင္ ေဖာ္ျပသည္။

“နယ္စပ္ကို ျဖတ္ျပီးအလုပ္သြားလုပ္ၾကတဲ့ ထိုင္းလူမ်ဳိးမ်ားစြာဟာဗိုင္းရပ္စ္ေတြကူးေနမေကာင္းျဖစ္ျပီးေတာ့ ထိုင္းဘက္ကိုေဆးကုဖို႔ ျပန္လာၾကပါတယ္” ဟုခ်င္းရိုင္ အုပ္ခ်ဳပ္ေရးမွဴးကေျပာသည္။

အထက္ပါ မိန္းကေလး ၃ ဦးလံုးသည္ တာခ်ီလိတ္တြင္ ျပီးခဲ့သည့္လကတည္းကသြားေရာက္အလုပ္လုပ္ကိုင္ေနခဲ့ၾကျခင္းျဖစ္သည္။ ယင္းေနာက္ ျမန္မာႏိုင္ငံဘက္တြင္ ညဥ့္သန္းေခါင္အခ်ိန္မွ နံနက္ ၄ နာရီအထိညမထြက္ရအမိန္႔ ထုတ္ျပန္လိုက္ျပီးေနာက္ ထိုင္းသို႔ျပန္ၾကရန္ ဆံုးျဖတ္လိုက္ၾကျခင္းျဖစ္သည္။

ႏိုဝင္ဘာ ၂၃ ရက္က ျပန္လာခဲ့သည့္ မိန္းကေလးႏွင့္ မတူသည့္အခ်က္မွာဒုတိယေျမာက္ ျပန္လာခဲ့သည့္ မိန္းကေလး ၂ ဦးသည္ မည္သည့္ေနရာမွ် သြားလာလည္ပတ္ျခင္းမရွိခဲ့ဘဲဟိုတယ္တစ္ခုတြင္ ေနထိုင္ကာအစားအေသာက္မ်ားကိုဖုန္းappမ်ားမွတဆင့္ မွာယူစားေသာက္ေနၾကျခင္းျဖစ္ေၾကာင္းေဒါက္တာသိုဆာသက္ကေျပာသည္။

ျမန္မာႏိုင္ငံတြင္ ယခုႏွစ္ ၾသဂုတ္လအတြင္းမွ စတင္ကာကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈျမင့္တက္ခဲ့သည္။

ထိုင္းႏိုင္ငံတြင္ ယခုအခါ ေန႔စဥ္ေန႔တိုင္းေရာဂါကူးစက္ခံရသူအနည္းငယ္ရွိလာေနသည္။ ေရာဂါကူးစက္ခံရေၾကာင္းေတြ႔ရွိသူအမ်ားစုမွာ ျပည္ပမွ ျပန္လာသူမ်ား ျဖစ္ၾကသည္။

ထိုင္းႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လာရန္ ခြင့္ျပဳျခင္းခံရသူအားလံုးသည္ ရက္သတၱ ၂ ပတ္ ကြာရန္တင္းဝင္ရမည္ျဖစ္ျပီးစစ္ဘက္မွ ပုဂၢိဳလ္မ်ားႏွင့္ ႏိုင္ငံျခားအရာရွိအၾကီးအကဲမ်ားကိုမူ ခၽြင္းခ်က္ေပးထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chiang Mai panics after woman evades quarantine, spreads COVID-19 (Coconuts, Bangkok Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service