ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်တွင် ယိုယွင်းပျက်စီးနေသော အပန်းဖြေစခန်းတစ်ခု ပါသော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာသည်။ ဈေးကွက်တင်သည့် ကျွန်းပိုင်ရှင်မှာ တရုတ်လူမျိုး လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
ရောင်းချမည့် ကျွန်းမှာ South Molle Island ဖြစ်ပြီး အကျယ်အဝန်း ၂၈ ဟက်တာရှိကာ ကွင်းစလန်ပြည်နယ်၊ Whitsundays ကျွန်းစုတွင် တည်ရှိသည်။
ကွင်းစလန်ပြည်နယ်အစိုးရက ၎င်းတို့ အငှားချထားသည့် ကျွန်းများအနက် စွန့်ပစ်ထားသည့် ကျွန်းများ၏ ပိုင်ဆိုင်မှုကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။
ထိုသို့သော ကျွန်းများတွင် South Molle Island ပါဝင်ခြင်း ရှိ၊ မရှိကိုမူ မသိရချေ။
(South Molle Island ရှိ အပန်းဖြေစခန်းမှာ ယိုယွင်းနေသည့် အခြေအနေရှိသည်ကို ဓာတ်ပုံများတွင် တွေ့ရသည်။ ဓာတ်ပုံ-Allards Across Oz)
(South Molle Island ကို HTL Property အိမ်ခြံမြေကုမ္ပဏီမှ Andrew Jackson, Andrew Jolliffe နှင့် Paul Nyholt တို့က အရောင်းဈေးကွက်တင်ပေးခြင်း ဖြစ်သည်။ ဓာတ်ပုံ- HTL Property)
(သြစတေးလျ အစိုးရက စွန့်ပစ်ထားသော ကျွန်းများကို ပြန်လည်သိမ်းယူမည်ဟု ထုတ်ပြန်ထားရာ တရုတ်လူမျိုး အိမ်ခြံမြေ developer ဘီလျံနာကြီး Benny Wu ၏ ယခုကျွန်းလည်း ပါဝင်သည်။ ဓာတ်ပုံ-iAnna Rogers)
ဤကျွန်းကို China Capital Investment Group က ၂၀၁၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဝယ်ယူပြီး တစ်နှစ်အကြာတွင် Debbie ဆိုင်ကလုန်မုန်တိုင်းကြောင်း အပန်းဖြေစခန်းမှာ ဆိုးရွားစွာ ထိခိုက်ပျက်စီးသွားသည်။
သို့သော် ကျွန်း၏ တစိတ်တဒေသမှာ အမျိုးသားဥယျာဉ်၏ အစိတ်အပိုင်းဖြစ်သောကြောင့် လာရောက် လည်ပတ်သူများအတွက် ဆိပ်ခံတံတားသစ်တစ်ခု ဆောက်လုပ်ပေးထားသည်။ China Capital သည် South Molle ကျွန်းကို ၂၀၂၃ ခုနှစ်အတွင်းကလည်း အရောင်းဈေးကွက် တင်ခဲ့ဖူးသည်။
“ဒီကျွန်းမှာ အရင်တုန်းက Adventure Island Whitsundays အပန်းဖြေစခန်း ဖွင့်ခဲ့ဖူးပါတယ်။ တည်းခိုနိုင်တဲ့ အခန်းပေါင်း ၁၈၈ ခန်းရှိပြီး ရေကူးကန်တွေနဲ့ ဂေါက်ကွင်းတစ်ခု အပါအဝင် premium facilities တွေ ရှိခဲ့ပါတယ်။” ဟု HTL Property ၏ မန်နေးဂျင်းဒါရိုက်တာ Andrew Jolliffe က ပြောသည်။
(Debbie ဆိုင်ကလုန်မုန်တိုင်းဒဏ်သင့်ခဲ့ပြီးနောက်ပိုင်း အပန်းဖြေစခန်းကြီးမှာ စွန့်ပစ်ခံခဲ့ရသည်။ ဓာတ်ပုံ-Allards Across Oz)
(ကွင်းစလန်ပြည်နယ်၊ Whitsundays ကျွန်းစုမှ South Molle ကျွန်းမှာ အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာသည်။)
(Whitsundays ကျွန်းစုရှိ South Molle ကျွန်း။ ဓာတ်ပုံ-Allards Across Oz)
(အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်သူများအတွက် ဆိပ်ခံတံတားတစ်ခု ဆောက်လုပ်ပေးထားသည်။ ဓာတ်ပုံ- Allards Across Oz)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Deserted private island with abandoned resort up for sale Photo Credit- Allards Across Oz, HTL Property, iAnna Rogers