အိုင်စီတီနှင့် သက်ဆိုင်သည့် အချက်အလက်များ ပါဝင်လာတော့မည့် အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ

အိုင်စီတီနှင့် သက်ဆိုင်သည့် အချက်အလက်များ ပါဝင်လာတော့မည့် အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ - Property News in Myanmar from iMyanmarHouse.com
4 Jun 2019 11:41 am တွင် တင်ခဲ့သည်
487 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ၌ အိုင်စီတီနှင့် သက်ဆိုင်သည့် အချက်အလက်များ ထပ်မံပါဝင်လာမည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌဦးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအ၀င် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများကို ၂၀၁၆ တွင် ထုတ်ပြန်ကာ အင်ဂျင်နီယာများကို လိုက်နာဆောင်ရွက်စေခဲ့သည်။

မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများတွင် ရေ၊ မီး အစရှိသည်တို့နှင့်ပတ်သက်သည့် လိုက်နာရန် စည်းကမ်းများပါဝင်ကြောင်း သိရှိသော်လည်း အိုင်စီတီနှင့်သက်ဆိုင်သော အချက်အလက်များ ပါဝင်လာမည်ဆိုသည့် အကြောင်းအရာများကို သိရှိထားခြင်း မရှိဟု ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးရောင်ခြည်က ပြောသည်။

‘‘ ဒီဇိုင်းလုပ်တဲ့အခါ အင်ဂျင်နီယာတွေကို လိုက်နာဆောင်ရွက်ဖို့ အဆောက်အအုံတွေမှာ အိုင်စီတီနဲ့ပတ်သက်ပြီး အရမ်းအရေးကြီးလာပါတယ်။ သိပ်အရေးကြီးတဲ့အချိန်မှာ ဖုန်းဆက်လို့မရဘူး။ အိမ်ထဲရောက်နေတယ်။ တချို့အခန်းတွေထဲမှာ လိုင်းမသိတာဖြစ်လာတယ်။ အဆောက်အအုံတွေ ဆောက်တဲ့အခါမှာ ဘယ်လိုစံသတ်မှတ်ချက်တွေပါရမယ်ဆို တာ လိုအပ်လာပါတယ်’’ ဟု ဦးအောင်မြင့်က ပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သည် တရုတ်နိုင်ငံအခြေစိုက် ဟွာဝေးနည်းပညာကုမ္ပဏီနှင့် နည်းပညာဆိုင်ရာ အကူအညီပေးရန် ဧပြီ ၂၂ ရက်တွင် သဘောတူညီခဲ့သည်။

၂ နှစ်ကြာ သက်တမ်းရှိ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်၌ မျိုးဆက်သစ် အင်ဂျင်နီယာများအရည်အသွေးမြှင့်တင်မှု အထောက်အပံ့ပေးရန်၊ အဆောက်အအုံများအတွင်း ကွန်ရက်လွှမ်းခြုံမှုထုတ်လွှင့်ရေး တိုးတက်လာရန်၊ Fiber to thehome (FTTH) စံချိန်စံညွှန်း မြင့်မားလာရေး ပူးပေါင်းဆောင်ရွက်ရန် အစရှိသည့်အချက်များ ပါဝင်သည်။

မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများအနက် အိုင်စီတီဆိုင်ရာအချက်အလက်များ ထပ်မံပါဝင်လာမည်ကို သတင်းစကားအရ သိရှိထားသော်လည်း ပါဝင်လာမည့် အသေးစိတ်အချက်အလက်များကို ဖတ်ရှုနိုင်ခြင်းမရှိသေးသဖြင့် သဘောထားမှတ်ချက်ပေးရန် ခက်ခဲသည်ဟုဆောက်လုပ်ရေး အင်ဂျင်နီယာနှစ်ဦးက ပြောသည်။

‘‘အဆောက်အအုံတွင်း ကွန်ရက်လွှမ်းခြံမှု ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ထိပ်သီးအစည်းအဝေး (Myanmar Indoor Coverage Digitalization Summit) ကို ကျွန်တော်တို့ အဖွဲ့အစည်းနှစ်ခု(ဟွာဝေး)နှင့် ပူးပေါင်းကျင်းပသွားမှာပါ။ ဒီထိပ်သီးအစည်းအဝေးကနေ အဆောက်အအုံတွင်း ကွန်ရက်လွှမ်းခြုံရေး နည်းလမ်းအသစ်တွေကိုလည်း ရှာဖွေဖော်ထုတ်သွားမှာပါ’’ဟု ဦးအောင်မြင့်က ပြောသည်။

အဆောက်အအုံအတွင်း ကွန်ရက်လွှမ်းခြုံမှုများ ဒစ်ဂျစ်တယ်အသွင်းကူးပြောင်းရေး ထိပ်သီးအစည်းအဝေးပွဲကို မကြာမီ ကျင်းပမည်ဖြစ်ပြီး အဆောက်အအုံတွင်း ကွန်ရက်လွှမ်းခြုံမှုအရေးပါပုံနှင့် မြန်မာ FTTH နယ်ပယ်အတွက် စံချိန်စံညွှန်းများသတ်မှတ်ရန် လိုအပ်နေ ခြင်းကို ပွဲတော်က အသိပေးနိုင်ရန် မျှော်လင့်သည်ဟု ဟွာဝေးမြန်မာစီအီးအို Mr.Zhang Liman က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service