Power သက်တမ်းကုန်ခြင်း

Power သက်တမ်းကုန်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
4 Sep 2018 1:07 pm တွင် တင်ခဲ့သည်
1675 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၃၃ အရ လွှဲစာများကို မှတ်ပုံတင်ဆောင်ရွက်တဲ့အခါ လုပ်ငန်းသဘောအရ နှစ်မျိုးခွဲထားပါတယ်။ အထူးကိုယ်စားလှယ်လွှဲစာ (Special Power)နဲ့ အထွေထွေ ကိုယ်စာလှယ်လွှဲစာ (General Power) ရယ်လို့ နှစ်မျိုးခွဲထားတယ် ဆိုတာ လူငယ်အရာရှိတွေ အားလုံး သိပြီးသားပါ။

သီးခြား case တစ်ခုတည်းအတွက် ဆောက်ရွက်ဖို့ လွှဲတဲ့စာကတော့ SP ဖြစ်ပြီး တစ်ခုထက် ပိုတဲ့ကိစ္စတွေ ဆောက်ရွက်နိုင်ဖို့ လွှဲတဲ့စာကတော့ GP လို့ အလွယ်တကူ နားလည်း သဘောပေါက်ပြီး ဖြစ်ကြမှာပါ။

လုပ်ငန်းတစ်ရပ်တည်း၊ ကိစ္စတစ်ရပ်တည်းကိုသာ ဆောက်ရွက်ဖို့ လွှဲထားတဲ့ SP ကတော့ တာဝန်ပေးထားတဲ့လုပ်ငန်း ဆောင်ရွက်ပြီးတာနဲ့ အသက်ကုန်သွားပါပြီ။ မှတ်ပုံတင်အရာရှိက အဲဒီ SP ကို တောင်ပြီး ပြန်သိမ်းထားရပါတယ်။ ဒါမှမဟုတ်ရင် လွှဲစာပါ လုပ်ငန်းကို ဆောင်ရွက်ပြီးတာနဲ့ အဲဒီ လွှဲစာပေါ်မှာ အရာရှိက “ဘယ်နေ့ဘယ်ရပ်တွင် လွှဲစာပါကိစ္စရပ် ဆောင်ရွက်ပြီး” ဆိုတဲ့စာသားကို မင်နီနဲ့ Power အပေါ် ကန့်လန့်ဖြတ် ရေးသားပြီး လက်မှတ်ရေးထိုး တံဆိပ်တုံး ရိုက်ပေးလိုက်ရပါတယ်။

GP ကတော့ အသက်ပြင်းပါတယ်။ ကိုယ်စားလှယ်လွှဲစာတစ်စောင် အသက်မဝင် ရပ်စဲသွားတဲ့ကာလကို ပဋိညာဉ် အက်ဥပေ ပုဒ်မ ၂၀၁ အရ အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။

(၁) လွှဲအပ်သူ (principal) က ကိုယ်စားလှယ် လွှဲအပ်ခြင်းကို ရုပ်သိမ်းတဲ့အခါမှာ လည်းကောင်း

(၂) ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ဖို့ သီးခြား သတ်မှတ် တာဝန်ပေးတဲ့ အလုပ်ကိစ္စ အပြီးအပြတ် ဆောင်ရွက် ပြီးဆုံးသွားသော အခါ၌လည်းကောင်း

(၃) အချိန်ကာလ တစ်ခုအတွင်း ဆောင်ရွက်ရန် သတ်မှတ် လွှဲအပ်ပါက ထိုသတ်မှတ်အချိန်ကာလ ကုန်ဆုံးသွားသောအခါ၌ လည်းကောင်း

(၄) ကိုယ်စားလှယ်က လွှဲစာပါတာဝန်များကို မလုပ်နိုင်ကြောင်း ငြင်းပယ်သောအခါ လွှဲအပ်ထားသော လုပ်ငန်းကို စွန့်လွှတ်သွားသောအခါ၌ လည်းကောင်း

(၅) လုပ်ငန်းတစ်ခုအပေါ် မူတည်၍ (ဥပမာ-အသင်း/company/လုပ်ငန်း တစ်ခုခု၏) ကိုယ်စားလှယ် ခန့်ထားပါက ယင်းလုပ်ငန်း/အသင်း/company သည် ပျက်စီး၊ ဖျက်သိမ်းသွားသောအခါ၌ လည်းကောင်း

(၆) လွှဲအပ်သူ (principal) သေးဆုံး၊ ရူးသွပ်သွားသောအခါနှင့် insolvency လူမွဲအဖြစ် တရားရုံး၏ စီရင်ဆုံးဖြတ်ခြင်း ခံရသောအခါ၌ လည်းကောင်း

(၇) လွှဲအပ်ခံရသူ ကိုယ်စားလှယ် သေးဆုံး ကွယ်လွန်သွားသည့်အခါ၌ လည်းကောင်းကိုယ်စားလှယ်လွှဲစာ သက်တမ်း ကုန်ဆုံးသွားပြီး ဖြစ်တယ်လို့ မှတ်ယူရပါမယ်။

 

Credit : U Zaw Min (Natmauk)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service