ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
UFC တွင် ဖလိုင်းဝိတ်တန်း ချန်ပီယံလောင်းဖြစ်လာရန် နီးစပ်နေသူ Joshua Van သည် မြန်မာနိုင်ငံ၊ ဟားခါးမြို့တွင် မွေးဖွားပြီး အမေရိကန်ပြည် ၊ တက္ကဆပ်ပြည်နယ်၊ Houston မြို့သို့ ၁၂ နှစ်သားအရွယ် ၂၀၁၃ ခုနှစ်တွင် မိသားစုနှင့်အတူ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။
(UFC ပွဲစဉ် ၃၁၆ အကြောင်း))
UFC 316 ကို အမေရိကန်ပြည်၊ နယူးဂျာစီပြည်နယ်၊ နီဝါ့ခ်မြို့၊ Prudential Center တွင် ဇွန်လ ၇ ၇က်က ကျင်းပခဲ့ရာ Joshua Van သည် ၎င်း၏ အထင်ကြီးဖွယ်အစွမ်းကို ပြသနိုင်ခဲ့သည်။
အသက် ၂၃ နှစ်သာရှိသေးသူ Joshua Van ၏ MMA မှတ်တမ်းကို ကြည့်မည်ဆိုလျှင် UFC 317 တွင် Brandon Royval ကိုအနိုင်ရခဲ့သောကြောင့် ၈ ပွဲနိုင်-၁ ပွဲရှုံး မှတ်တမ်းကောင်းရှိသည်။
၎င်း၏ MMA မှတ်တမ်းမှာ 15-2-0 ဖြစ်သည်။
((မိခင်ကြီးအား အိမ်ဝယ်ပေးခြင်း))
Joshua Van သည် UFC 316 အပြီးတွင် မိခင်ကြီးကို အိမ်ဝယ်ပေးခဲ့သည့်သတင်းနောက်ပိုင်း နိုင်ငံတကာ ပရိသတ်များ ပိုမိုများပြားလာခဲ့သည်။
ဇွန်လအစောပိုင်းက လူမှုကွန်ရက်တွင် Joshua Van ၏ ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ကျော်ကြားခဲ့ရာ ဗွီဒီယိုထဲ၌ မိခင်ကြီးအား အိမ်သစ်တစ်လုံး ဝယ်ပေးကာ အောင်ပွဲခံခဲ့ပုံကို တွေ့ရသည်။
(ဓာတ်ပုံ- Ed Mulholland/Zuffa LLC)
Joshua Van သည် မိခင်ကြီးအတွက် ဝယ်ယူပေးထားသောအိမ်တွင် ပန်းများဖြင့် ရပ်နေရင်း မိခင်အား surprise လုပ်ရန် စောင့်နေပုံကို တွေ့ရသည်။
Joshua Van ၏ မိသားစုနှင့် မိတ်ဆွေများသည် ပူဖောင်းများဖြင့် အခမ်းအနားငယ်လေး ပြုလုပ်ခဲ့ပြီး ပူပေါင်းများတွင် Welcome home ဟု ရေးသားဖော်ပြထားသည်။
Joshua Van ၏ မိခင်ကြီးမှာ သား၏ surprise လက်ဆောင်အပေါ် များစွာအံ့အားသင့်ခဲ့ချိန်တွင် ရောင်စုံစက္ကူစများ လေထဲသို့ ဝဲပျံခဲ့ပုံ နှလုံးသားများ ထွေးနွေးဖွယ်မြင်ကွင်းကို တွေ့ရသည်။
ထို့နောက် ရှန်ပိန်ပုလင်းများ ဖောက်ကာ အောင်ပွဲခံခဲ့ကြသည်။
Joshua Van နှင့် မိခင်ကြီးကို ခွက်ချင်းတိုက်လိုက်ချိန်တွင် ဗွီဒီယိုကို အဆုံးသတ်ထားသည်။
((UFC 317 တွင်လည်း အောင်ပွဲခံခဲ့ကာ ချန်ပီယံကို စိန်ခေါ်ခွင့်ရတော့မည်ဖြစ်ပြီး ဆုကြေး ဒေါ်လာ သန်းချီရဖွယ်ရှိ))
UFC 317 တွင် ဖလိုင်းဝိတ်တန်း အဆင့် ၁ ဖိုက်တာ Brandon Royval သည် Manel Kape နှင့် ဇွန် ၂၈ ရက်၌ ထိုးသတ်ရန် စီစဉ်ထားခဲ့သော်လည်း Manel Kape မှာ လေ့ကျင့်ရေးတွင် ခြေထောက်ဒဏ်ရာရသွား သောကြောင့် လူစားထိုးသည့်အနေဖြင့် Joshua Van ကို ဝင်ခိုင်းခဲ့သည်။
Joshua Van မှာ မထင်မှတ်ထားဘဲ ယှဉ်ပြိုင်ရခြင်းဖြစ်သောကြောင့် ပြင်ဆင်ချိန်နည်းသဖြင့် အနိုင်ရမည်ဟု ယူဆသူ နည်းပါးခဲ့သည်။
Brandon Royval သည် တတိယအချီတွင် Joshua Van ၏ ကောင်တာများကြောင့် အထိနာကာ လဲကျသွားခဲ့ရသည်။
ထိုအချိန်တွင် အချိန်စေ့သွားသောကြောင့်သာ အလဲထိုးမခံခဲ့ရခြင်းဖြစ်ပြီး Joshua Van မှာ ဒိုင်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့သဖြင့် ဖလိုင်းဝိတ်တန်း ချန်ပီယံကို စိန်ခေါ်ခွင့်ရတော့မည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 23-year-old prospect buys his mom a house after knockout win at UFC 316