တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား - Property News in Myanmar from iMyanmarHouse.com
30 Jun 2025 10:33 am တွင် တင်ခဲ့သည်
2740 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် “အမျိုးသားမိခင်” ဟု ရည်ညွှန်းခေါ်ဝေါ်နေကြသည့် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့ကို ယွမ် ၅၀ (၇ ဒေါ်လာ) ပေးကာ ၅ မိနစ် အဖက်ခံပြီး စိတ်ဖိစီးမှု ဖြေဖျောက်လာသော မိန်းကလေးများ အလွန်များပြားလာနေသည်။

‘အမျိုးသားမိခင်’ တို့အကြောင်းမှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား trend တစ်ခု ဖြစ်လာနေသည်။

ကိုယ်ကာယ ကြံ့ခိုင်တောင့်တင်းကာ မိန်းကလေးကဲ့သို့ နူးညံ့သိမ်မွေ့ပြီး စိတ်ရှည်သော အမျိုးသားများကို ‘အမျိုးသားမိခင်’ ဟု ရည်ညွှန်းခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

ကျမ်းပြု လုပ်ငန်းစဉ်ကြောင့် စိတ်ဖိစီးနေသည့် ကျောင်းသူတစ်ဦးက လူမှုကွန်ရက်တွင် ရင်ဖွင့်သည်မှာ မိမိလည်း ကြင်နာတတ်ကာ ဗလကောင်းသော အမျိုးသားတစ်ဦး၏ ပွေ့ဖက်ပေးသည့် ဝန်ဆောင်မှု ရယူလိုကြောင်း ပြောသည်။

“ကျွန်မ အထက်တန်းကျောင်းသူဘဝက အဖက်ခံရဖူးပါတယ်။ အဲဒါက ဘေးကင်းလုံခြုံမှုကို ခံစားရစေပါတယ်။” ဟု ၎င်းက ရေးသားဖော်ပြသည်။

(ကျောင်းစာကြောင့် စိတ်ဖိစီးနေရမှုများ ပြေလျော့စေရန်အတွက် ကြင်နာတတ်သော ဗလကောင်းသည့် အမျိုးသားတစ်ဦး၏ ပွေ့ဖက်ပေးသည့် ဝန်ဆောင်မှု ရယူလိုကြောင်း ကျောင်းသူတစ်ဦးက ပြောသည်။ ဓာတ်ပုံ-QQ.com)

သူ၏ လူမှုကွန်ရက်ပို့စ်မှာ ဂယက်ရိုက်ပျံ့နှံ့သွားခဲ့ပြီး မှတ်ချက်ပြုမှုပေါင်း ၁၀၀,၀၀၀ ကျော်အထိ ရှိနေသည်။

တရုတ်ပြည်တလွှား မြို့ကြီးပြကြီးများတွင် နေထိုင်သော မိန်းကလေးများအကြား လူမှုကွန်ရက်တွင် ပွေ့ဖက်ပေးသည့် ဝန်ဆောင်မှုပေးမည့် အမျိုးသားရှာဖွေသော ပို့စ်များ များပြားလာနေသည်။

ထိုသို့ ပွေ့ဖက်ပေးမည့်သူ ရွေးချယ်ရာတွင် အကျင့်စရိုက်၊ စိတ်ရှည်မှု၊ ကိုယ်ကာယ တောင့်တင်းမှု၊ ရုပ်ရည်ချောမောမှုတို့ကို ဦးစားပေးလေ့ရှိပြီး လူချင်းမတွေ့ဆုံမီ အွန်လိုင်းမှ စကားပြောဆိုခြင်းများ ပြုလုပ်ကြသည်။

ပွေ့ဖက်ပေးသည့် ဝန်ဆောင်မှုက်ိုဈေးဝယ်စင်တာ၊ မြေအောက်ဘူတာရုံ အစရှိသည့် အများပြည်သူဆိုင်ရာ နေရာများတွင် လုပ်ဆောင်လေ့ရှိသည်။

ဝန်ဆောင်ခမှာ ယွမ် ၂၀ မှ ၅၀ ကြား (၃ ဒေါ်လာမှ ၇ ဒေါ်လာကြား) ဖြစ်သည်။

မိန်းကလေးတစ်ဦးက ပြောပြသည်မှာ မိမိအနေဖြင့် ၃ နာရီခန့် အချိန်ပိုဆင်းရသောနေ့များတွင် မိမိကို ပွေ့ဖက်ကာ ပခုံးကို ညင်သာစွာ ပွတ်သပ်ပေးမည့် ဝန်ဆောင်မှုပေးသူ အမျိုးသားတစ်ဦး ရှာဖွေလေ့ရှိသည်ဟု ဆိုသည်။

(ဝန်ဆောင်မှုပေးမည့် အမျိုးသားမှာ နူးညံ့သိမ်မွေ့သူဖြစ်ရမည့်အပြင် ကာယဗလကောင်းသူလည်း ဖြစ်ရမည် ဖြစ်သည်။ ဓာတ်ပုံ-QQ.com)

မျိုးရိုးအမည် ချမ်းအမည်ရှိ မိန်းကလေးက ပွေ့ဖက်ပေးမည့် အမျိုးသားအတွက် ကော်ဖီတစ်ခွက်နှင့် စာအုပ်တစ်အုပ် ဝယ်သွားပေးခဲ့ပြီး ပွေ့ဖက်မှု ခံယူအပြီးအတွင် စာမေးပွဲနှင့် မိမိတို့၏ ဝါသနာများအကြောင်း စကားစမြည် ပြောခဲ့သည်။

“ပွေ့ဖက်မှုထက် ပိုပြီး ပျော်ရွှင်မှုရစေတာက သူစိမ်းတစ်ယောက်ဆီက နွေးထွေးမှုပါ” ဟု ၎င်းက ဆိုသည်။

ပွေ့ဖက်သည့် ဝန်ဆောင်မှုပေးသော ကျိုးအမည်ရှိ အမျိုးသားတစ်ဦးက ပြောသည်မှာ မိမိ၏ လုပ်ငန်းမှာ အခြားသူတိို့အတွက် အထောက်အကူဖြစ်စေသည်ဟု ယုံကြည်ကြောင်း၊ များစွာသော client တို့မှာ ရုပ်ရည်အပေါ် စိတ်ဖိစီးမှု (သို့မဟုတ်) လုပ်ငန်းခွင် ဖိအားများရှိနေကြောင်း ပြောပြသည်။

ကျိုးသည် ဧပြီလအတွင်း ပွေ့ဖက်မှု ၃၄ ကြိမ် ဝန်ဆောင်ပေးခဲ့ပြီးဖြစ်ကာ ၁၇၅၈ ယွမ် (ဒေါ်လာ ၂၄၀) ရရှိခဲ့သည်ဟု ဆိုသည်။

ကျိုးက ၎င်း၏ client ကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် မိတ်ကပ်လိမ်းခြင်း၊ ရေမွှေးဆွတ်ခြင်း၊ ဆံပင်ကောင်းစွာ ပုံသွင်းခြင်းတို့ ပြုလုပ်လေ့ရှိသည်။

ယခုဝန်ဆောင်မှုအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား အကြိတ်အနယ် ငြင်းခုံလျက်ရှိပြီး သဘောထားထင်မြင်ချက် အမျိုးမျိုးအဖုံဖုံ ကွဲပြားနေသည်။

(ပွေ့ဖက်သည့် ဝန်ဆောင်မှုပေးသော အမျိုးသားတစ်ဦးက ပြောသည်မှာ ပွေ့ဖက်မှုများအတွက် အခကြေးငွေ ရယူခြင်းမှာ စိတ်ချင်းဝေးကွာစေရန် အထောက်အကူဖြစ်စေကြောင်း ပြောသည်။ ဓာတ်ပုံ-QQ.com)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘Man mums’ in China sell 5-minute hugs for US$7, gain popularity among lonely women Photo Credit-QQ.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service