နိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ရုံးဖွင့်ရက် ၁၄ ရက်အတွင်း လေလံဈေးကွက်မှတစ်ဆင့် ဒေါ်လာ ၄၂ သန်းခန့် ဝယ်ယူခဲ့ပြီး ဒေါ်လာ ၇၀၀ သာထုတ်ရောင်း

နိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ရုံးဖွင့်ရက် ၁၄ ရက်အတွင်း လေလံဈေးကွက်မှတစ်ဆင့် ဒေါ်လာ ၄၂ သန်းခန့် ဝယ်ယူခဲ့ပြီး ဒေါ်လာ ၇၀၀ သာထုတ်ရောင်း - Property News in Myanmar from iMyanmarHouse.com
23 Jan 2019 9:51 am တွင် တင်ခဲ့သည်
2694 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဇန်နဝါရီ ၂ ရက်မှ ၂၂ ရက်အထိ ရုံးဖွင့်ရက် ၁၄ ရက်အတွင်း လေလံဈေးကွက်မှတစ်ဆင့် ဒေါ်လာ ၄၂ သန်းခန့် ဝယ်ယူခဲ့ပြီး ဒေါ်လာ ၇၀၀ သာ ထုတ်ရောင်းခဲ့ကြောင်း နေ့အလိုက် လေလံဈေးကွက် အရောင်းအဝယ်မှတ်တမ်း အရသိရသည်။

ဇန်နဝါရီ ၂ ရက်မှ ၂၂ ရက်အထိ ရုံးဖွင့်ရက် ခုနစ်ရက်အတွင်း ဗဟိုဘဏ်မှ လေလံဈေးကွက်မှ တစ်ဆင့် ဝယ်ယူမှုဒေါ်လာ ၄၁၉၉၉၆၀၀ ရှိပြီး ရောင်းချမှု ဒေါ်လာ ၇၀၀ သာရှိခဲ့သည်။ ဒီဇင်ဘာလအတွင်း လေလံဈေးကွက်မှတစ်ဆင့် ဒေါ်လာ ၅၄၂၄၈၈၀၀ ကို ဝယ်ယူခဲ့ပြီး ဒေါ်လာ ၃၈၃၀၀၀၀ ရောင်းချခဲ့သည်။ နိုဝင်ဘာလတွင် ဒေါ်လာ ၁၃၉၈၆၀၀ ဝယ်ယူခဲ့ပြီး ဒေါ်လာ ၂၉၀၀ သာ ပြန်လည်ရောင်းချခဲ့သည်။ အောက်တိုဘာလတွင် လေလံဈေးကွက်မှတစ်ဆင့် ဒေါ်လာပြန်လည်ဝယ်ယူမှုမရှိဘဲ ဒေါ်လာ ၃၈၄၂၀၀ ကို ရောင်းချခဲ့သည်။ ပြင်ပဈေးကွက်တွင် စံချိန်တင် နိုင်ငံခြားငွေလဲနှုန်းဖြစ် ပေါ်ခဲ့သည့် စက်တင်ဘာလတွင်မူ ဒေါ်လာ ၄၀၇၀၀၀၀ ဒေါ်လာ ထုတ်ရောင်းခဲ့ပြီး ဒေါ်လာ ၉၄၀၀၀၀ ကို ပြန်လည်ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁ ရက်မှ ၂၂ ရက်အတွင်း ပြင်ပဈေးကွက်၌ ဒေါ်လာဈေး အတက်အကျကွာဟမှု ကျပ် ၃၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ဗဟိုဘဏ်ကလည်း ယင်းရက်များအတွင်း ရည်ညွှန်းငွေလဲနှုန်းလည်း အတက်အကျ ၂၄ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြင်ပဈေးကွက်တွင် ဇန်နဝါရီ ၁ ရက်မှ ၂၂ ရက်အတွင်းဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးများမှာ ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀ ရှိရာမှ ဇန်နဝါရီ ၁၀ ရက်တွင် ၁၅၂၆ ကျပ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိကျ ဆင်းခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၅၄၅ ကျပ် အထိပြန်တက်ကာ ဇန်နဝါရီ ၁၉ ရက်တွင် ကျပ် ၁၅၃၀၊ ဇန်နဝါရီ ၂၁ ရက်တွင် ၁၅၃၅ ကျပ်၊ ဇန်နဝါရီ ၂၂ ရက်တွင် ၁၅၃၇ ကျပ် ဝန်းကျင်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဗဟိုဘဏ်က သတ်မှတ်ထားသော ရက်အလိုက် ရည်ညွှန်းငွေလဲနှုန်းမှာ ဇန်နဝါရီ ၂ ရက်တွင် ၁၅၄၆ ကျပ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ၁၅၃၄ ကျပ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၂၂၊ ဇန်နဝါရီ ၁၈ ရက်တွင် ၁၅၃၈ ကျပ်၊ ဇန်နဝါရီ ၂၁ ရက်တွင် ၁၅၄၄ ကျပ်၊ ဇန်နဝါရီ ၂၂ ရက် တွင် ၁၅၃၈ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ယခင်ကထက် ကွာဟချက်နည်းပါးလာသော်လည်း အချို့ရက်များတွင် ကွာဟချက် ကျပ် ၁၀ ဝန်းကျင် အထိရှိနေဆဲဖြစ်သည်။

အနိမ့်ဆုံး ခြောက်ကျပ်မှ အမြင့်ဆုံး ကိုးကျပ်အထိ ကွာဟခဲ့သည်။

ပြီးခဲ့သည့်ရုံးဖွင့်ရက် ၁၄ ရက်အတွင်း ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဖြင့် ဇန်နဝါရီ ၃ ရက်တွင် ဒေါ်လာ ၅၀၀၀၀၀၀၊ ဇန်နဝါရီ ၇ ရက်တွင် ဒေါ်လာ ၅၉၉၉၉၀၀၊ ဇန်နဝါရီ ၈ ရက်တွင် ဒေါ်လာ ၄၉၉၉၉၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ဒေါ်လာ ၂၀၀၀၀၀၀၊ ဇန်နဝါရီ ၁၀ ရက်တွင် ဒေါ်လာ ၇၉၉၉၉၀၀၊ ဇန်နဝါရီ ၁၁ ရက်တွင် ဒေါ်လာ ၉၉၉၉၀၀၊ ဇန်နဝါရီ ၁၄ ရက်တွင် ဒေါ်လာ ၃၅၀၀၀၀၀၊ ဇန်နဝါရီ ၁၅ ရက် တွင် ဒေါ်လာ ၈၀၀၀၀၀၀၊ ဇန်နဝါရီ ၂၁ ရက်တွင် ဒေါ်လာ ၃၅၀၀၀၀၀ ဝယ်ယူခဲ့ပြီး စုစုပေါင်းဝယ်ယူမှု ဒေါ်လာ ၄၁၉၉၉၆၀၀ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကွာခြားချက်သည် ၃၂၇ ကျပ်၊ ၂၄ ရာခိုင်နှုန်း ကျော်အထိဖြစ်ပေါ်ခဲ့ပြီး ဇွန်လမှ ဒီဇင်ဘာလအထိ အတက်အကျများစွာဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလဆန်း၌ ဒေါ်လာဈေး ကျပ် ၁၅၁၀ အထိပြန်ကျနေချိန်တွင် နိုင်ငံတော်ဗဟိုဘဏ်က ကျပ် ၁၅၇၀ နှုန်းဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၃၄ သန်းဖိုးဝယ်ယူခဲ့ပြီး ဈေးကွက်အတွင်း ဒေါ်လာဈေးပြန်လည် မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနိုင်ငံခြားငွေလဲနှုန်းမှာ ကျပ် ၁၅၁၀-၁၅၇၇ ကျပ်ဖြစ်သည်။

Credit:   Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service