စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်လေးခုတွင် လုပ်ငန်းမလုပ်ကိုင်သေးသည့် မြေကွက်ပေါင်း ၅၀၀ ကျော်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်လေးခုတွင် လုပ်ငန်းမလုပ်ကိုင်သေးသည့် မြေကွက်ပေါင်း ၅၀၀ ကျော်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
16 Jan 2019 11:00 am တွင် တင်ခဲ့သည်
739 ကြိမ် ကြည့်ရှု့ပြီး

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်လေးခုတွင် လုပ်ငန်းမလုပ်ကိုင်သေးသည့် မြေကွက် ၅၀၀ ကျော်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်က စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည့် မြန်မာ -အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုဇုန် လေးခုတွင် လုပ်ငန်းမလုပ်ကိုင်သေးသည့် မြေကွက်ပေါင်း ၅၀၀ ကျော်ရှိကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်ကိုင်းတိုင်း ဒေသကြီးမှာ မုံရွာစက်မှုဇုန်၊ စစ်ကိုင်းစက်မှုဇုန်၊ ရွှေဘိုစက်မှုဇုန်နှင့် ကလေးစက်မှုဇုန်ဆိုပြီး စက်မှုဇုန်လေးခု ရှိပါတယ်။ စက်မှုဇုန်လေးခုမှာ အလုပ်မလုပ်ကိုင်သေးတဲ့ မြေကွက်ပေါင်း ၅၀၀ ကျော်ရှိနေပါတယ်။ လုပ်ငန်းမလုပ်ကိုင်သေးတဲ့ မြေကွက်တွေမှာ တိုင်းရင်းသား လုပ်ငန်းရှင်များ အကျိုးတူ ရင်းနှီးမြုပ်နှံခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံခြင်း ဆောင်ရွက်ခြင်းအားဖြင့် အကျိုးအမြတ်များ ရရှိနိုင်မှာ ဖြစ်တယ်။ စက်မှုဇုန်များ တိုးချဲ့ခြင်း၊ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှု လိုအပ်နေပါတယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

မုံရွာစက်မှုဇုန်တွင် မြေဧက အနေဖြင့် (၃၁၅ ဒသမ ၃၄) ဧကရှိပြီး လုပ်ငန်းမြေကွက်ပေါင်း ၁၃၈၈ ကွက် ဖော်ဆောင်ထားကာ ယင်းထဲမှ လုပ်ငန်းမလုပ်ကိုင်သေးသည့် အကွက်ပေါင်း (၁၇၀) ကွက်ရှိကြောင်း၊ စစ်ကိုင်း စက်မှုဇုန်တွင် မြေဧကအနေဖြင့် (၉၆၀ ဒသမ ၃၂ ) ဧကရှိပြီး လုပ်ငန်းအကွက်ပေါင်း ၂၁၅ ကွက် ဖော်ဆောင်ထားရာ ယင်းထဲမှ လုပ်ငန်းမလုပ်ကိုင်သေးသည့် အကွက်ပေါင်း ၇၂ ကွက်ရှိကြောင်း၊ ရွှေဘိုစက်မှုဇုန်တွင် မြေဧက အနေဖြင့် (၁၉၉ ဒသမ ၁၇ ဧက) ရှိပြီး လုပ်ငန်းအကွက်ပေါင်း ၃၅၀ ကွက်ဖော်ဆောင်ထားရာ ယင်းထဲမှ လုပ်ငန်းမလုပ်ကိုင်သေးသည့် အကွက်ပေါင်း ၅၁ ကွက်၊ ကလေးစက်မှုဇုန်တွင် မြေဧကအနေဖြင့် (၁၆၇ ဒသမ ၂၈ ဧက) ရှိပြီး လုပ်ငန်းအကွက်ပေါင်း ၇၂၉ ကွက် ဖော်ဆောင်ထားရာ ယင်းထဲမှ လုပ်ငန်းမလုပ်ကိုင်သေးသည့် အကွက်ပေါင်း ၂၇၀ ကွက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service