Power သက်တမ်းကုန်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
1682 Views

Power သက်တမ်းကုန်ခြင်း

Knowledge | Posted by Si Thu Aung

စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၃၃ အရ လွှဲစာများကို မှတ်ပုံတင်ဆောင်ရွက်တဲ့အခါ လုပ်ငန်းသဘောအရ နှစ်မျိုးခွဲထားပါတယ်။ အထူးကိုယ်စားလှယ်လွှဲစာ (Special Power)နဲ့ အထွေထွေ ကိုယ်စာလှယ်လွှဲစာ (General Power) ရယ်လို့ နှစ်မျိုးခွဲထားတယ် ဆိုတာ လူငယ်အရာရှိတွေ အားလုံး သိပြီးသားပါ။

သီးခြား case တစ်ခုတည်းအတွက် ဆောက်ရွက်ဖို့ လွှဲတဲ့စာကတော့ SP ဖြစ်ပြီး တစ်ခုထက် ပိုတဲ့ကိစ္စတွေ ဆောက်ရွက်နိုင်ဖို့ လွှဲတဲ့စာကတော့ GP လို့ အလွယ်တကူ နားလည်း သဘောပေါက်ပြီး ဖြစ်ကြမှာပါ။

လုပ်ငန်းတစ်ရပ်တည်း၊ ကိစ္စတစ်ရပ်တည်းကိုသာ ဆောက်ရွက်ဖို့ လွှဲထားတဲ့ SP ကတော့ တာဝန်ပေးထားတဲ့လုပ်ငန်း ဆောင်ရွက်ပြီးတာနဲ့ အသက်ကုန်သွားပါပြီ။ မှတ်ပုံတင်အရာရှိက အဲဒီ SP ကို တောင်ပြီး ပြန်သိမ်းထားရပါတယ်။ ဒါမှမဟုတ်ရင် လွှဲစာပါ လုပ်ငန်းကို ဆောင်ရွက်ပြီးတာနဲ့ အဲဒီ လွှဲစာပေါ်မှာ အရာရှိက “ဘယ်နေ့ဘယ်ရပ်တွင် လွှဲစာပါကိစ္စရပ် ဆောင်ရွက်ပြီး” ဆိုတဲ့စာသားကို မင်နီနဲ့ Power အပေါ် ကန့်လန့်ဖြတ် ရေးသားပြီး လက်မှတ်ရေးထိုး တံဆိပ်တုံး ရိုက်ပေးလိုက်ရပါတယ်။

GP ကတော့ အသက်ပြင်းပါတယ်။ ကိုယ်စားလှယ်လွှဲစာတစ်စောင် အသက်မဝင် ရပ်စဲသွားတဲ့ကာလကို ပဋိညာဉ် အက်ဥပေ ပုဒ်မ ၂၀၁ အရ အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။

(၁) လွှဲအပ်သူ (principal) က ကိုယ်စားလှယ် လွှဲအပ်ခြင်းကို ရုပ်သိမ်းတဲ့အခါမှာ လည်းကောင်း

(၂) ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ဖို့ သီးခြား သတ်မှတ် တာဝန်ပေးတဲ့ အလုပ်ကိစ္စ အပြီးအပြတ် ဆောင်ရွက် ပြီးဆုံးသွားသော အခါ၌လည်းကောင်း

(၃) အချိန်ကာလ တစ်ခုအတွင်း ဆောင်ရွက်ရန် သတ်မှတ် လွှဲအပ်ပါက ထိုသတ်မှတ်အချိန်ကာလ ကုန်ဆုံးသွားသောအခါ၌ လည်းကောင်း

(၄) ကိုယ်စားလှယ်က လွှဲစာပါတာဝန်များကို မလုပ်နိုင်ကြောင်း ငြင်းပယ်သောအခါ လွှဲအပ်ထားသော လုပ်ငန်းကို စွန့်လွှတ်သွားသောအခါ၌ လည်းကောင်း

(၅) လုပ်ငန်းတစ်ခုအပေါ် မူတည်၍ (ဥပမာ-အသင်း/company/လုပ်ငန်း တစ်ခုခု၏) ကိုယ်စားလှယ် ခန့်ထားပါက ယင်းလုပ်ငန်း/အသင်း/company သည် ပျက်စီး၊ ဖျက်သိမ်းသွားသောအခါ၌ လည်းကောင်း

(၆) လွှဲအပ်သူ (principal) သေးဆုံး၊ ရူးသွပ်သွားသောအခါနှင့် insolvency လူမွဲအဖြစ် တရားရုံး၏ စီရင်ဆုံးဖြတ်ခြင်း ခံရသောအခါ၌ လည်းကောင်း

(၇) လွှဲအပ်ခံရသူ ကိုယ်စားလှယ် သေးဆုံး ကွယ်လွန်သွားသည့်အခါ၌ လည်းကောင်းကိုယ်စားလှယ်လွှဲစာ သက်တမ်း ကုန်ဆုံးသွားပြီး ဖြစ်တယ်လို့ မှတ်ယူရပါမယ်။

 

Credit : U Zaw Min (Natmauk)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service