အိမ်နီးချင်းနိုင်ငံများမှ လာရောက်လုပ်ကိုင်သည့် တရားမဝင် ပွဲစားများကြောင့် နိုင်ငံ၏ ပုံရိပ်ကျဆင်းရကြောင်း မလေးရှားလက်ထောက်အိုးအိမ်ဝန်ကြီးပြောကြား

အိမ်နီးချင်းနိုင်ငံများမှ လာရောက်လုပ်ကိုင်သည့် တရားမဝင် ပွဲစားများကြောင့် နိုင်ငံ၏ ပုံရိပ်ကျဆင်းရကြောင်း မလေးရှားလက်ထောက်အိုးအိမ်ဝန်ကြီးပြောကြား - Property News in Myanmar from iMyanmarHouse.com
1 Nov 2018 12:56 pm တွင် တင်ခဲ့သည်
860 ကြိမ် ကြည့်ရှု့ပြီး

အိမ်နီးချင်းနိုင်ငံများမှ လာရောက်လုပ်ကိုင်သည့် တရားမဝင် ပွဲစားများကြောင့် နိုင်ငံ၏ ပုံရိပ်ကျဆင်းရကြောင်း မလေးရှား လက်ထောက်အိုးအိမ်ဝန်ကြီးက ပြောကြားလိုက်သည်။

မလေးရှား အိုးအိမ်နှင့် ဒေသတွင်း အစိုးရဝန်ကြီးဌာန (KPKT) သည် အခြားဝန်ကြီးဌာနများနှင့် လက်တွဲကာ မလေးရှားရှိ တရားမဝင် အိမ်ခြံမြေပွဲစားများအရေးကို ကိုင်တွယ်ရန် လုပ်ဆောင်လျက်ရှိကြောင်း အိုးအိမ်လက်ထောက်ဝန်ကြီး ရာဂျာ ကာမာရူးလ် ဘာရင် ရှား ရာဂျာ အာမက်က ပြောကြားသည်။

ရာဂျာကာမာရူးက ပြောကြားရာတွင် တရားမဝင်အိမ်ခြံမြေပွဲစားများအနက် အချို့မှာ အိမ်နီးချင်းနိုင်ငံများမှာ လာရောက်လုပ်ကိုင်သူများ ဖြစ်ကြကြောင်း၊ မသမာမှုများ ကျူးလွန်ပြီးလျှင် မူလနိုင်ငံသို့ ပြန်သွားကြခြင်းကြောင့် မလေးရှားမှာ နာမည်ဆိုးဖြင့် ကျန်ရစ်ရကြောင်း ပြောကြားသည်။

မလေးရှားအိမ်ခြံမြေအကျိုးဆောင်များ အင်စတီကျု (MIEA) က ကြီးမှူးကျင်းပသည့် အမျိုးသားအိမ်ခြံမြေဆုပေးပွဲ အခမ်းအနား (NREA) ၏ ညစာစားပွဲတွင် လက်ထောက်ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တရားမဝင်အကျိုးဆောင်တွေ များပြားလာနေတာနဲ့ ပတ်သက်ပြီး ရတက်မအေးဖြစ်နေကြတာတွေ၊ မကျေနပ်ကြတာတွေကို ကျွန်တော်ကြားနေရပါတယ်။ ဒီ တရားမဝင်အကျိုးဆောင်တွေဟာ developer တွေကို ကိုယ်စားပြုတဲ့ marketing အဖွဲ့တွေအဖြစ် အသွင်ပြောင်း ထားကြတာကိုလည်း ကျွန်တော်သိလာပါတယ်” ဟု ရာဂျာ ကာမာရူးလ်က ပြောကြားသည်။

တရားမဝင် အိမ်ခြံမြေအကျိုးဆောင်တို့ကို အရေးယူရန် ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့်အပ်နှင်းထားသော်လည်း တရားရုံးတွင် တရားစွဲဆိုခံ ရသည့် အကျိုးဆောင်တစ်ဦးတစ်လေမျှပင် မရှိခဲ့ကြောင်းလည်း ဝန်ကြီးက ဆိုသည်။

“ဒါဟာ အိမ်ခြံမြေအကြောင်းရပ်ဖြစ်နေတာကြောင့် ကျွန်တော့်အနေနဲ့ MIEA ၊BOVAEP (ရာဖြတ်များ၊ အကျိုးဆောင်များ အစရှိသဖြင့်)၊ ရဲတပ်ဖွဲ့တို့ အပါအဝင် သက်ဆိုင်သူတွေအားလုံးနဲ့ လက်တွဲပြီး အိမ်ခြံမြေလောက လုံခြုံမှုအတွက် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကိုင်တွယ်မလဲဆိုတာ ဆွေးနွေးလိုပါတယ်” “ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်သာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံမှာ တရားမဝင်ပွဲစားတွေအတွက် နေရာမရှိဘူးလို့ ပြောချင်ပါတယ်”ဟု ကာမာရူးလ်က ဆိုသည်။

MIEA ဥက္ကဌ အဲရစ်ခ် လင်းမ်က ပြောကြားရာတွင် တရားမဝင်ပွဲစားများသည် နိုင်ငံတဝန်းအလွန်ပျံ့နှံ့လျက်ရှိနေကြောင်း၊ မှတ်ပုံတင်ထားသည့် အကျိုးဆောင်များအတွက် နစ်နာရမှုများနှင့်အတူ အစိုးရတွင်လည်း အခွန်ငွေကြီးမားစွာဆုံးရှုံးရလျက်ရှိကြောင်း ပြောကြားသည်။

“သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရားမဝင်ပွဲစားတွေကို အရေးယူပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု အဲရစ်ခ်လင်းမ်က ပြောကြားခဲ့ပြီး အဆိုပါ တရားမဝင်ပွဲစားများအနေဖြင့်လည်း အာဏာပိုင်တို့က အရေးမယူမီ မှတ်ပုံတင်သင့်ကြကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service