ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် သြစတေးလျက Covid-19 ပျံ့ပွားမှုဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် အဆိုတင်လျှင် နိုင်ငံပေါင်း ၆၂ နိုင်ငံ ထောက်ခံမည်၊ တရုတ်က သြစတေးလျကို စီးပွားရေးအရ အရေးယူမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်
ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် သြစတေးလျက Covid-19 ပျံ့ပွားမှုဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် အဆိုတင်လျှင် နိုင်ငံပေါင်း ၆၂ နိုင်ငံ ထောက်ခံမည်၊ တရုတ်က သြစတေးလျကို စီးပွားရေးအရ အရေးယူမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက် - Property News in Myanmar from iMyanmarHouse.com
18 May 2020 1:57 pm တွင် တင်ခဲ့သည်
1276 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် Covid-19 ပျံ့ပွားမှုဇာစ်မြစ်ကို လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ရန် သြစတေးလျက အဆိုတင်သွင်းရန် စီစဉ်ထားရာ နိုင်ငံပေါင်း ၆၂ နိုင်ငံ ထောက်ခံမည်ဟု ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုအရေးတွင် ကမ္ဘာ့နိုင်ငံများ၏ ကိုင်တွယ်ဆောင်ရွက်ပုံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ ဆောင်ရွက်ခဲ့ပုံတို့ကို စုံစမ်းစစ်ဆေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။
အဆိုပါတောင်းဆိုချက်ကို ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံလုံးအပြင် နယူးဇီလန်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဗြိတိန်၊ အိန္ဒိယ၊ ကနေဒါ၊ ရုရှား၊ မက္ကဆီကိုနှင့် ဘရာဇီးနိုင်ငံတို့ကလည်း ထောက်ခံထားပြီး ကမ္ဘာ့ကျန်းမာရေးညီလာခံ (World Health Assembly) တွင် အင်္ဂ ါနေ့ ၌ မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ အဖွဲ့ဝင် ၁၉၄ နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများ တက်ရောက်လေ့ရှိပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပလေ့ရှိသည်။
ယခုနှစ် ညီလာခံကိုမူ အွန်လိုင်းမှတဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး သြစတေးလျကျန်းမာရေးဝန်ကြီး Greg Hunt က ပါဝင်ဆွေးနွေးသွားမည် ဖြစ်သည်။
သြစတေးလျ၏ လှုပ်ရှားမှုတွင်မူ တရုတ်နိုင်ငံ (သို့မဟုတ်) ရောဂါပျံ့ပွားမှု စတင်ခဲ့သည်ဟု ယုံကြည်ရသော ဝူဟန်မြို့တို့ကို အထူးပြုဖော်ပြထားခြင်းမရှိဘဲ ဗိုင်းရပ်စ်အစပျိုးရာနှင့် ကမ္ဘာ့နိုင်ငံတို့၏ ကိုင်တွယ်ဆောင်ရွက်ပုံ၊ WHO ၏ covid-19 ကာလတစ်လျှောက် လုပ်ဆောင်ခဲ့ပုံများကို သုံးသပ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
သြစတေးလျ၏ အင်အားကြီးမဟာမိတ်ဖြစ်သော အမေရိကန်က ယခုတင်သွင်းမှုတွင် ပူးတွဲပါဝင်ခြင်းမရှိသော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုကမူ သြစတေးလျ၏ ဆောင်ရွက်မှုများကို ထောက်ခံအားပေးရန် နိုင်ငံအားလုံးကို တိုက်တွန်းထားသည်။
ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ချိန်တွင် ရောဂါ၏ ပြင်းထန်မှု အခြေအနေကို တရုတ်နိုင်ငံက ဖုံးကွယ်ခဲ့သည်ဟူသော စွပ်စွဲချက်များရှိပြီး ကမ္ဘာ့နိုင်ငံများကို ရက်သတ္တပတ်များစွာ ကြိုတင်ကာကွယ်မှု မရနိုင်စေရန် ဖြစ်စေခဲ့သည်ဟု စွပ်စွဲကြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေမှုကို ဇန်နဝါရီလ ၇ ရက်ကတည်းက သိရှိခဲ့သော်လည်း စတင်ပျံ့ပွားရာ ဟူပေ့ပြည်နယ်ကို ဇန်နဝါရီလ ၂၃ ရက်မှ lockdown ချမှု ပြုလုပ်ခဲ့ရာ အဆိုပါဒေသမှ လူပေါင်း ငါးသန်းခန့်မှာ တရုတ်ပြည်တစ်လွှားနှင့် ကမ္ဘာအနှံ့အပြားသို့ ထွက်ခွာသွားကြပြီး ဖြစ်သည်။
တရုတ်နိုင်ငံက ပြောကြားရာတွင် ပြည်တွင်းတွင် ၎င်းတို့ကိုယ်တိုင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ထိုမျှဖြင့်ပင် လုံလောက်ကြောင်း ပြောကြားထားသည်။
သြစတေးလျ၏ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်းပြီး တရုတ်နိုင်ငံက အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု သံတမန်များမှတဆင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ရာ သြစတေးလျ၏ ဝိုင်နှင့် အမဲသားတို့ကို ကုန်သွယ်မှု ဖြတ်တောက်မည်ဟု ဆိုထားသည်။
ပြီးခဲ့သော ရက်သတ္တပတ်အတွင်း သြစတေးလျသားသတ်ရုံ ၄ ခုမှ အသားများကို တရုတ်နိုင်ငံက တင်သွင်းခွင့် ပိတ်ပင်ခဲ့ပြီး ဖြစ်သည်။
ထို့အပြင် သြစတေးလျ၏ ဘာလီပို့ကုန်များအပေါ် ၈၀ ရာခိုင်နှုန်း အခွန်စည်းကြပ်သွားရန်လည်း အင်္ဂ ါနေ့တွင် ဆုံးဖြတ်ရန် စီစဉ်ထားသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Coalition of 62 countries backs Scott Morrison's call for an independent inquiry into the COVID-19 pandemic - after China threatened to destroy Australia's economy in retribution for the probe push (Daily Mail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Royal Theikdi Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service