ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ၿခံေျမ ေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com မွ Ms. Grace Aung အား အေထြေထြမန္ေနဂ်ာရာထူးျဖင့္ ခန္႔အပ္ေၾကာင္း သတင္းရရွိ

ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ၿခံေျမ ေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com မွ Ms. Grace Aung အား အေထြေထြမန္ေနဂ်ာရာထူးျဖင့္ ခန္႔အပ္ေၾကာင္း သတင္းရရွိ - Property News in Myanmar from iMyanmarHouse.com
22 Aug 2019 3:26 pm တွင် တင်ခဲ့သည်
1775 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ျမန္မာႏိုင္ငံအတြင္း အိမ္ၿခံေျမေစ်းကြက္ကို နံပါတ္တစ္ေနရာမွ ဦးေဆာင္လွ်က္ရွိေသာ iMyanmarHouse.com သည္ လုပ္ငန္းမ်ားပိုမိုဖြံ႔ၿဖိဳးတိုးတက္လာေစရန္ ရည္ရြယ္ကာ Ms. Grace Aung အား အေထြေထြမန္ေနဂ်ာအျဖစ္ ခန္႔အပ္ခဲ့ေၾကာင္း ကုမၸဏီမွ ယေန႔ ထုတ္ျပန္ေၾကညာလိုက္သည္။

Ms. Grace Aung သည္ ခရီးသြားႏွင့္ ဧည့္လုပ္ငန္းဆိုင္ရာ က႑ႏွစ္ခုတြင္ ေခါင္းေဆာင္မႈႏွင့္ စီမံခန္႔ခြဲမႈဆိုင္ရာ အေတြ႔အၾကံဳမ်ားကို ႏွစ္ေပါင္း (၂၀) ေက်ာ္ ရွိခဲ့သူ ျဖစ္သည္။

iMyanmarHouse.com သို႔ မဝင္ေရာက္မီက Ms. Grace Aung သည္ Aquamarine Ecotourism Development ကုမၸဏီ လီမိတက္တြင္ Chief Operating Officer (COO) အျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္သည္။ ယင္းမတိုင္မီက Flymya.com  တြင္လည္း Chief Operating Officer အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သည္။

Flymya.com သည္ ျမန္မာႏိုင္ငံတြင္ အၾကီးမားဆံုးေသာ အြန္လိုင္း ခရီးသြားလုပ္ငန္းတစ္ခုျဖစ္သည့္အျပင္ အေရွ႕ေတာင္အာရွ၏ အလ်င္ျမန္ဆံုးတိုးတက္ၾကီးထြားလာေနေသာ ကုမၸဏီမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည္။

အဆိုပါကုမၸဏီတြင္ ဝန္ထမ္းေပါင္း (၁၆၀) ေက်ာ္ကို ဦးေဆာင္စီမံခန္႔ခြဲခဲ့သည့္အျပင္ ျမန္မာ၊ ကေမၻာဒီးယား၊ စကၤာပူႏွင့္ တ႐ုတ္ႏိုင္ငံတို႔ရွိ Flymya.com ၏ ဝက္ဘ္ဆိုက္မ်ားအတြက္ မဟာဗ်ဴဟာ၊ လုပ္ငန္းလည္ပတ္မႈ၊ အေရာင္း၊ ေစ်းကြက္ထိုးေဖာက္မႈတို႔ကို ဦးေဆာင္တာဝန္ယူခဲ့သည္။

ယခုကဲ့သို႔ ခန္႔ထားခံရမႈႏွင့္ စပ္လ်ဥ္းျပီး Ms. Grace Aung က ေျပာၾကားရာတြင္ “ Property and the online marketplaces are the two highest growth and most dynamic industries to be involved with in Myanmar. I am very excited to be able to contribute to both here at iMyanmarHouse.com. အိမ္ျခံေျမနဲ႔ အြန္လိုင္းေရာင္းဝယ္ေရးတို႔ဟာ ျမန္မာႏိုင္ငံမွာ ဖြံ႔ျဖိဳးမႈ အျမင့္မားဆံုးနဲ႔ အားအေကာင္းဆံုးလုပ္ငန္းနယ္ပယ္ ႏွစ္ခုျဖစ္ပါတယ္။ iMyanmarHouse.com နဲ႔အတူ ဒီလုပ္ငန္းနယ္ပယ္ ႏွစ္ရပ္လံုးအတြက္ ပါဝင္ကူညီခြင့္ရမယ့္အေပၚ အလြန္စိတ္လႈပ္ရွားမိပါတယ္။

With the portal’s strong leadership and focus on delivering quality and exceptional services to consumers, partners and customers, it is undeniable that we are at the forefront in the market. ဒီ web portal ရဲ႕ ခိုင္မာတဲ့ ဦးေဆာင္မႈနဲ႔ အရည္အေသြးအေပၚ ဂရုထားမႈ၊ ဝက္ဘ္ဆိုက္ဝင္ေရာက္ၾကည့္ရႈသူေတြ၊ မိတ္ဖက္ေတြနဲ႔ လုပ္ငန္းရွင္ေတြအတြက္ ဆန္းသစ္တဲ့ ဝန္ေဆာင္မႈ၊ ဒါေတြကို ၾကည့္မယ္ဆိုရင္ ကၽြန္မတို႔ဟာ ေစ်းကြက္ရဲ႕ ေရွ႕ဆံုးမွာ ရွိေနတယ္ဆိုတာ ျငင္းလို႔ မရပါဘူး။

အိမ္ၿခံေျမေစ်းကြက္ကို ထိပ္ဆံုးကေန ဆက္လက္ၿပီး ဦးေဆာင္ႏိုင္ေစဖို႔ လုုပ္ငန္းေဆာင္တာေတြကို အေသးစိတ္ အစီအစဥ္ေရးဆြဲၿပီး အေကာင္အထည္ေဖာ္ေနပါတယ္။ ဝက္ဘ္ဆိုက္ဝင္ေရာက္ၾကည့္ရႈသူေတြ ပိုမိုမ်ားျပားေစဖို႔၊ မိတ္ဖက္ေတြ၊ လုပ္ငန္းရွင္ေတြနဲ႔ ဆက္ဆံေရး ပိုမိုခိုင္မာေစဖို႔ ႀကိဳးစားသြားပါမယ္။ မ်ားမၾကာမွီ အနာဂတ္မွာ ကၽြန္မတို႔အတြက္ အလြန္ၾကီးမားတဲ့ တိုးတက္မႈေတြရွိေနတယ္လို႔ ကၽြန္မ အခိုင္အမာ ယံုၾကည္မိျပီး ဒါကို စတင္အေကာင္အထည္ေဖာ္ဖို႔ စိတ္လႈပ္ရွားမိပါတယ္” ဟု ေျပာၾကားခဲ့သည္။

iMyanmarHouse.com ၏ တည္ေထာင္သူႏွင့္ မန္ေနးဂ်င္း ဒါရိုက္တာျဖစ္သူ ဦးေနမင္းသူက ေျပာၾကားရာတြင္ “We are excited to have Grace on board as General Manager of iMyanmarHouse.com. She will play an integral role in the continual success of the company. We look forward to the operational experience she will bring to the team of over 100 staff across both offices in Yangon and Mandalay. Grace ကို iMyanmarHouse.com ရဲ႕ General Manager အျဖစ္ ခန္႔အပ္ႏိုင္ခဲ့တဲ့အေပၚ ကၽြန္ေတာ္တို႔ စိတ္လႈပ္ရွားမိပါတယ္။ သူဟာ ကုမၸဏီရဲ႕ ေအာင္ျမင္ေရးအတြက္ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္လႈပ္ရွားမွာ ျဖစ္ပါတယ္။

iMyanmarHouse.com ရံုးခ်ဳပ္နဲ႔ ႐ံုးခြဲေတြက ဝန္ထမ္းေပါင္း ၁၀၀ ေက်ာ္ကို သူ႔ရဲ႕ လုပ္ငန္းလည္ပတ္မႈ အေတြ႔အၾကံဳေတြ ေဆာင္ၾကဥ္းေပးလာႏိုင္မယ္လို႔ ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။

iMyanmarHouse.com ဟာ ျမန္မာႏိုင္ငံမွာ ေစ်းကြက္အသစ္ေတြ၊ လုပ္ငန္းအသစ္ေတြ ဆက္လက္တိုးခ်ဲ႕လာေနတာနဲ႔အမွ် ဂေရ႕စ္ဟာ ဦးေဆာင္ စီမံခန္႔ခြဲေရး၊ လုပ္ငန္းလည္ပတ္မႈေတြအတြက္ ကၽြန္ေတာ္တို႔ကို ကူညီမွာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီထက္ ပိုမိုမ်ားျပားတဲ့ ဝက္ဘ္ဆိုက္ဝင္ေရာက္ၾကည့္ရႈသူေတြ၊ မိတ္ဖက္ေတြနဲ႔ လုပ္ငန္းရွင္ေတြအတြက္ ဆန္းသစ္တဲ့ ေစ်းကြက္ထိုးေဖာက္မႈနဲ႔ ဝန္ေဆာင္မႈေတြကို ေဆာင္ၾကဥ္းေပးလိမ့္မွာ ျဖစ္တယ္လို႔ ယံုၾကည္ပါတယ္” ဟု ေျပာၾကားခဲ့သည္။

ေစ်းကြက္သတင္းအခ်က္အလက္ရင္းျမစ္မ်ားထံမွ အတည္ျပဳျပီးျဖစ္ေသာ အခ်က္အလက္မ်ားအရ လုပ္ငန္းနယ္ပယ္အတြင္းမွ iMyanmarHouse.com သည္ ျမန္မာႏိုင္ငံတြင္ ထိပ္ဆံုးမွ ဦးေဆာင္ေနသည့္ လူသံုးအမ်ားဆံုးေသာ အိမ္ျခံေျမ ဝဘ္ဆိုက္ႀကီးျဖစ္ေၾကာင္း သတင္းရရွိသည္။

“အနာဂတ္ဖြံ႔ျဖိဳးမႈ အခြင့္အလမ္းေတြအတြက္လည္း မဟာဗ်ဴဟာေျမာက္ စီမံခ်က္ေတြကို ကၽြန္ေတာ္တို႔ ခ်မွတ္ခဲ့ျပီးျဖစ္ပါတယ္။ လာမယ့္ႏွစ္ေတြမွာလည္း ဒီထက္ပိုၿပီး ဖြံ႔ျဖိဳးတိုးတက္ဖို႔အတြက္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ဆက္လက္ျပဳလုပ္သြားမွာ ျဖစ္ပါတယ္” ဟု ဦးေနမင္းသူမွ ျဖည့္စြက္ေျပာၾကားခဲ့သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေဈေးကွက်ကို နံပါတ်တစ်နေရာမှ ဦးဆောင်လျှက်ရှိသော iMyanmarHouse.com သည် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ Ms. Grace Aung အား အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခဲ့ကြောင်း ကုမ္ပဏီမှ ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

Ms. Grace Aung သည် ခရီးသွားနှင့် ဧည့်လုပ်ငန်းဆိုင်ရာ ကဏ္ဍနှစ်ခုတွင် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများကို နှစ်ပေါင်း (၂၀) ကျော် ရှိခဲ့သူ ဖြစ်သည်။

iMyanmarHouse.com သို့ မဝင်ရောက်မီက Ms. Grace Aung သည် Aquamarine Ecotourism Development ကုမ္ပဏီ လိမိတက်တွင် Chief Operating Officer (COO) အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ယင်းမတိုင်မီက Flymya.com တွင်လည်း Chief Operating Officer အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

Flymya.com သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော အွန်လိုင်း ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် အရှေ့တောင်အာရှ၏ အလျင်မြန်ဆုံးတိုးတက်ကြီးထွားလာနေသော ကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

အဆိုပါကုမ္ပဏီတွင် ဝန်ထမ်းပေါင်း (၁၆၀) ကျော်ကို ဦးဆောင်စီမံခန့်ခွဲခဲ့သည့်အပြင် မြန်မာ၊ ကမ္ဘောဒီးယား၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတို့ရှိ Flymya.com ၏ ဝက်ဘ်ဆိုက်များအတွက် မဟာဗျူဟာ၊ လုပ်ငန်းလည်ပတ်မှု၊ အရောင်း၊ ဈေးကွက်ထိုးဖောက်မှုတို့ကို ဦးဆောင် တာဝန်ယူခဲ့သည်။

ယခုကဲ့သို့ ခန့်ထားခံရမှုနှင့် စပ်လျဉ်းပြီး Ms. Grace Aung က ပြောကြားရာတွင် “ Property and the online marketplaces are the two highest growth and most dynamic industries to be involved with in Myanmar. I am very excited to be able to contribute to both here at iMyanmarHouse.com. အိမ်ခြံမြေနဲ့ အွန်လိုင်းရောင်းဝယ်ရေးတို့ဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု အမြင့်မားဆုံးနဲ့ အားအကောင်းဆုံးလုပ်ငန်းနယ် နှစ်ခုဖြစ်ပါတယ်။ iMyanmarHouse.com နဲ့အတူ ဒီလုပ်ငန်းနယ်ပယ် နှစ်ရပ်လုံးအတွက် ပါဝင်ကူညီခွင့်ရမယ့်အပေါ် အလွန်စိတ်လှုပ်ရှားမိပါတယ်။

With the portal’s strong leadership and focus on delivering quality and exceptional services to consumers, partners and customers, it is undeniable that we are at the forefront in the market. ဒီ web portal ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုနဲ့ အရည်အသွေးအပေါ် ဂရုထားမှု၊ ဝက်ဘ်ဆိုက်ဝင်ရောက်ကြည့်ရှုသူတွေ၊ မိတ်ဖက်တွေနဲ့ လုပ်ငန်းရှင်တွေအတွက် ဆန်းသစ်တဲ့ ဝန်ဆောင်မှု၊ ဒါတွေကို ကြည့်မယ်ဆိုရင် ကျွန်မတို့ဟာ ဈေးကွက်ရဲ့ ရှေ့ဆုံးမှာ ရှိနေတယ်ဆိုတာ ငြင်းလို့ မရပါဘူး။

အိမ်ခြံမြေဈေးကွက်ကို ထိပ်ဆုံးကနေ ဆက်လက်ပြီး ဦးဆောင်နိုင်စေဖို့ လုပ်ငန်းဆောင်တာတွေကို အသေးစိတ် အစီအစဉ်ရေးဆွဲပြီး အကောင်အထည်ဖော်နေပါတယ်။ ဝက်ဘ်ဆိုက်ဝင်ရောက်ကြည့်ရှုသူတွေ ပိုမိုများပြားစေဖို့၊ မိတ်ဖက်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ ကြိုးစားသွားပါမယ်။ များမကြာမှီ အနာဂတ်မှာ ကျွန်မတို့အတွက် အလွန်ကြီးမားတဲ့ တိုးတက်မှုတွေရှိနေတယ်လို့ ကျွန်မ အခိုင်အမာ ယုံကြည်မိပြီး ဒါကို စတင်အကောင်အထည်ဖော်ဖို့ စိတ်လှုပ်ရှားမိပါတယ်” ဟု ပြောကြားခဲ့သည်။

iMyanmarHouse.com ၏ တည်ထောင်သူနှင့် မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားရာတွင် “We are excited to have Grace on board as General Manager of iMyanmarHouse.com. She will play an integral role in the continual success of the company. We look forward to the operational experience she will bring to the team of over 100 staff across both offices in Yangon and Mandalay. Grace ကို iMyanmarHouse.com ရဲ့ General Manager အဖြစ် ခန့်အပ်နိုင်ခဲ့တဲ့အပေါ် ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။ သူဟာ ကုမ္ပဏီရဲ့ အောင်မြင်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားမှာ ဖြစ်ပါတယ်။

iMyanmarHouse.com ရုံးချုပ်နဲ့ ရုံးခွဲတွေက ဝန်ထမ်းပေါင်း ၁၀၀ ကျော်ကို သူ့ရဲ့ လုပ်ငန်းလည်ပတ်မှု အတွေ့အကြုံတွေ ဆောင်ကြဉ်းပေးလာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

iMyanmarHouse.com ဟာ မြန်မာနိုင်ငံမှာ ဈေးကွက်အသစ်တွေ၊ လုပ်ငန်းအသစ်တွေ ဆက်လက်တိုးချဲ့လာနေတာနဲ့အမျှ ဂရေ့စ်ဟာ ဦးဆောင် စီမံခန့်ခွဲရေး၊ လုပ်ငန်းလည်ပတ်မှုတွေအတွက် ကျွန်တော်တို့ကို ကူညီမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီထက် ပိုမိုများပြားတဲ့ ဝက်ဘ်ဆိုက်ဝင်ရောက်ကြည့်ရှုသူတွေ၊ မိတ်ဖက်တွေနဲ့ လုပ်ငန်းရှင်တွေအတွက် ဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှုနဲ့ ဝန်ဆောင်မှုတွေကို ဆောင်ကြဉ်းပေးလိမ့်မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဈေးကွက်သတင်းအချက်အလက်ရင်းမြစ်များထံမှ အတည်ပြုပြီးဖြစ်သော အချက်အလက်များအရ လုပ်ငန်းနယ်ပယ်အတွင်းမှ iMyanmarHouse.com သည် မြန်မာနိုင်ငံတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် လူသုံးအများဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်ကြီးဖြစ်ကြောင်း သတင်းရရှိသည်။

“အနာဂတ်ဖွံ့ဖြိုးမှု အခွင့်အလမ်းတွေအတွက်လည်း မဟာဗျူဟာမြောက် စီမံချက်တွေကို ကျွန်တော်တို့ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာလည်း ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service