ဗြိတိန်သို့ တရုတ်၊ အီတလီနှင့် အမေရိကန်တို့မှ ခရီးသွားများအပါအဝင် တစ်ရက်လျှင် လေကြောင်းလိုင်းမှ ဝင်ရောက်လာသူပေါင်း ၁၅၀၀၀ ခန့် ဗိုင်းရပ်စ်စစ်ဆေးမှု မခံယူရဘဲ ဝင်ရောက်နေဆဲဖြစ်

ဗြိတိန်သို့ တရုတ်၊ အီတလီနှင့် အမေရိကန်တို့မှ ခရီးသွားများအပါအဝင် တစ်ရက်လျှင် လေကြောင်းလိုင်းမှ ဝင်ရောက်လာသူပေါင်း ၁၅၀၀၀ ခန့် ဗိုင်းရပ်စ်စစ်ဆေးမှု မခံယူရဘဲ ဝင်ရောက်နေဆဲဖြစ် - Property News in Myanmar from iMyanmarHouse.com
20 Apr 2020 12:03 pm တွင် တင်ခဲ့သည်
1059 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်သို့ တစ်ရက်လျှင် လူပေါင်းအနည်းဆုံး ၁၅၀၀၀ ခန့်သည် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမခံရဘဲ လာရောက်နေကြဆဲဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးက ဝန်ခံလိုက်သည်။

ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock က ပြောကြားရာတွင် တစ်ပတ်လျှင် ခရီးသည်ပေါင်း ၁၀၅၀၀၀ ခန့် ဗြိတိန်သို့ ဝင်ရောက်လာနေဆဲဖြစ်ကြောင်း၊ တရုတ်၊ အီတလီနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ခရီးသည်များပါဝင်ပြီး အဆိုပါနိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ် ဆိုးရွားစွာပျံ့နှံ့နေသည့်နိုင်ငံများဖြစ်ကြောင်း ပြောကြားသည်။

ဗြိတိသျှအစိုးရက ဗြိတိန်ရှိလေဆိပ်များသို့ ရောက်ရှိလာသူများကို ကျန်းမာရေးစစ်ဆေးခြင်း (သို့မဟုတ်) သတ်မှတ်ကာလဖြင့် quarantine ထားရှိခြင်းများလုပ်ဆောင်ခြင်းမရှိချေ။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုတွင်ဆိုလျှင် ဥရောပမှလာရောက်သည့်ခရီးသည်များအားလုံးကို အမေရိကန်သို့ ဝင်ရောက်ခွင့်ပိတ်ပင်ထားရာ ဗြိတိန်မှ ခရီးသည်များလည်း ပါဝင်သည်။

နယူးဇီလန်ကဲ့သို့သော အခြားနိုင်ငံများတွင် နိုင်ငံအတွင်း ဝင်ရောက်လာသူများကို ၁၄ ရက် quarantine ထားရှိခြင်း ပြုလုပ်သည်။

ဗြိတိန်အစိုးရက ပြောကြားရာတွင်မူ ခရီးသည်များ ရောက်ရှိလာချိန်တွင် စစ်ဆေးခြင်းမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုရပ်တန့်စေရန် အနည်းငယ်မျှသာ အကျိုးရှိမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ဗြိတိန်တွင် ပျံ့နှံ့နေမှုအတိုင်းအတာမှာ အလွန်ကြီးမားသောကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

ဗြိတိန်၏ ထိပ်တန်းရုပ်သံလိုင်းဖြစ်သော ITV မှ ထုတ်လွှင့်သည့် Good Morning Britain ရုပ်သံအစီအစဉ်တွင် Matt Hancock က ပြောကြားခဲ့ရာ၌ “ကျွန်တော်တို့ဟာ လေဆိပ်မှာ စမ်းသပ်စစ်ဆေးတာတွေ မလုပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝင်ရောက်လာသူပမာဏ ကြီးကြီးမားမားကျဆင်းသွားလို့ ဖြစ်ပါတယ်။ ခရီးသွားလာမှုဖွင့်ထားလို့ ကပ်ရောဂါကြောင့်ဖြစ်ပေါ်မယ့်ထိခိုက်မှုက အလွန်သေးငယ် ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီမှာက ကူးစက်မှုအလွန်ကြီးမားစွာ ပေါ်ပေါက်နေပြီး ဖြစ်လို့ပါပဲ” ဟု ပြောကြားခဲ့သည်။

ယခုရက်သတ္တပတ်အတွင်း ဟိသရိုးလေဆိပ်တွင် ဒုတိယမြောက်အလုပ်သမားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးခဲ့ရာ ရောဂါကူးစက်နိုင်သည့်ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေရသည့် အလုပ်သမားများကို အကာအကွယ်ဝတ်စုံများပေးရန် တောင်းဆိုမှုများရှိလာသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ပြောကြားရာတွင် ဗြိတိန်၌ လက်ရှိချမှတ်ထားသည့် တင်းကျပ်မှုများသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ရပ်ဆိုင်းစေရန် ကူညီနိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဗြိတိန်တွင် lockdown ကာလတင်းကြပ်မှုများကို နောက်ထပ် ရက်သတ္တ ၃ ပတ်အနည်းဆုံး ဆက်လက်ထားရှိဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: OPEN BORDERS Flights still bringing 15,000 people a DAY into UK without virus testing including travellers from China, Italy & the US (The Sun)

[Zawgyi]

ျဗိတိန္သို႔ တရုတ္၊ အီတလီႏွင့္ အေမရိကန္တို႔မွ ခရီးသြားမ်ားအပါအဝင္ တစ္ရက္လွ်င္ ေလေၾကာင္းလိုင္းမွ ဝင္ေရာက္လာသူေပါင္း ၁၅၀၀၀ ခန္႔ ဗိုင္းရပ္စ္စစ္ေဆးမႈ မခံယူရဘဲ ဝင္ေရာက္ေနဆဲျဖစ္

ျဗိတိန္သို႔ တစ္ရက္လွ်င္ လူေပါင္းအနည္းဆံုး ၁၅၀၀၀ ခန္႔သည္ ကိုရိုနာဗိုင္းရပ္စ္စစ္ေဆးမခံရဘဲ လာေရာက္ေနၾကဆဲျဖစ္ေၾကာင္း ျဗိတိန္က်န္းမာေရးဝန္ၾကီးက ဝန္ခံလိုက္သည္။

ျဗိတိန္က်န္းမာေရးဝန္ၾကီး Matt Hancock က ေျပာၾကားရာတြင္ တစ္ပတ္လွ်င္ ခရီးသည္ေပါင္း ၁၀၅၀၀၀ ခန္႔ ျဗိတိန္သို႔ ဝင္ေရာက္လာေနဆဲျဖစ္ေၾကာင္း၊ တရုတ္၊ အီတလီႏွင့္ အေမရိကန္ျပည္ေထာင္စုတုိ႔မွ ခရီးသည္မ်ားပါဝင္ျပီး အဆိုပါႏိုင္ငံမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ဆိုးရြားစြာပ်ံ ႔ႏွံ႔ေနသည့္ႏိုင္ငံမ်ားျဖစ္ေၾကာင္း ေျပာၾကားသည္။

ျဗိတိသွ်အစိုးရက ျဗိတိန္ရွိေလဆိပ္မ်ားသို႔ ေရာက္ရွိလာသူမ်ားကို က်န္းမာေရးစစ္ေဆးျခင္း (သို႔မဟုတ္) သတ္မွတ္ကာလျဖင့္ quarantine ထားရွိျခင္းမ်ားလုပ္ေဆာင္ျခင္းမရွိေခ်။

ႏႈိင္းယွဥ္ၾကည့္မည္ဆိုလွ်င္ အေမရိကန္ျပည္ေထာင္စုတြင္ဆိုလွ်င္ ဥေရာပမွလာေရာက္သည့္ခရီးသည္မ်ားအားလံုးကို အေမရိကန္သို႔ ဝင္ေရာက္ခြင့္ပိတ္ပင္ထားရာ ျဗိတိန္မွ ခရီးသည္မ်ားလည္း ပါဝင္သည္။

နယူးဇီလန္ကဲ့သို႔ေသာ အျခားႏိုင္ငံမ်ားတြင္ ႏိုင္ငံအတြင္း ဝင္ေရာက္လာသူမ်ားကို ၁၄ ရက္ quarantine ထားရွိျခင္း ျပဳလုပ္သည္။

ျဗိတိန္အစိုးရက ေျပာၾကားရာတြင္မူ ခရီးသည္မ်ား ေရာက္ရွိလာခ်ိန္တြင္ စစ္ေဆးျခင္းမွာ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈရပ္တန္႔ေစရန္ အနည္းငယ္မွ်သာ အက်ဳိးရွိမည္ျဖစ္ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ ျဗိတိန္တြင္ ပ်ံ ႔ႏွံ႔ေနမႈအတိုင္းအတာမွာ အလြန္ၾကီးမားေသာေၾကာင့္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

ျဗိတိန္၏ ထိပ္တန္းရုပ္သံလိုင္းျဖစ္ေသာ ITV မွ ထုတ္လႊင့္သည့္ Good Morning Britain ရုပ္သံအစီအစဥ္တြင္ Matt Hancock က ေျပာၾကားခဲ့ရာ၌ “ကၽြန္ေတာ္တို႔ဟာ ေလဆိပ္မွာ စမ္းသပ္စစ္ေဆးတာေတြ မလုပ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဝင္ေရာက္လာသူပမာဏ ၾကီးၾကီးမားမားက်ဆင္းသြားလို႔ ျဖစ္ပါတယ္။ ခရီးသြားလာမႈဖြင့္ထားလို႔ ကပ္ေရာဂါေၾကာင့္ျဖစ္ေပၚမယ့္ထိခိုက္မႈက အလြန္ေသးငယ္ ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဒီမွာက ကူးစက္မႈအလြန္ၾကီးမားစြာ ေပၚေပါက္ေနျပီး ျဖစ္လို႔ပါပဲ” ဟု ေျပာၾကားခဲ့သည္။

ယခုရက္သတၱပတ္အတြင္း ဟိသရိုးေလဆိပ္တြင္ ဒုတိယေျမာက္အလုပ္သမားတစ္ဦး ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ေသဆံုးခဲ့ရာ ေရာဂါကူးစက္ႏိုင္သည့္ေရွ ႔တန္းတြင္ တာဝန္ထမ္းေဆာင္ေနရသည့္ အလုပ္သမားမ်ားကို အကာအကြယ္ဝတ္စံုမ်ားေပးရန္ ေတာင္းဆိုမႈမ်ားရွိလာသည္။

ျဗိတိန္ႏိုင္ငံျခားေရးဝန္ၾကီး Dominic Raab က ေျပာၾကားရာတြင္ ျဗိတိန္၌ လက္ရွိခ်မွတ္ထားသည့္ တင္းက်ပ္မႈမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ႏွံ႔မႈကို ရပ္ဆိုင္းေစရန္ ကူညီႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

ျဗိတိန္တြင္ lockdown ကာလတင္းၾကပ္မႈမ်ားကို ေနာက္ထပ္ ရက္သတၱ ၃ ပတ္အနည္းဆံုး ဆက္လက္ထားရွိဦးမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: OPEN BORDERS Flights still bringing 15,000 people a DAY into UK without virus testing including travellers from China, Italy & the US (The Sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service