သိမ်ကြီးဈေးရှိ ဂိုဒေါင်သဖွယ် အသုံးပြုသည့် ဆိုင်ခန်းများကို ယခုနှစ်ကုန် အပြီးရှင်းလင်းမည်

သိမ်ကြီးဈေးရှိ ဂိုဒေါင်သဖွယ် အသုံးပြုသည့် ဆိုင်ခန်းများကို ယခုနှစ်ကုန် အပြီးရှင်းလင်းမည် - Property News in Myanmar from iMyanmarHouse.com
26 Sep 2018 11:27 am တွင် တင်ခဲ့သည်
1318 ကြိမ် ကြည့်ရှု့ပြီး

သိမ်ကြီးဈေးတွင် ပစ္စည်းသိုလှောင်သော ဂိုဒေါင်သဖွယ် အသုံးပြုသည့် ဆိုင်ခန်း ၁၆၀ ကျော်ကို အရေးယူထားပြီး ကျန် ရှိဆိုင်ခန်းများကို ယခုနှစ်ကုန်အပြီးဖယ်ရှားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

သိမ်ကြီးဈေး အေရုံ၊ ဘီရုံ၊ စီရုံနှင့် ဒီရုံတွင် ပစ္စည်းသိုလှောင် ထားသည့် ဆိုင်ခန်း ၁၈၆ ခန်းရှိ ပြီး ၁၆၂ ခန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူထားကြောင်း မြို့တော်ဝန်က ပြောသည်။

ဆက်လက်အရေးယူရန် ကျန်ရှိသည့် ၂၄ ခန်းကို ၂၀၁၈ ဒီဇင်ဘာ နောက်ဆုံးထားကာ အပြီးဖယ်ရှားပေးရန် သတိပေးစာ ထုတ်ပြန်ထားကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။

‘‘ဘတ်စ်ကားတွေ မှတ်တိုင် မှာမရပ်သလို ဆိုင်တွေမှာလည်း ဒီလိုပြဿနာတွေ သွားတွေ့ရပါ တယ်။ ဆိုင်ကို သူတို့က ဂိုဒေါင် လုပ်တယ်။ လူရှိတဲ့နေရာ လမ်း ဘေးမှာ ခလုတ်တိုက်တဲ့နေရာမှာ ဈေးဝယ်လို့ရအောင် သွားရောင်း ကြတယ်။ ဆိုင်ကိုကျတော့ ဂိုဒေါင်သဖွယ်ထားတယ်။ ပြီးတော့ အပြင်ထွက်ပြီးရောင်းတယ်။ ဒီလိုကျူး ကျော်သဘောမျိုး ဖြစ်လာတော့ စည်းကမ်းတကျ ပြန်ထိန်းဖို့ လို လာပါပြီ’’ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ် တော်အစည်းအဝေး၌ လသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန် က ရန်ကုန်တိုင်းအတွင်းရှိ ဈေး များတွင် ဈေးအင်္ဂါရပ်နှင့် မညီ ညွတ်ဘဲ ပစ္စည်းသိမ်းဆည်းရန် ဂိုဒေါင်များ ထားရှိနေခြင်းကို အရေးယူဆောင်ရွက်ရန် ရှိ၊ မရှိ မေးမြန်းရာ မြို့တော်ဝန်က ပြောကြားခြင်းဖြစ်သည်။

‘‘အမှန်တကယ် ရောင်းဝယ်လိုသော လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းမရှိဘဲ လက်ဝါးကြီး အုပ်နေရာယူထားမှုများကြောင့် နိုင်ငံတော်အတွက်လည်း အခွန်အခကောက်ခံမှု လျော့နည်းတာ ကိုလည်း တွေ့ရှိရပါတယ်။ မီး ဘေးအန္တရာယ်ရှိတဲ့ ကိစ္စရပ်တွေ လည်း ရှိတယ်’’ဟု ဦးကျော်မင်းဟန်က ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများ ဌာနအောက်ရှိ အငှားချထားသည့် ဈေးဆိုင်ခန်းများတွင် စနစ်တကျ ရောင်းချနိုင်ရန် စည်ပင်သာယာ ရေး ဥပဒေ၊ နည်းဥပဒေ၊ စည်း ကမ်းသတ်မှတ်ချက်များနှင့် အရေးယူဆောင်ရွက်နေကြောင်း မြို့တော်ဝန်က ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင်းရှိ စည်ပင်သာယာရေးကော်မတီက အငှားချထားသည့် ဆိုင်ခန်းများ ကို ပစ္စည်းသိုလှောင်သည့် ဂိုဒေါင် သဖွယ် အသုံးပြုမှုမရှိစေရန် အရေးယူမည်ဟု၎င်းကဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...

အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...

စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ...

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service