ဘီလ်ံနာ ေဂ်ာ့ခ်္ ဆိုေရာ့စ္က ကမၻာလံုးဆိုင္ရာ တကၠသိုလ္ၾကီးတစ္ခု ေဆာက္လုပ္ရန္ ကန္ေဒၚလာ ၁ ဘီလီယံ မတည္လွဴဒါန္းမည္

ဘီလ်ံနာ ေဂ်ာ့ခ်္ ဆိုေရာ့စ္က ကမၻာလံုးဆိုင္ရာ တကၠသိုလ္ၾကီးတစ္ခု ေဆာက္လုပ္ရန္ ကန္ေဒၚလာ ၁ ဘီလီယံ မတည္လွဴဒါန္းမည္ - Property News in Myanmar from iMyanmarHouse.com
28 Jan 2020 12:20 pm တွင် တင်ခဲ့သည်
828 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာလံုးဆိုင္ရာ တကၠသိုလ္ၾကီးတစ္ခု ေဆာက္လုပ္ရန္ ကမၻာေက်ာ္ ဘီလ်ံနာၾကီး ေဂ်ာ့ခ်္ ဆိုေရာ့စ္က ကန္ေဒၚလာ ၁ ဘီလီယံ မတည္လွဴဒါန္းမည္ဟု ကတိကဝတ္ျပဳလိုက္သည္။

ယင္းသို႔ တကၠသိုလ္ တည္ေထာင္ရျခင္း၏ ရည္ရြယ္ခ်က္မွာ အာဏာရွင္ အစိုးရမ်ားႏွင့္ ရာသီဥတုေျပာင္းလဲမႈကို တိုက္ဖ်က္ရန္ျဖစ္ေၾကာင္း၊ အဆိုပါစိန္ေခၚမႈ ၂ ရပ္သည္ လူ႔ယဥ္ေက်းမႈၾကီးရွင္သန္ေရးအတြက္ ျခိမ္းေျခာက္ေနသည့္အရာမ်ားျဖစ္သည္ဟု ဆိုေရာ့စ္က ဆိုသည္။

တည္ေထာင္မည့္ ပြင့္လင္း လူ႔အဖြဲ႔အစည္း တကၠသိုလ္ကြန္ရက္သည္ သင္ၾကားေရးႏွင့္ သုေတသန လုပ္ရန္အတြက္ ႏိုင္ငံတကာ ပလက္ေဖာင္းတစ္ခု ျဖစ္လာမည္ျဖစ္ေၾကာင္း ဆြစ္ဇာလန္ႏိုင္ငံ၊ ဒါေဗာ့စ္တြင္က်င္းပသည့္ ကမၻာ့စီးပြားေရးဖိုရမ္တြင္ အသက္ ၈၉ ႏွစ္ရွိျပီျဖစ္ေသာ ဆိုေရာ့စ္က ေျပာၾကားသည္။

ဆိုေရာ့စ္ ေက်ာေထာက္ေနာက္ခံေပးထားသည့္ ဗဟိုဥေရာပ တကၠသိုလ္ႏွင့္ ဘာ့ဒ္ေကာလိပ္တို႔ ပူးေပါင္းကာ ယခုတကၠသိုလ္ၾကီးျဖစ္ေျမာက္ေရးတြင္ ဝိုင္းဝန္းပါဝင္ေပးၾကမည္ ျဖစ္သည္။

“ေရရွည္မဟာဗ်ဴဟာအေနနဲ႔ အရည္အေသြးျမင့္ ပညာေရးမ်ဳိး ရရွိႏိုင္ဖို႔ ေမွ်ာ္မွန္းပါတယ္။ အထူးသျဖင့္ ႏႈိင္းခ်ိန္ေတြးေတာတတ္မႈနဲ႔ ပညာေရးလြတ္လပ္မႈတို႔ကို ေျမေတာင္ေျမွာက္ေပးျခင္းအားျဖင့္ လူတိုင္းရဲ ႔ ကိုယ္ပိုင္လြတ္လပ္မႈကို အားေပးမယ့္ ပညာေရးမ်ဳိးကို ရည္ရြယ္ပါတယ္” ဟု ဆိုေရာ့စ္က ေျပာၾကားသည္။

ဆိုေရာ့စ္က သူ၏ မိန္႔ခြန္းႏွင့္ အေမးအေျဖ ျပဳလုပ္မႈမ်ားအတြင္း အေၾကာင္းရပ္နယ္ပယ္ မ်ားစြာကို ထည့္သြင္းေျပာၾကားခဲ့ရာ အေမရိက၏ ေငြေၾကးအလြန္ေဖာင္းပြေနေသာ စီးပြားေရး ၊ ေဖ့စ္ဘုတ္၏ ၾသဇာလႊမ္းမႈ၊ ရွီက်င့္ဖ်င္/ နာရန္ဒရာ မိုဒီ/ ဂ်ား ေဘာလ္ဆိုနာရို (jair bolsonaro) ႏွင့္ ေဒၚနယ္ထရမ့္တို႔၏ တစ္ဦးတည္းၾသဇာျဖင့္ အုပ္ခ်ဳပ္ေနမႈမ်ားအေၾကာင္း ပါဝင္သည္။

ေဒၚနယ္ထရမ့္ကိုမူ ဆိုေရာ့စ္က လူလိမ္လူညာျဖစ္ေၾကာင္း၊ အတၱသမားတစ္ဦးျဖစ္ေၾကာင္း ေဝဖန္သြားခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္ႏွင့္ လာမည့္ႏွစ္အနည္းငယ္ ကာလသည္ ရွီက်င့္ဖ်င္ႏွင့္ ထရမ့္တို႔ကိုသာမက ကမၻာ့ကံၾကမၼာကိုပါ အဆံုးအျဖတ္ေပးမည့္ ကာလျဖစ္ေၾကာင္း ဆိုေရာ့စ္က ဆက္လက္ေျပာၾကားသည္။

လူမႈကြန္ရက္ကို ထိန္းကြပ္မႈ မေပးႏိုင္သည့္ ေဖ့စ္ဘုတ္ကိုလည္း ဆိုေရာ့စ္က ေဝဖန္ရႈတ္ခ်သြားခဲ့သည္။

“သူတို႔ကို ရပ္တန္႔ေအာင္ လုပ္ႏိုင္မယ့္အရာ မရွိပါဘူး။ ထရမ့္နဲ႔ ေဖ့စ္ဘုတ္ၾကားမွာ တရားဝင္မဟုတ္တဲ့ အျပန္အလွန္ အကူအညီေပးမႈ ရွိေနတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ထရမ့္ျပန္ျပီး ေရြးေကာက္ခံရဖို႔အတြက္ ေဖ့စ္ဘုတ္က ကူညီလိမ့္မွာျဖစ္သလို ထရမ့္ကလည္း ေဖ့စ္ဘုတ္ကို ကာကြယ္ေပးဖို႔ ၾကိဳးစားသြားပါလိမ့္မယ္” ဟု ဆိုေရာ့စ္က ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု ဆောက်လုပ်ရန် ကမ္ဘာကျော် ဘီလျံနာကြီး ဂျော့ချ် ဆိုရော့စ်က ကန်ဒေါ်လာ ၁ ဘီလီယံ မတည်လှူဒါန်းမည်ဟု ကတိကဝတ်ပြုလိုက်သည်။

ယင်းသို့ တက္ကသိုလ် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဏာရှင် အစိုးရများနှင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ဖြစ်ကြောင်း၊ အဆိုပါ စိန်ခေါ်မှု ၂ ရပ်သည် လူ့ယဉ်ကျေးမှုကြီး ရှင်သန်ရေးအတွက် ခြိမ်းခြောက်နေသည့် အရာများဖြစ်သည်ဟု ဆိုရော့စ်က ဆိုသည်။

တည်ထောင်မည့် ပွင့်လင်း လူ့အဖွဲ့အစည်း တက္ကသိုလ်ကွန်ရက်သည် သင်ကြားရေးနှင့် သုတေသန လုပ်ရန်အတွက် နိုင်ငံတကာ ပလက်ဖောင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗော့စ်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် အသက် ၈၉ နှစ်ရှိပြီဖြစ်သော ဆိုရော့စ်က ပြောကြားသည်။

ဆိုရော့စ် ကျောထောက်နောက်ခံပေးထားသည့် ဗဟိုဥရောပ တက္ကသိုလ်နှင့် ဘာ့ဒ်ကောလိပ်တို့ ပူးပေါင်းကာ ယခုတက္ကသိုလ်ကြီးဖြစ်မြောက်ရေးတွင် ဝိုင်းဝန်းပါဝင်ပေးကြမည် ဖြစ်သည်။

“ရေရှည်မဟာဗျူဟာအနေနဲ့ အရည်အသွေးမြင့် ပညာရေးမျိုး ရရှိနိုင်ဖို့ မျှော်မှန်းပါတယ်။ အထူးသဖြင့် နှိုင်းချိန်တွေးတောတတ်မှုနဲ့ ပညာရေးလွတ်လပ်မှုတို့ကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် လူတိုင်းရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကို အားပေးမယ့် ပညာရေးမျိုးကို ရည်ရွယ်ပါတယ်” ဟု ဆိုရော့စ်က ပြောကြားသည်။

ဆိုရော့စ်က သူ၏ မိန့်ခွန်းနှင့် အမေးအဖြေ ပြုလုပ်မှုများအတွင်း အကြောင်းရပ်နယ်ပယ် များစွာကို ထည့်သွင်းပြောကြားခဲ့ရာ အမေရိက ၏ ငွေကြေးအလွန်ဖောင်းပွနေသော စီးပွားရေး ၊ ဖေ့စ်ဘုတ်၏ သြဇာလွှမ်းမှု၊ ရှီကျင့်ဖျင်/ နာရန်ဒရာ မိုဒီ/ ဂျား ဘောလ်ဆိုနာရို (jair bolsonaro) နှင့် ဒေါ်နယ်ထရမ့်တို့၏ တစ်ဦးတည်းသြဇာဖြင့် အုပ်ချုပ်နေမှုများအကြောင်း ပါဝင်သည်။

ဒေါ်နယ်ထရမ့်ကိုမူ ဆိုရော့စ်က လူလိမ်လူညာဖြစ်ကြောင်း၊ အတ္တသမားတစ်ဦးဖြစ်ကြောင်း ဝေဖန်သွားခဲ့သည်။

၂၀၂၀ ပြည့်နှစ်နှင့် လာမည့်နှစ်အနည်းငယ် ကာလသည် ရှီကျင့်ဖျင်နှင့် ထရမ့်တို့ကိုသာမက ကမ္ဘာ့ကံကြမ္မာကိုပါ အဆုံးအဖြတ်ပေးမည့် ကာလဖြစ်ကြောင်း ဆိုရော့စ်က ဆက်လက်ပြောကြားသည်။

လူမှုကွန်ရက်ကို ထိန်းကွပ်မှု မပေးနိုင်သည့် ဖေ့စ်ဘုတ်ကိုလည်း ဆိုရော့စ်က ဝေဖန်ရှုတ်ချသွားခဲ့သည်။

“သူတို့ကို ရပ်တန့်အောင် လုပ်နိုင်မယ့်အရာ မရှိပါဘူး။ ထရမ့်နဲ့ ဖေ့စ်ဘုတ်ကြားမှာ တရားဝင်မဟုတ်တဲ့ အပြန်အလှန် အကူအညီပေးမှု ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ထရမ့်ပြန်ပြီး ရွေးကောက်ခံရဖို့အတွက် ဖေ့စ်ဘုတ်က ကူညီလိမ့်မှာဖြစ်သလို ထရမ့်ကလည်း ဖေ့စ်ဘုတ်ကို ကာကွယ်ပေးဖို့ ကြိုးစားသွားပါလိမ့်မယ်” ဟု ဆိုရော့စ်က ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service