မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ အသိပညာပေးပြုလုပ်မည်

မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ အသိပညာပေးပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
30 Oct 2018 11:35 am တွင် တင်ခဲ့သည်
3816 ကြိမ် ကြည့်ရှု့ပြီး

ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေ နားလည်သဘောပေါက်စေဖို့ အသိပညာပေးတာတွေ အလေးထားပြုလုပ်မယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။

သည် ပြန်လည် ပြင်ဆင်လိုက်တဲ့ ဥပဒေကို လယ်သမားအပါအဝင် ပုဂ္ဂိုလ်များ သိသင့်သိထိုက်တာလေးတွေ ထုတ်ပြန်ဖို့ ဖြစ်ပါတယ်။ အရင်ဥပဒေအဟောင်းမှာတုန်းက မြေလွတ်မြေရိုင်းနဲ့ ပက်သက်တဲ့ ပြစ်ဒဏ်မပါ ပါဘူး။ ပြင်ဆင်တဲ့ ဥပဒေမှာတော့ ပါလာပါတယ်။ အစိုးရအနေနဲ့ (၂၀၁၂)ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟာ ခေတ်ကာလနဲ့ ညီညွှတ်မှုမရှိတော့တာကြောင့် သည်နှစ် စက်တင်ဘာလမှာ ပြင်ဆင်ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း သည်ပြင်ဆင်ထားတဲ့ ဥပဒေနဲ့အညီ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို အသုံးပြုပြီး စီးပွားဖြစ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ လုပ်ငန်းတွေကို ခွင့်ပြုပေးလျက်ရှပါတယ်။ ဒါ့အပြင် ဓာတ်သတ္တုဥပဒေနဲ့ ညီညွှတ်တဲ့ အခြားလုပ်ငန်းတွေကိုလည်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ခွင့်ပြုပေးလျက်ရှိတယ်လို့ သိရပါတယ်။ အခုလို ခွင့်ပြုပေးရာမှာလည်း လုပ်ငန်းတွေ ပိုမိုအဆင်ပြေလွယ်ကူအောင် ဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတွေရဲ့ စီမံခန့်ခွဲပိုင်ခွင့်နဲ့ ခွင့်ပြုပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ သည်ဥပဒေထဲမှာ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများအပေါ် လုပ်ကိုင်ခွင့်ပြုမိန့်မရရှိမီ လုပ်ငန်းများ ဆောင်ရွက်ရှိမှုရှိပါက (၆)လအတွင်း သက်ဆိုင်ရာကော်မတီတွေကို တင်ပြလျှောက်ထားဖို့ လိုပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူကလည်း ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိရေးအတွက် သတင်းစာနဲ့ မီဒီယာတွေကနေတစ်ဆင့် အသိပေးဆောင်ရွက်သွားမယ်လို့ (၁၅)ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားသွားတယ်လို့ သိရပါတယ်။

အရင်အစိုးရလက်ထက် ဗဟိုအဖွဲ့မှ ခွင့်ပြုပေးခဲ့တဲ့ အမိန့်စာမူရင်းပျောက်ဆုံးမှုနဲ့ ဒုတိယမိတ္တူလျှောက်ထားခြင်းကိစ္စရပ်တွေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့်လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်း စိစစ်ဖို့ သီးခြားအဖွဲ့ဖွဲ့စည်းဆောင်ရွက်ဖို့ ကိစ္စတွေကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ(၂၀၁၈)နဲ့ ပက်သက်ပြီး ပြည်သူတွေပိုမိုသိရှိစေဖို့ အသိပေးခြင်း၊ သိသင့်တာတွေ ထုတ်ပြန်ကြေညာခြင်းတွေကိုတော့ ဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သည်ဥပဒေနဲ့ ပက်သက်ပြီး ပြည်သူတွေအနေနဲ့ ထဲထဲဝင်ဝင် သိရှိမှုက အားနည်းနေသေးတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service